ဝိန်းရွန်းနီဟာမန်ယူကစားသမားများမှာလက်ခံနိုင်စရာမရှိအောင်ပျင်းရိကြောင်း စွပ်စွဲကာအပြင်းအထန်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ မန်ယူဂန္ထဝင်တိုက်စစ်မှူးက မန်ယူကစားသမားများဟာလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း နာကျင်ဟန်မပြသကြတဲ့အပြင်ကွင်းအတွင်းတာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝမလုပ်ခဲ့ကြကြောင်းဆိုသွားပါတယ်။ ဒါဘီကောင်တီနည်းပြက “ယူနိုက်တက်ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုကြည့်ပြီးမေးခွန်းထုတ်သင့်ပါတယ်။ဒီကစားသမားတွေက သူတို့အလုပ်အတွက်ငွေတွေအများကြီးရနေတာဆိုတော့နည်းပြအဖြစ် အားလုံးစုစုစည်းစည်းဖြစ်အောင်လုပ်ဖို့လွယ်ပါတယ်။ဒါပေမယ့်သူတို့ဟာ လုံလောက်တဲ့ကောင်းမွန်မှုမရှိဘူးလို့ထင်ပါတယ်။ဒီလိုကလပ်မှာတောင်းဆိုမှု မြင့်သလိုဖိအားလည်းမြင့်မားပါတယ်။ကစားသမားတော်တော်များများ အောက်ဆင်းပြီးခံစစ်ကူတာမလုပ်ကြပါဘူး။ကလပ်အတွက်အစွမ်းကုန် ကြိုးစားအားထုတ်ခြင်းမရှိပါဘူး။ဒါကတော့လုံးဝလက်မခံနိုင်စရာပါ။ ဒီကစားသမားတွေအနေနဲ့ တာဝန်ယူမှုကြီးမားပါတယ်။သူတို့ကကမ္ဘာ့အဆင့် နိုင်ငံတကာကစားသမားတွေပါ။ရှုံးပွဲကြုံတဲ့အခါကစားသမားတွေအနေနဲ့ နာကျင်ရမယ်။ခံစားတတ်ရပါမယ်”လို့ပြောကြားသွားပါတယ်။ မန်ယူဟာစနေနေ့မှာစပါးစ်အသင်းကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။ ဆိုးလ်ရှားဟာလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပေမယ့်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။ ဒါပေမယ့်သူဟာစပါးစ်နှင့်ပွဲမှာရှုံးနိမ့်မယ်ဆိုရင်ရာထူးကထုတ်ပယ်ခြင်းခံလာရနိုင်ပါတယ်။ ဒါ့အပြင်မန်ယူအတွက်၂၅၃ဂိုးသွင်းခဲ့တဲ့ဝိန်းရွန်းနီကဘုတ်အဖွဲ့ကနည်းပြကို ချက်ချင်းထုတ်ပယ်ပါကလုပ်ဆောင်ရန်အတွက်အစီအစဉ် လုပ်ဆောင်ထားရမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ […]