အယ်လ်ကလက်စီကိုပွဲမတိုင်ခင် ဇီဒန်းရဲ့နေရာမှာအစားထိုးဖို့ ရီးရဲလ် ကြိုတင်ပြင်ဆင်ထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိအချိန်မှာ ရလဒ်တွေဆိုးရွားနေတဲ့ ရီးရဲလ်အသင်းဟာ စနေမှာကစားရမယ့် ဘာစီလိုနာနဲ့အယ်လ်ကလက်စီကိုပွဲမတိုင်ခင် နည်းပြဇီဒန်းရဲ့နေရာမှာ အစားထိုးဖို့ နည်းပြ နှစ်ဦးကို လျာထားတယ်လို့ သိရပြီး နောက်ကစားရမယ့် ၂ပွဲမှာသာ ရလဒ်တွေဆိုးရွားခဲ့ရင် ဇီဒန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က တန်းတက် ကာဒစ်ဇ်ကို အိမ်ကွင်းမှာပဲ ဝ-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာပဲ ၂-၃ ဂိုးနဲ့အရေးနိမ့်ခဲ့ရာမှာ အဆိုးရွားဆုံးအဖြစ် ပထမပိုင်းအပြီးမှာ ဝ-၃ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာပါ။

ဇီဒန်းဟာ အဲဒီပွဲအပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ တစ်နာရီ နောက်ကျမှ ရောက်လာခဲ့ပြီး ဖိအားတွေနဲ့အပြင်းထန်ဆုံးရင်ဆိုင်နေရတဲ့ပုံစံပေါ်နေပါတယ်။ ဘာစီလိုနာကလည်း ရီးရဲလ်လိုပဲ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂီတာဖေးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပေမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာတေ့ ဖာရန်ဗားရို့စ်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့ရာ အရေးကြီးပွဲမတိုင်ခင် ယုံကြည်မှုပြန်လည်ရရှိခဲ့ပါတယ်။

စပိန်သတင်းစာ အေအက်စ်ရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ဟာ ဇီဒန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ ရီးရဲလ်ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်တို့အနက် တစ်ဦးဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်ယူ-၁၉ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ရာအူးလ်ဟာ ရီးရဲလ်ကစားသမားအဖြစ် ၁၆ နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဖလား ၃ကြိမ်နဲ့ လာလီဂါဖလား ၆ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။

သူဟာ အရန်အသင်းနဲ့ ယူ-၁၉ အသင်းတွေကို ပူးတွဲကိုင်တွယ်နေပြီ ပိုချက်တီနိုကလည်း အရင်တုန်းက ရီးရဲလ်နည်းပြအဖြစ် သတင်းတွေထွက်ပေါ်ခဲ့ဖူးသလို ရီးရဲလ်အတွက် အဆင်သင့်ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။ သူဟာ ၂၀၁၉ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စပါးအသင်းနဲ့အတူ တက်ရောက်နိုင်ခဲ့ပေမယ့် နောက်ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရလို့ နိုဝင်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

စပါးအသင်းဟာ သူ့နေရာမှာ လက်ရှိနည်းပြဖြစ်တဲ့ ရီးရဲလ်နည်းပြဟောင်း မော်ရင်ညိုကို အစားထိုးခန့်အပ်ခဲ့ပြီး ပိုချက်တီနိုက အဲဒီကတည်းက ကလပ်လက်မဲ့ဖြစ်နေပေမယ့် ယူနိုက်တက်နည်းပြအဖြစ် လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အယ္လ္ကလက္စီကုိပြဲမတုိင္ခင္ ဇီဒန္းရဲ႕ေနရာမွာအစားထုိးဖို႔ ရီးရဲလ္ ႀကိဳတင္ျပင္ဆင္ထား

