ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲအပြီး ပြောစရာအချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ စနေနေ့ညပွဲစဉ်ဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပွဲတစ်ပွဲ မဖြစ်ခဲ့ပါဘူး။ ပွဲကတော့ဂိုးမရှိသရေရလဒ်ပဲထွက်ပေါ်လာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ချယ်လ်ဆီးတို့ဘောလုံးအသာစီးနဲ့ကစားခဲ့ကြပေမယ့် ထိရောက်တဲ့ဂိုးပေါက်ကန်ချက်တွေတော့မရှိခဲ့ပါဘူး။ ယူနိုက်တက်ကတော့ဂိုးပေါက်ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီး ဂိုးသမား မန်ဒီက လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့အပြန်အလှန်တိုက်စစ်ဆင်ဖို့ကြိုးစားသွားခဲ့ပေမဲ့လည်း နှစ်သင်းစလုံးက အမှားကင်းအောင်ကစားနေတဲ့အတွက်ဂိုးရဖို့အတွက်ခက်ခဲနေတာပါ။

၅၈မိနစ်မှာတော့ လူပိုလိုဖြစ်နေတဲ့ဂျိမ်းနဲ့ မာတာကိုထုတ်ပြီး ပေါ့ဘာ နဲ့ ကာဗာနီတို့ကိုထည့်ကာ တိုက်စစ်ပိုင်းကို ဖိအားပေးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကာဗာနီဟာ ကွင်းထဲ ဝင်လာ လာချင်းမှာပဲ ဂိုးရဖို့ကြိုးစားခဲ့ပါသေးတယ်။

လမ်းပတ်ကလည်း ၇၁မိနစ်မှာ တီမိုဝါနာနဲ့ ဟာဗဇ် တို့ကို ထုတ်ပြီး အေဗရာဟမ်နဲ့ မေဆင်မောင့်တို့ကို ထည့်သွင်းခဲ့ပြီး ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

မိနစ် ၉၀အကျော်နာကျင်အချိန်ပိုအစမှာ ရက်ဖိုဒ်ရဲ့ မထင်မှတ်ထားတဲ့ပုံစံနဲ့ ချယ်လ်ဆီး နောက်ခံလူတွေကြားကနေ ထောင့်ဖြတ် ကန်သွင်းခဲ့ပေမယ့် မန်ဒီက အံသြသင့်ဖွယ်ကောင်းလောက်အောင်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာချယ်ဆီးကပထမပိုင်းမှာကစားပုံအတော်ကောင်းပေမယ့် ဒုတိယပိုင်းမှာတော့ဘောလုံးရဖို့တောင် အခွင့်အရေးမသာခဲ့ပါဘူး။ အိမ်ရှင်ယူနိုက်တက်ကသာဒုတိယပိုင်းမှာပွဲကိုပိုမိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပွဲစဉ်တစ်ခုလုံးယူနိုက်တက်အသင်းက ဂိုးပေါက်ကန်သွင်းခွင့် ၁၄ကြိမ်ရရှိခဲ့ပြီး ၄ကြိမ်က ဂိုးရဖို့အတော်ကိုနီးစပ်ခဲ့ပါတယ်။ ဧည့်သည်ချယ်ဆီးအသင်း ကတော့၆ကြိမ်ကန်သွင်းပြီး၁ကြိမ်သာဂိုးတည့်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ တော့ ယူနိုက်တက်က၅၁% ရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကယူနိုက်တက်၉ကြိမ် ချယ်ဆီး၆ကြမ်အသီးသီးရခဲ့ပါတယ်။

လူစားမဝင်ခင် ပရိတ်သတွေအကြိုက်တွေ့သွားတဲ့ ကာဗာနီရဲ့ သွေးပူလေ့ကျင်ခန့် စတိုင်လ်သစ်နဲ့မအို သေးကြောင်း ကွင်းထဲဝင်လာလာခြင်း မိနစ်မှာ ပြသွားတဲ့ ကာဗာနီ
၃၃ နှစ်အရွယ် သူ့ကိုခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့ရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့မတ်လကတည်းက ပွဲတွေနဲ့အဆက်ပြတ်နေခဲ့ပေမယ့် ယူနိုက်တက်ပွဲဦးထွက်အဖြစ် လူစားဝင်လာပြီးချင်း ပထမဆုံးထိချက်မှာပဲ ဂိုးရတော့မလိုဖြစ်ခဲ့ကာ ဖာနန်ဒက်စ်ဖြတ်ပို့ပေးတာကို အဆင်ပြေသလိုပိတ်လိုက်တာ ဂိုးတိုင်ဘေးနားက ကပ်ထွက်သွားတယ်။

