ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် ယူနိုက်တက်ဂန္ထဝင်ကြီးတွေ မေးခွန်းထုတ်ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ဘယ်နောက်ခံလူဟောင်း ပက်ထရစ်အီဗရာနဲ့ ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့က ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူခဲ့တဲ့အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ဝေဖန်လိုက်ပြီး နယ်သာလန်လက်ရွေးစင်လည်း ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

ဗန်ဒီဘိခ်ဟာ စနေညက ချဲလ်ဆီးနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့ဘဲ အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်လာပြီးချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအစြဖ် ပါဝင်ခွင့်ရဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ကွင်းလယ်ပိုင်းအတွက် ရွေးချယ်စရာအများအပြားရှိနေပြီး လက်ရှိအချိန်မှာ မက်တိုမီနေး၊ ဖရက်ဒ်နဲ့ ပေါ့ဂ်ဘာတို့ကို ဦးစားပေးရွေးချယ်နေပါတယ်။


”ဗန်ဒီဘိခ်အကြောင်း ပြောမယ်ဆိုရင် သူ့ကို ဆန့်ကျင်ပြီးပြောတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို ကျွန်တော်တို့ ဘာဖြစ်လို့ ခေါ်ခဲ့တာလဲ။ သူက ပွဲကြည့်စင်ကနေပဲ ပွဲတိုင်းကို ထိုင်ကြည့်နေရပါတယ်။ ကျွန်တော်တို့ သူ့ကို မလိုအပ်ပါဘူး။ ဒါကအမှန်တရားပါ”လို့ အီဗရာက ပြောပါတယ်။


အသက် ၂၃ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၇ပွဲကစားပေးထားပေမယ့် ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၅၉ မိနစ်ပဲကစားခွင့်ရထားသလို ချန်ပီယံလိဂ်မှာလည်း စုစုပေါင်း ၂ မိနစ်ပဲ ကစားခွင့်ရခဲ့ပါတယ်။ နဗီးလ်က ကစားသမားကိုယ်တိုင်ကလည်း လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေလိမ့်မယ်လို့ ဝန်ခံပါတယ်။


”ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီးချိန်ကတည်းက သူ့ကို ပွဲထွက်ခွင့်ပေးတာက နည်းနေပါတယ်။ ပွဲတိုင်းမှာ သူဟာ ဆိုးလ်ရှားရဲ့ဦးစားပေးစာရင်းထဲ မပါဝင်တဲ့ပုံစံပါ”လို့ နဗီးလ်က ပြောပါတယ်။ ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ်ရဲ့အနေအထားက မကြာခင်အကောင်းဘက်ပြန်ရောက်လာတော့မှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဘယ်သူ့ကို ချန်လှပ်ရမလဲဆိုတာ ဆုံးဖြတ်ရဖို့ အမြဲတမ်းခက်ခဲတယ်လို့ ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဗန္ဒီဘိခ္ကို ေခၚယူခဲ့တဲ့ အသင္းရဲ႕ဆုံးျဖတ္ခ်က္အေပၚ ယူႏိုက္တက္ဂႏၳ၀င္ႀကီးေတြ ေမးခြန္းထုတ္ေ၀ဖန္
ယူႏုိက္တက္ဂႏၳ၀င္ႀကီးေတြျဖစ္တဲ့ ဘယ္ေနာက္ခံလူေဟာင္း ပက္ထရစ္အီဗရာနဲ႔ ညာေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္တို႔က ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူခဲ့တဲ့အသင္းရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေမးခြန္းထုတ္ေ၀ဖန္လုိက္ၿပီး နယ္သာလန္လက္ေရြးစင္လည္း ယူႏုိက္တက္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရပါတယ္။
ဗန္ဒီဘိခ္ဟာ စေနညက ခ်ဲလ္ဆီးနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပဲြမွာ ပါ၀င္ကစားခြင့္မရခဲ့ဘဲ ေအဂ်က္စ္ကေန ယူႏုိက္တက္ကို ေရာက္လာၿပီးခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ ဦးစားေပးကစားသမားအျစဖ္ ပါ၀င္ခြင့္ရဖို႔ ႀကိဳးစားေနရဆဲျဖစ္ပါတယ္။ နည္းျပဆုိးလ္ရွားဟာ ကြင္းလယ္ပိုင္းအတြက္ ေရြးခ်ယ္စရာအမ်ားအျပားရွိေနၿပီး လက္ရွိအခ်ိန္မွာ မက္တိုမီေနး၊ ဖရက္ဒ္နဲ႔ ေပါ့ဂ္ဘာတုိ႔ကို ဦးစားေပးေရြးခ်ယ္ေနပါတယ္။
”ဗန္ဒီဘိခ္အေၾကာင္း ေျပာမယ္ဆုိရင္ သူ႕ကို ဆန္႔က်င္ၿပီးေျပာတာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ သူ႕ကို ကၽြန္ေတာ္တုိ႔ ဘာျဖစ္လုိ႔ ေခၚခဲ့တာလဲ။ သူက ပြဲၾကည့္စင္ကေနပဲ ပဲြတုိင္းကို ထိုင္ၾကည့္ေနရပါတယ္။ ကၽြန္ေတာ္တုိ႔ သူ႕ကို မလုိအပ္ပါဘူး။ ဒါကအမွန္တရားပါ”လုိ႔ အီဗရာက ေျပာပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိ ဗန္ဒီဘိခ္ဟာ ယူႏုိက္တက္အတြက္ စုစုေပါင္း ၇ပြဲကစားေပးထားေပမယ့္ ပရီးမီးယားလိဂ္မွာ စုစုေပါင္း ၅၉ မိနစ္ပဲကစားခြင့္ရထားသလုိ ခ်န္ပီယံလိဂ္မွာလည္း စုစုေပါင္း ၂ မိနစ္ပဲ ကစားခြင့္ရခဲ့ပါတယ္။ နဗီးလ္က ကစားသမားကိုယ္တိုင္ကလည္း လက္ရွိအေျခအေနအေပၚ စိတ္ပ်က္ေနလိမ့္မယ္လုိ႔ ၀န္ခံပါတယ္။
”ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့ၿပီးခ်ိန္ကတည္းက သူ႕ကို ပြဲထြက္ခြင့္ေပးတာက နည္းေနပါတယ္။ ပြဲတုိင္းမွာ သူဟာ ဆုိးလ္ရွားရဲ႕ဦးစားေပးစာရင္းထဲ မပါ၀င္တဲ့ပုံစံပါ”လုိ႔ နဗီးလ္က ေျပာပါတယ္။ ဆုိးလ္ရွားကေတာ့ ဗန္ဒီဘိခ္ရဲ႕အေနအထားက မၾကာခင္အေကာင္းဘက္ျပန္ေရာက္လာေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး ဘယ္သူ႕ကို ခ်န္လွပ္ရမလဲဆုိတာ ဆုံးျဖတ္ရဖို႔ အၿမဲတမ္းခက္ခဲတယ္လုိ႔ ဆုိပါတယ္။