မက်ဂွိုင်းယားအတွက် ဝါနာက တကယ့်အိပ်မက်ဆိုးဖြစ်လာလိမ့်မယ်လို့ ဂလင်းဂျွန်ဆင် ဟောကိန်းထုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွိုင်းယားအနေနဲ့ ယနေ့ညကစားရမယ့် ချဲလ်ဆီးနဲ့ပွဲကြီးပွဲကောင်းမှာ ပြိုင်ဘက်တိုက်စစ်မှူး တီမိုဝါနာကို လိုက်ထိန်းနိုင်ဖို့ တကယ့်ကိုအခက်တွေ့ရလိမ့်မယ်လို့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ပြောပါတယ်။ ချဲလ်ဆီးဟာ ယနေ့ညမှာ ယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ယူနိုက်တက်လည်း ကြားရက်အတွင်း ပဲရစ်မှာ ပီအက်စ်ဂျီကိုအနိုင်ရခဲ့ပြီးနောက် ယုံကြည်မှုမြင့်မားနေပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ကြွက်သားဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ခဲ့ရပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ချဲလ်ဆီးကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆောက်သမ်တန်နဲ့ ၃-၃ ဂိုးသရေကျခဲ့ပြီးနောက် ရလဒ်ကောင်းပြန်ယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက လိုက်ပ်ဇစ်ကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာမနီလက်ရွေးစင် ဝါနာဟာ အဲဒီပွဲမှာ ၂ဂိုးသွင်းယူကာ ပထမဆုံးပရီးမီးယားလိဂ်ဂိုးတွေ ရယူနိုင်ခဲ့ပြီး ဝါနာအနေနဲ့ ယခုရာသီမှာ ကွင်းတွင်းကွင်းပြင် ပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ မက်ဂွိုင်းယား ပါဝင်လာဖို့ ဆုတောင်းနေလိမ့်မယ်လို့ ဂျွန်ဆင်က ပြောပါတယ်။

”တကယ်လို့ ကျွန်တော်သာ တီမိုဝါနာဆိုရင် ဒီအတိုင်းဆုတောင်းဖြစ်မှာပါ။

ကျေးဇူးပြုပြီး မက်ဂွိုင်းယားကို ထည့်ကစးာပေးပါဆိုပြီးတော့လေ။

ဝါနာက မက်ဂွိုင်းယားအတွက် တကယ့်အိပ်မက်ဆိုးဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ သူက ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းရဲ့အရေးကြီးတဲ့ကစားသမားဆိုတာကိုလည်း သဘောတူပါတယ်။

ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့စွမ်းဆောင်ရည်အရ ကျွန်တော်သာ တွမ်ဇီဘီဆိုရင် ငါဘာလို့ကစားခွင့်မရတာလဲလို့ တွေးနေမိမှာပါ”လို့ ဂျွန်ဆင်က ပြောပါတယ်။

တွမ်ဇီဘီဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ၁၀လအတွင်း ပထမဆုံးပွဲအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အတွေ့အကြုံရင့်နောက်ခံလူတစ်ဦးလိုကစားသွားနိုင်လို့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က အသက် ၂၂ နှစ်အရွယ်ရှိ တွမ်ဇီဘီကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ နည်းပြဆိုးလ်ရှားကို တိုက်တွန်းထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဂြိဳင္းယားအတြက္ ဝါနာက တကယ့္အိပ္မက္ဆိုးျဖစ္လာလိမ့္မယ္လို႔ ဂလင္းဂြၽန္ဆင္ ေဟာကိန္းထုတ္

ယူႏိုက္တက္အသင္းေနာက္ခံလူ မက္ဂြိဳင္းယားအေနနဲ႔ ယေန႔ညကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲႀကီးပြဲေကာင္းမွာ ၿပိဳင္ဘက္တိုက္စစ္မႉး တီမိုဝါနာကို လိုက္ထိန္းႏိုင္ဖို႔ တကယ့္ကိုအခက္ေတြ႕ရလိမ့္မယ္လို႔ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂလင္းဂြၽန္ဆင္က ေျပာပါတယ္။

ခ်ဲလ္ဆီးဟာ ယေန႔ညမွာ ယူႏိုက္တက္နဲ႔အေဝးကြင္းပြဲကစားရမွာျဖစ္ၿပီး ယူႏိုက္တက္လည္း ၾကားရက္အတြင္း ပဲရစ္မွာ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့ၿပီးေနာက္ ယုံၾကည္မႈျမင့္မားေနပါတယ္။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ ႂကြက္သားဒဏ္ရာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ ျပန္လည္ပါဝင္လာမွာျဖစ္ၿပီး ခ်ဲလ္ဆီးကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္က ေဆာက္သမ္တန္နဲ႔ ၃-၃ ဂိုးသေရက်ခဲ့ၿပီးေနာက္ ရလဒ္ေကာင္းျပန္ယူႏိုင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက လိုက္ပ္ဇစ္ကေန ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဂ်ာမနီလက္ေ႐ြးစင္ ဝါနာဟာ အဲဒီပြဲမွာ ၂ဂိုးသြင္းယူကာ ပထမဆုံးပရီးမီးယားလိဂ္ဂိုးေတြ ရယူႏိုင္ခဲ့ၿပီး ဝါနာအေနနဲ႔ ယခုရာသီမွာ ကြင္းတြင္းကြင္းျပင္ ျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ မက္ဂြိဳင္းယား ပါဝင္လာဖို႔ ဆုေတာင္းေနလိမ့္မယ္လို႔ ဂြၽန္ဆင္က ေျပာပါတယ္။

”တကယ္လို႔ ကြၽန္ေတာ္သာ တီမိုဝါနာဆိုရင္ ဒီအတိုင္းဆုေတာင္းျဖစ္မွာပါ။ ေက်းဇူးျပဳၿပီး မက္ဂြိဳင္းယားကို ထည့္ကစးာေပးပါဆိုၿပီးေတာ့ေလ။

ဝါနာက မက္ဂြိဳင္းယားအတြက္ တကယ့္အိပ္မက္ဆိုးျဖစ္လာပါလိမ့္မယ္။ ဒါေပမဲ့ သူက ယူႏိုက္တက္အသင္းေခါင္းေဆာင္ျဖစ္ၿပီး အသင္းရဲ႕အေရးႀကီးတဲ့ကစားသမားဆိုတာကိုလည္း သေဘာတူပါတယ္။

ဒါေပမဲ့ ေနာက္ဆုံးကစားခဲ့တဲ့စြမ္းေဆာင္ရည္အရ ကြၽန္ေတာ္သာ တြမ္ဇီဘီဆိုရင္ ငါဘာလို႔ကစားခြင့္မရတာလဲလို႔ ေတြးေနမိမွာပါ”လို႔ ဂြၽန္ဆင္က ေျပာပါတယ္။

တြမ္ဇီဘီဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ၁၀လအတြင္း ပထမဆုံးပြဲအျဖစ္ ပါဝင္ခြင့္ရခဲ့ေပမယ့္ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အေတြ႕အႀကဳံရင့္ေနာက္ခံလူတစ္ဦးလိုကစားသြားႏိုင္လို႔ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ ရီယိုဖာဒီနန္နဲ႔ အိုဝင္ဟားဂေရ႕ဗ္တို႔က အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ တြမ္ဇီဘီကို ပုံမွန္ပြဲထြက္ခြင့္ေပးဖို႔ နည္းျပဆိုးလ္ရွားကို တိုက္တြန္းထားပါတယ္။