VAR ဘယ်ရောက်သွားပြီလို့ လမ်းပတ် မေးခွန်းထုတ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့တားဆီးမှုအတွက် ပင်နယ်တီပေး၊ မပေးကို VAR အသုံးမပြုခဲ့ခြင်းအတွက် အံ့အားသင့်နေပြီး ချဲလ်ဆီးနောက်ခံလူအက်စ်ပီလီကျူတာကို မက်ဂွိုင်းယား ဥပဒေပကစားခဲ့တာလို့ အခိုင်အမာယုံကြည်နေပါတယ်။
”ကျွန်တော်ကတော့ ပင်နယ်တီပေးရမှာ အသိသာကြီးပဲလို့ထင်ပါတယ်။ အဲဒီအချိန်တုန်းက ကွင်းဘေးကနေ ကျွန်တော် မမြင်လိုက်သလို ကွင်းလယ်ဒိုင်အတွက်လည်း ဒီဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းမြင်ဖို့ ခက်နိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ VAR ကို သုံးဖို့ လုပ်ထားတာပါ။ ဒါပေမဲ့ ဒီပွဲမှာတော့ VAR က ပျောက်နေပါတယ်”
”ပြီးတော့ မပေးဘူးလု့ိ ဆုံးဖြတ်တာလည်း အရမ်းမြန်ပါတယ်။ အမှန်တကယ်ဆို အချိန်နည်းနည်းပိုယူပြီး ကွင်းလယ်ဒိုင်ကို ကွင်းထဲက မော်နီတာကြည့်ခွင့်ပေးသင့်တာပေါ့။ တကယ်လို့ သူသာ မော်နီတာ ပြန်ကြည့်မယ်ဆိုရင် ပင်နယ်တီပေးမှာသေချာပါတယ်။ ကျွန်တော့်ဘက်ကကြည့်ရင်တော့ အရမ်းကိုဇဝေဇဝါဖြစ်ရပါတယ်”
”ဒိုင်လူကြီးတွေဟာ ယခုရာသီအစမှာ ကွင်းထဲကမော်နီတာကို ကြည့်ပြီး ဆုံးဖြတ်လာပါတယ်။ ကွင်းထဲမှာရှိတဲ့တာဝန်ရှိသူက အမြဲတမ်း အရင်ဆုံးတာဝန်ယူသင့်ပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။ ဒါ့အပြင် လမ်းပတ်က အသင်းသားတွေအနေနဲ့ ကွင်းထဲမှာ ပင်နယ်တီပေးဖို့အတွက် ဒိုင်လူကြီးကို စောဒကတက်တောင်းဆိုစရာမလိုကြောင်းလည်း ပြောပါတယ်။
”ကျွန်တော်ကတော့ အဲဒီလိုတွေလုပ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ အက်စ်ပီလီကျူတာကတော့ ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်နောက်မှာ VAR ရှိနေချိန်မှာ ကစားသမားတွေဘက်က တောင်းဆိုဖို့မလိုဘူးလို့ထင်ပါတယ်။ ကွင်းလယ်ဒိုင်အနေနဲ့ သူ့အနေအထားကနေ ဖြစ်ရပ်တစ်ခုကို မြင်တွေ့ဖို့ ခက်နိုင်ပေမယ့် အဲဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ဖို့အတွက် အခွင့်အရေးရှိပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi