မာဖီးယားခေါင်းဆောင်များ ယူအီးအက်ဖ်အေထိပ်တန်းဒိုင်လူကြီးများကို လာဘ်ထိုးကာ လုပ်ပွဲကစားရန်ကြိုးပမ်းနေ
December 31, 2021 author ps 0
တူချယ်ကြောင့် မပျော်ရွှင်ဖြစ်နေရတဲ့ လူကာကူ
December 31, 2021 author ps 0
ရိုမဲလူလူကာကူဟာချဲလ်ဆီးသို့ရောက်ရှိပြီးလေးလအကြာတွင်ပင် ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကြောင့်မပျော်မရွှင်ဖြစ်နေကြောင်း ပြောကြားလာပါတယ်။ ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာဒဏ်ရာပြဿနာများစွာကြုံနေမှု၊ ပရီးမီးယားလိဂ်ဖလားအတွက်မျှော်လင့်ချက်နည်းနေမှုစတဲ့ပြဿနာမျာ းကြုံနေချိန်တွင်လူကာကူရဲ့ပြောဆိုမှုကြောင့်နောက်ထပ်ခေါင်းကိုက်စရာတစ်ခု ကြုံလာခဲ့ပြီဖြစ်ပါတယ်။ Sky Sport Italy နှင့်အင်တာဗျူးတွင်လူကာကူက “ကြံ့ခိုင်မှုပိုင်းအားလုံး အဆင်ပြေပါတယ်။ဒါပေမဲ့လက်ရှိချဲလ်ဆီးမှာအခြေအနေကြောင့် မပျော်ပါဘူး။တူချယ်ကအခြားစနစ်နဲ့ကစားဖို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်လက်မလျှော့ပါဘူး။ပရော်ဖက်ရှင်နယ်ပီသရပါမယ်။ ဒီအခြေအနေကြောင့်မပျော်ရွှင်ဘူးဆိုပေမယ့်ပရော်ဖက်ရှင်နယ် ပီသရပါမယ်။လက်မလျှော့ပါဘူး”လို့ပြောကြားသွားပါတယ်။ အထက်ပါအင်တာဗျူးမှာလွန်ခဲ့တဲ့သုံးပတ်တုန်းကပြုလုပ်ထားတဲ့ အင်တာ‌ဗျူးဖြစ်ပါတယ်။ဒါ့အပြင်ယင်းနောက်ပိုင်းတွင်လူကာကူဟာ ပရီးမီးယားလိဂ်မှာ၂ဂိုးသွင်းယူထားပါတယ်။ဒါကိုကြည့်ရင် အသက်၂၈နှစ်ရှိတိုက်စစ်မှူးဟာပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းက တူချယ်လက်အောက်ရှိသူ့အခြေအနေအပေါ် စိုးရိမ်နေတာ သိသာနိုင်ပါတယ်။ အဆိုပါအင်တာဗျူးတွင်ပင်လူကာကူကတစ်နေ့တွင်အင်တာမီလန်သို့ […]
လူဆိုးလေးယောက် မောင်တစ်ယောက်…
December 31, 2021 author ps 0
အာအိုကန်စီလိုဟာနေအိမ်တွင်မိသားစုကိုရန်မူရန်ကြိုးပမ်းတဲ့ လူဆိုးလေးဦးကို ခုခံကာကွယ်မှုပြုလုပ်ခဲ့ရပြီးမျက်နှာတွင်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်၂၇နှစ်ရှိမန်စီးတီးစတားဟာမျက်ခုံးအပေါ်နားတွင်ကွဲနေတဲ့ ဒဏ်ရာကို ပြသပြီးသူ့ဖြစ်ရပ်ကို အင်စတာဂရမ်ကနေဖွင့်ချလာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာရဲတပ်ဖွဲ့ဝင်များဟာကန်စီလိုရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ကန်စီလိုက၎င်းမှာချစ်သူဒါနီလာမာချာဒိုနှင့်၂နှစ်အရွယ်သမီးဖြစ်သူအလီစီယာ တို့ကိုကာကွယ်တဲ့အနေဖြင့်လူဆိုးများကိုခုခံခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။ လူဆိုးများဟာကန်စီလိုထံမှလက်ဝတ်ရတနာများရယူကာထွက်ပြေးသွားခဲ့ ကြပါတယ်။ ကန်စီလိုက “ကံဆိုးစွာဘဲဒီကနေ့မှာငကြောက်လေးကောင်ရဲ့နာကျင်အောင် လုပ်တာခံလိုက်ရတယ်။ဒီကောင်တွေကငါ့မိသားစုကိုနာကျင်အောင်လုပ်ဖို့ ကြိုးစားကြတယ်။ခုခံကာကွယ်မှုကိုပြသတဲ့အခါဒီလိုမျိုးဖြစ်တတ်ပါတယ်။ သူတို့ဟာကျွန်တော့်လက်ဝတ်ရတနာအားလုံးကိုရယူသွားခဲ့ကြတယ်။ မျက်နှာမှာဒီလိုဒဏ်ရာနဲ့ထားခဲ့တယ်။ဒီလူတွေအတွက် ဘယ်လောက်အရေး ပါသလဲဆိုတာမသိပါဘူး”လို့ဆိုသွားပါတယ်။ ဆက်လက်ပြီးကန်စီလိုက “ငါ့အတွက်အရေးအကြီးဆုံးကတော့မိသားစုပဲ။ ကံကောင်းစွာအားလုံးအဆင်ပြေတယ်။ဘဝမှာအတားအဆီးအခက်အခဲတွေ အများကြီးကြုံခဲ့ရပြီးပြီ။ဒါကနောက်ထပ်တစ်ကြိမ်ကြုံတာပါ။ဒါကိုကျော် […]
အာတီတာ ဒုတိယအကြိမ်မြောက် ကိုဗစ်ပေါ့စတစ်တွေ့ရှိ
December 30, 2021 author ps 0
ချဲလ်ဆီးဆီသို့ တကျော့ပြန်ရောက်လာတဲ့ ဂျွန်တယ်ရီ
December 30, 2021 author ps 0
ချဲလ်ဆီးကကလပ်သို့ ဂျွန်တယ်ရီတကျော့ပြန်ရောက်လာပြီဖြစ်ကြောင်း အတည်ပြုကြေညာလာပါတယ်။ ချဲလ်ဆီးဂန္ထဝင်ကစားသမားဂျွန်တယ်ရီဟာချဲလ်ဆီးတွင် အကယ်ဒမီနည်းပြအကြံပေးအဖြစ်တာဝန်ထမ်းဆောင်သွားမှာလည်းဖြစ်ပါတယ်။ ဂျွန်တယ်ရီဟာကစားသမားဘဝမှအနားယူပြီးနောက်ဗီလာတွင် လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာနွေရာသီတုန်းကဗီလာလက်ထောက်နည်းပြရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ သူဟာဗီလာလက်ထောက်နည်းပြရာထူးမှနုတ်ထွက်လိုက်ပြီးနောက် ကလပ်အသင်းမန်နေဂျာရာထူးရယူရန်ကြိုးပမ်းခဲ့သော်လည်း ရာထူးရရှိရေးအခွင့်အလမ်းနည်းပါးမှု၊အသင်းဟောင်းချဲလ်ဆီးက အခွင့်အရေးပေးလာမှုတို့နဲ့အတူချဲလ်ဆီးအကယ်ဒမီနည်းပြအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရန်လက်ခံလိုက်တာလည်းဖြစ်ပါတယ်။ ဂျွန်တယ်ရီဟာချဲလ်ဆီးအကယ်ဒမီနည်းပြအကြံပေးအဖြစ် ဇန်နဝါရီလ၁ရက်နေ့မှစတင်တာဝန်ထမ်းဆောင်သွားပါမယ်။
မက်ဂွိုင်းယားနဲ့ ဗာရန်းအတွဲကို ဆက်လက်သုံးစွဲသွားဦးမှာဖြစ်ကြောင်း ရန်းနစ်ခ် ပြောကြား
December 30, 2021 author ps 0
ရေးဖ်ရန်းနစ်ခ်ဟာနယူးကာဆယ်နှင့်ပွဲတွင်ခြေစွမ်းဆိုးရွားခဲ့ပေမယ့် ဗဟိုနောက်ခံလူများဖြစ်ကြတဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ရာဖေးလ်ဗာရန်းတို့ကို ဆက်လက်သုံးစွဲသွားဦးမည်ဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြကယူနိုက်တက်ကစားသမားများမှာ သူလိုချင်တဲ့အတိုင်းတိုးတက်ကောင်းမွန်ခြင်းမရှိကြောင်းဆိုသွားပါတယ်။ ယူနိုက်တက်ဟာနယူးကာဆယ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ခြေစွမ်းပိုင်းဆိုးရွားခဲ့ပြီးကာဗာနီရဲ့ချေပဂိုးကြောင့်သာသရေကျခဲ့တာဖြစ်ပါတယ်။ ဗာရန်းဟာအောက်တိုဘာလ၃၀ရက်နေ့တုန်းကတံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်ပြန်လည်ကောင်းမွန်လာခဲ့သူဖြစ်ပြီးမက်ဂွိုင်းယားနှင့်အတူ နယူးကာဆယ်တိုက်စစ်ကိုထိန်းချုပ်ရန်ရုန်းကန်ခဲ့ရပါတယ်။ ဗာရန်းမှာနယူးကာဆယ်ရဲ့ဦးဆောင်ဂိုးအတွက်အဓိကအမှားကို ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။တစ်ဖက်တွင်ဒိန်းမတ်နောက်ခံလူ လင်ဒီလော့ဖ်မှာကိုဗစ်ကူးစက်ခံခဲ့ရရာရန်းနစ်ခ်မှာဘန်လေနှင့်ပွဲတွင်လည်း မက်ဂွိုင်းယားနှင့်ဗာရန်းတို့ကိုပင်ဆက်လက်အသုံးပြုလာပါမယ်။ ရန်းနစ်ခ်က “ဗာရန်းပွဲမကစားလာခဲ့တာသုံးလရှိပါပြီ။ ပထမဂိုးအတွက်သူအမှားလုပ်ခဲ့တယ်။ဒါပေမဲ့သူ့အခြေအနေကောင်းပါတယ်။ သူအကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ဟယ်ရီလည်းအတူတူပါ။ သူတို့အဆင်ပြေပါတယ်။ကျွန်တော်တို့ရဲ့ပြဿနာကအပြောင်းအလဲကာလအများကြီး ခွင့်ပြုခဲ့တာပါ။ဗဟိုခံစစ်သမားတွေရဲ့ပြဿနာသာမဟုတ်ပါဘူး။ တစ်သင်းလုံးနဲ့ဆိုင်ပါတယ်။ရှေ့တန်းကနေစတာပါ။ ကစားကွက်မှာကျောနံပါတ်၁၀ရဲ့တာဝန်နဲ့ပတ်သက်ပြီးခင်ဗျားတို့ပြောလို့ရတယ်။ ဒါပေမဲ့တစ်ဦးချင်းလိုက်ပြောတာမဖြစ်သင့်ဘူးလို့ထင်တယ်။ အသင်းတစ်သင်းအနေနဲ့ကောင်းဖို့လိုအပ်တယ်”လို့ပြောကြားသွားပါတယ်။ နိုဝင်ဘာလ၂၉ရက်နေ့တုန်းကယူနိုက်တက်နည်းပြရာထူးကိုစတင်ရယူခဲ့တဲ့ […]
ဆာဘွဲ့ ချီးမြှင့်ခံလာရဖို့ ရှိနေတဲ့ ဒေးဗစ်ဘက်ဟမ်း
December 30, 2021 author ps 0
ဒေးဗစ်ဘက်ဟမ်းဟာအခွန်ပြဿနာကိုရှင်းလင်းလာနိုင်ပြီးနောက် သူရဲကောင်းဘွဲ့ (ဆာဘွဲ့)ချီးမြှင့်ခံလာရဖို့ရှိနေပြီဖြစ်ပါတယ်။ အသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းဟာ ဆာဘွဲ့အတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာမယ်လို့ ယုံကြည်ရပြီး ဇွန်လတွင်တရားဝင်ချီးမြှင့်ခံရမယ်လို့ယုံကြည်ရပါတယ်။ ဒေးဗစ်ဘက်ဟမ်းဟာအင်္ဂလန်သမိုင်းတွင်ဒုတိယပွဲအများဆုံးကစားသူအဖြစ် ၁၁၅ပွဲဖြင့်ရပ်တည်နေသူဖြစ်ပြီးအခွန်ရှောင်တိမ်းမှုပြဿနာတို့ကြောင့် Red Category တွင်ထည့်သွင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ သန်းကြွယ်သူဌေးဘောလုံးသမားဟောင်းဟာယခင်ကတည်းက ဆာဘွဲ့ချီးမြှင့်ရန်လျာထားခြင်းခံခဲ့ရပေမယ့်အခွန်ပြဿနာကြောင့် မရရှိလာခဲ့တာလည်းဖြစ်ပါတယ်။သူဟာ၂၀၁၃ခုနှစ်တုန်းကတည်းက အခြားနာမည်ကျော်စယ်လီဘရီတီတစ်ရာကျော်နဲ့အတူ Blacklist ထည့်သွင်းခံရသူလည်းဖြစ်ပါတယ်။သူဟာယင်းအခွန်ပြဿနာကြောင့်ပင် ၂၀၁၃ခုနှစ်တုန်းကဆာဘွဲ့နှင့်လွဲခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ယခုအခါဒေးဗစ်ဘက်ဟမ်းဟာHMRC ထံအယူခံဝင်မှုအောင်မြင်မှုနဲ့အတူ Green Category တွင်ထည့်သွင်းခြင်းခံလာရပြီဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်တုန်းက […]
ကိုဗစ်နှင့်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ဖလားရရှိနိုင်သေးတယ်လို့ ယုံကြည်နေပါက ရူးမိုက်ရာကျလိမ့်မယ်လို့တူချယ်ဝန်ခံ
December 30, 2021 author ps 0
သောမတ်စ်တူချယ်ကအသင်းတွင်ကိုဗစ်နှင့်ဒဏ်ရာပြဿနာများကြုံနေပေမယ့် ပရီးမီးယားလိဂ်ဖလားရရှိနိုင်သေးတယ်လို့ယုံကြည်နေပါက ရူးမိုက်ရာကျလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။ တူချယ်ရဲ့ချဲလ်ဆီးဟာမနေ့ညတုန်းကဘရိုက်တန်နှင့်ပွဲတွင် ဒန်နီဝဲလ်ဘက်ရဲ့နာကျင်အချိန်ပိုချေပဂိုးကြောင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ချဲလ်ဆီးအတွက်ပိုမိုဆိုးရွားသွားသည်မှာဘရိုက်တန်နှင့်ပွဲတွင် ဒန်နီဝဲလ်ဘက်မှာတံကောက်ကြောဒဏ်ရာ၊ခရစ်တင်ဆင်မှာကျောဒဏ်ရာ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ တူချယ်က “ကိုဗစ်ကူးစက်မှု၇ခုရှိတယ်။ကစားသမားငါးဦး(သို့မဟုတ်) ခြောက်ဦးက ခြောက်ပတ်နဲ့အထက်နားရမယ်။ဘယ်လိုလုပ်ပြီး အမှတ်ပေးဖလားအတွက်ယှဉ်ပြိုင်နိုင်မှာလဲ။လူအင်အားအပြည့်၊ လေ့ကျင့်ခန်းအပြည့်အစုံလုပ်ပြီးတော့လိဂ်ကိုဖြတ်ကျော်ဖြတ်ကျော်နိုင်ပါမယ်။ ကိုဗစ်နဲ့ဒဏ်ရာပြဿနာကိုကျော်ဖြတ်နိုင်တယ်လို့တွေးရင်ရူးမိုက်ရာကျပါလိမ့်မယ်။ ကစးသမား၂၃ဦးလောက်မပါဘဲလုပ်နိုင်တယ်လို့တွေးရင်ရူးမိုက်နေတာပဲဖြစ်လိမ့်မယ်”လို့ ပြောကြားသွားပါတယ်။ဒါ့အပြင်သောမတ်စ်တူချယ်ဟာ မေဆင်မောင့်အားပြစ်ဒဏ်ကျူးလွန်မှုအတွက်ပင်နယ်တီပေးရမယ့်အဖြစ်အပျက်ကို မပေးခဲ့တဲ့ဒိုင်လူကြီးမိုက်ဒိန်းကိုလည်းဝေဖန်သွားခဲ့ပါတယ်။ zawgyi ကိုဗစ်နှင့်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ဖလားရရှိနိုင်သေးတယ်လို့ ယုံကြည်နေပါက ရူးမိုက်ရာကျလိမ့်မယ်လို့တူချယ်ဝန်ခံ သောမတ်စ်တူချယ်ကအသင်းတွင်ကိုဗစ်နှင့်ဒဏ်ရာပြဿနာများကြုံနေပေမယ့် […]
ရုပ်တုကိုကြည့်ကာ ဘောလုံးကစားဖို့ စိတ်ဓာတ်ခွန်အားတွေရအောင် အိန္ဒိယနိုင်ငံတွင် ရော်နယ်ဒို ရုပ်တုစိုက်ထူ
December 30, 2021 author ps 0
စီရော်နယ်ဒိုရဲ့ရုပ်တုတစ်ခုကို အိန္ဒိယနိုင်ငံ အနောက်ဘက်က ပြည်နယ်တစ်ခုဖြစ်တဲ့ ဂိုအာက ကာလန်ဂူတီမြို့မှာ စိုက်ထူဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ခရစ်ကတ်အားကစားကြီးစိုးထားတဲ့ အိန္ဒိယမှာ ဘောလုံးကို လူငယ်တွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်တဲ့သဘောဖြစ်ပြီး ရုပ်တုရဲ့အလေးချိန်က ၄၁၀ ကီလိုဂရမ်ဝန်းကျင်ရှိပါတယ်။ အဲဒီမန်ယူကြယ်ပွင့်ဟာ ဂိုအာပြည်နယ်မှာ အလွန့်အလွန်ကို လူကြိုက်များတဲ့ ကစားသမားတစ်ယောက်ပါ။ ဂိုအာပြည်နယ်ဟာ တစ်ချိန်က ပေါ်တူဂီကိုလိုနီဖြစ်ခဲ့ဖူးပြီး […]
ဖေဖော်ဝါရီမှာ အပြီးသတ်ဆုံးဖြတ်ရတော့မယ့် ဟာလန်းရဲ့ အနာဂတ်
December 30, 2021 author ps 0
ဒေါ့မွန်စတားအာလင်းဟာလန်းဟာလာဖေဖော်ဝါရီလတွင် အနာဂတ်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်ဇန်နဝါရီတွင်ရက်ဘူးလ်ဆဲလ်ဘတ်မှ ဒေါ့မွန်သို့ပြောင်းရွှေ့လာသူဖြစ်ပြီးစာချုပ်သက်တမ်းမှာ ၂၀၂၃ခုနှစ်၊ဇွန်လတွင်ကုန်ဆုံးပါမယ်။ ဒါပေမဲ့ဟာလန်းရဲ့ဒေါ့မွန်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင် ၂၀၂၂ခုနှစ်နွေရာသီတွင်စာချုပ်ဖျက်သိမ်းကြေးပေါင်၆၈သန်းဖြင့် ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေပါတယ်။ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ယူနိုက်တက်၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပထိပ်သီးကလပ်များကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။ တဖက်တွင် ဒေါ့မွန်ဟာလည်းအသင်းရဲ့အရေးပါဆုံးကစားသမားတစ်ဦးဖြစ်တဲ့ အာလင်းဟာလန်းကိုခေါ်ယူရေးငွေကြေးများစွာရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်စီစဉ်နေပါတယ်။ Bild ရဲ့ဖော်ပြချက်အရဒေါ့မွန်ဟာကလပ်သမိုင်းတစ်လျှောက် အမြင့်မားဆုံးလုပ်ခအဖြစ် အာလင်းဟာလန်းကို တစ်ပတ်လုပ်ခ ပေါင်၂၆၀၀၀၀ (တစ်နှစ်လုပ်ခပေါင်၁၃.၄သန်း)အထိအထိပေးရန်စီစဉ်နေပါတယ်။ အာလင်းဟာလန်းအနေဖြင့်ဒေါ့မွန်ရဲ့အင်္ကျီစပွန်ဆာ Puma ထံမှလည်း အပိုဆုကြေးငွေပေါင်၆.၇သန်းအထိရရှိဦးမှာဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် […]