လက္ရွိအခ်ိန္မွာ ရလဒ္ေတြဆုိးရြားေနတဲ့ ရီးရဲလ္အသင္းဟာ စေနမွာကစားရမယ့္ ဘာစီလုိနာနဲ႔အယ္လ္ကလက္စီကုိပြဲမတုိင္ခင္ နည္းျပဇီဒန္းရဲ႕ေနရာမွာ အစားထိုးဖို႔ နည္းျပ ႏွစ္ဦးကို လ်ာထားတယ္လုိ႔ သိရၿပီး ေနာက္ကစားရမယ့္ ၂ပြဲမွာသာ ရလဒ္ေတြဆိုးရြားခဲ့ရင္ ဇီဒန္းကို ရာထူးကေန ထုတ္ပယ္ဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က တန္းတက္ ကာဒစ္ဇ္ကို အိမ္ကြင္းမွာပဲ ၀-၁ ဂုိးနဲ႔အေရးနိမ့္ခ့ဲရၿပီးေနာက္ ဗုဒၶဟူးညက ကစားခ့ဲတဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း ရွက္တာဒိုးနက္ကို အိမ္ကြင္းမွာပဲ ၂-၃ ဂိုးနဲ႔အေရးနိမ့္ခ့ဲရာမွာ အဆုိးရြားဆုံးအျဖစ္ ပထမပိုင္းအၿပီးမွာ ၀-၃ ဂိုးနဲ႔ အေရးနိမ့္ေနခဲ့တာပါ။

ဇီဒန္းဟာ အဲဒီပြဲအၿပီး ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲကို တက္ေရာက္ဖုိ႔ တစ္နာရီ ေနာက္က်မွ ေရာက္လာခဲ့ၿပီး ဖိအားေတြနဲ႔အျပင္းထန္ဆုံးရင္ဆုိင္ေနရတဲ့ပုံစံေပၚေနပါတယ္။ ဘာစီလုိနာကလည္း ရီးရဲလ္လုိပဲ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဂီတာေဖးကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲမွာေတ့ ဖာရန္ဗား႐ုိ႕စ္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့ရာ အေရးႀကီးပြဲမတိုင္ခင္ ယုံၾကည္မႈျပန္လည္ရရွိခဲ့ပါတယ္။

စပိန္သတင္းစာ ေအအက္စ္ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္အသင္းဥကၠ႒ ဖေလာ္ရင္တီႏိုပီရက္ဇ္ဟာ ဇီဒန္းရဲ႕ေနရာမွာ အစားထိုးဖုိ႔အတြက္ စပါးနည္းျပေဟာင္း ပုိခ်က္တီႏိုနဲ႔ ရီးရဲလ္ဂႏၳ၀င္တုိက္စစ္မွဴး ရာအူးလ္တုိ႔အနက္ တစ္ဦးဦးကို ပစ္မွတ္ထားေနတယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ရီးရဲလ္ယူ-၁၉ နည္းျပအျဖစ္ တာ၀န္ယူေနတဲ့ ရာအူးလ္ဟာ ရီးရဲလ္ကစားသမားအျဖစ္ ၁၆ ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္နဲ႔ လာလီဂါဖလား ၆ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။

သူဟာ အရန္အသင္းနဲ႔ ယူ-၁၉ အသင္းေတြကို ပူးတြဲကုိင္တြယ္ေနၿပီ ပိုခ်က္တီႏိုကလည္း အရင္တုန္းက ရီးရဲလ္နည္းျပအျဖစ္ သတင္းေတြထြက္ေပၚခဲ့ဖူးသလုိ ရီးရဲလ္အတြက္ အဆင္သင့္ေရြးခ်ယ္မႈျဖစ္လာႏုိင္ပါတယ္။ သူဟာ ၂၀၁၉ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို စပါးအသင္းနဲ႔အတူ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ေနာက္ရာသီအစမွာ ရလဒ္ဆုိးေတြနဲ႔ရင္ဆုိင္ခဲ့ရလုိ႔ ႏို၀င္ဘာလမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။

စပါးအသင္းဟာ သူ႕ေနရာမွာ လက္ရွိနည္းျပျဖစ္တဲ့ ရီးရဲလ္နည္းျပေဟာင္း ေမာ္ရင္ညိဳကို အစားထိုးခန္႔အပ္ခဲ့ၿပီး ပိုခ်က္တီႏိုက အဲဒီကတည္းက ကလပ္လက္မဲ့ျဖစ္ေနေပမယ့္ ယူႏုိက္တက္နည္းျပအျဖစ္ လက္ရွိနည္းျပ ဆုိးလ္ရွားရဲ႕ေနရာမွာ အစားထုိးဖို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။