ရက်ဖိုဒ်ကတော့ ရက်ဖို့ဒ်ပါပဲ

ပြီးခဲ့တဲ့ကြားရက် ချန်ပီယံလိဂ်မှာ နောက်ကျအနိုင်ဂိုးနဲ့ ရက်ရှိဖို့ဒ်ဟာ သူရဲကောင်းဖြစ်ခဲ့တယ်။ အခု အိုးလ်ထရက်ဖို့ဒ်က ချဲလ်ဆီးနဲ့ပွဲမှာလည်း ပွဲပြီးကာနီး သူ့ရဲ့ဝေ့ဝိုက်ကန်ချက် ကောင်းလွန်းခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားမန်ဒီ ပုတ်ထုတ်ကာကွယ်မှု ကောင်းလို့သာ သူ့အတွက် ပြီးပြည့်စုံတဲ့ရက်သတ္တပတ်မဖြစ်ခဲ့တာပါ။

ခေါင်းမာလွန်းတဲ့ဆိုးလ်ရှားနဲ့ အပယ်ခံ ကလေးလေး

သူ့အသင်းဟောင်းအေဂျက် ၁၃-၀ နဲ့အနိုင်ရခဲ့တဲ့နေ့မှာ ဗန်ဒီဘိခ်ကတော့ မန်ယူရဲ့ဂိုးမရှိသရေပွဲကို ထိုင်ကြည့်နေရလေရဲ့။ ယူနိုက်တက်မှာ အခုချိန်ထိ အားလုံးပေါင်း မိနစ် ၇၀ လောက်တောင်မကစားရသေးတဲ့သူ့ကို မကြည့်ရက်သူတွေက ဇန်နဝါရီမှာ အသင်းပြောင်းသင့်တယ်လို့ ပြောနေကြပါပြီ။

ဒီရာသီမှာ အစဉ်အလာအတိုင်း လန်ဒန်သားတွေကို မနိုင်သေးတဲ့ အိုးထရက်ဖိုဒ်နဲ့ ဆိုးလ်ရှား

ယူနိုက်တက်ရဲ့ရာသီအစအိမ်ကွင်းပွဲတွေက လန်ဒန်အသင်းတွေနဲ့ချည်းဖြစ်ပြီး ရှေ့နှစ်ပွဲမှာ ပဲလေ့စ်နဲ့စပါးတို့ကို ရှုံးနိမ့်ခဲ့ကာ အခုလည်း ချဲလ်ဆီးကိုမနိုင်ခဲ့ပြန်ဘူး။ လာမယ့်အပတ်ပရီးမီးယားလိဂ်မှာလည်း နောက်ထပ်လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ လည်း ဘယ်လိုရလဒ်တွေထွက်ပေါ်စေနိုင်မှာလဲ။

ယူနိုက်တက်နဲ့ အတွေ့မှာ ပျောက်ဆုံးခဲ့ရတဲ့ ချဲလ်ဆီ တိုက်စစ်

မကြာခဏဆိုသလို ဝါနာနဲ့ ပူလီဆစ်တို့ဟာ ယူနိုက်တက်ခံစစ်ကို တစ်ယောက်တည်းထိုးဖောက်ရသလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဂိုးပေါက်တည့်သာ တစ်ကြိမ်သာရှိခဲ့သလို ယူနိုက်တက် ဂိုးသမားဒီဂီယာဟာလည်း တစ်ပွဲလုံး သိပ်တောင် မဖမ်းလိုက်ရပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ








လူစားမဝင်ခင် ပရိတ်သတွေအကြိုက်တွေ့သွားတဲ့ ကာဗာနီရဲ့ သွေးပူလေ့ကျင်ခန့် စတိုင်လ်သစ်နဲ့မအို သေးကြောင်း ကွင်းထဲဝင်လာလာခြင်း မိနစ်မှာစကေး ပြသွားတဲ့ ကာဗာနီ







