ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၆)အပေါ် ဘာဘာတော့ဗ်ရဲ့ခန့်မှန်းချက်
ဝက်စ်ဟမ်း – မန်စီးတီး
ဒီပွဲမှာ တကယ်လို့ ဝက်စ်ဟမ်း ၃ဂိုးအသွင်းခံရရင် သူတို့ ၃ဂိုးထပ်သွင်းနိုင်မယ်မထင်ဘူး။ ဒီပွဲမှာ စီးတီးအနိုင်ရဖို့များပါတယ်။ သူတို့ ဒီအချိန်မှာ ဇယားထိပ်ပိုင်းတက်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ အထူးသဖြင့် လီဗာပူးမှာ ဗန်ဒိုက် နာသွားတဲ့ အခုချိန်မှာပေါ့။ (ခန့်မှန်းချက် ၁-၃)
ယူနိုက်တက် – ချဲလ်ဆီး
ဒီပွဲက တကယ့်ပွဲကြီးပွဲကောင်းဖြစ်ပြီး နှစ်သင်းစလုံးအတွက် ပြောစရာများတဲ့ရက်သတ္တပတ်ဖြစ်ပေမယ့် မတူတော့မတူပါဘူး။ ချဲလ်ဆီးက ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ စပါးလိုပဲဖြစ်ခဲ့ရပြီး ပြဿနာလည်း နည်းနည်းရှိနေပါတယ်။ ဒါပေမဲ့ သရေရလဒ်က အဖြစ်နိုင်ဆုံးပါပဲ။ (ခန့်မှန်းချက် ၁-၁)
လီဗာပူး – ရှက်ဖီးယူနိုက်တက်
လီဗာပူးအနေနဲ့ ဗန်ဒိုက်မပါနိုင်တာတေင်မှ ဒီပွဲမှာအနိုင်ရမယ်လို့ထင်ပါတယ်။ ရှက်ဖီးက ဒီရာသီမှာ ရုန်းကန်နေရပြီး လီဗာပူးကိုလည်း ဒုက္ခပေးနိုင်မယ်မထင်ဘူး။ (ခန့်မှန်းချက် ၃-ဝ)
အာဆင်နယ် – လက်စတာ
လက်စတာက ခြေစွမ်းတစ်သမတ်တည်းရဖို့ ရုန်းကန်နေရပြီး စီးတီးကိုအနိုင်ရခဲ့ပေမယ့် အဲဒီပွဲပြီးကတည်းက ခြေစွမ်းက တက်လိုက်၊ ကျလိုက်ဖြစ်နေပါတယ်။ အာဆင်နယ်က နည်းပြအာတီတာလက်ထက် ကစားပုံကောင်းနေပြီး ဒီပွဲမှာလည်း အနိုင်ရဖို့များပါတယ်။ (ခန့်မှန်းချက် ၂-ဝ)
ကျန်ပွဲစဉ်များခန့်မှန်းချက်
ဖူလ်ဟမ် ၁-၀ ပဲလေ့စ်
ဆောက်သမ်တန် ဝ-၂ အဲဗာတန်
ဝုဗ် ၁-၀ နယူးကာဆယ်
ဘရိုက်တန် ၁-၀ ဝက်စ်ဘရွန်း
ဘန်လေ ၁-၃ စပါး
Zawgyi
ဝက်စ်ဟမ်း – မန်စီးတီး
ယူနိုက်တက် – ချဲလ်ဆီး
အာဆင်နယ် – လက်စတာ
ဖူလ်ဟမ် ၁-၀ ပဲလေ့စ်
ဝုဗ် ၁-၀ နယူးကာဆယ်
ဘန်လေ ၁-၃ စပါး