ချဲလ်ဆီး-လီဗာပူးပွဲက လူသားတွေရဲ့ လိုအင်ဆန္ဒနဲ့ တောင့်တမှုတစ်ခု

February 28, 2022 author ps 0

ချဲလ်ဆီး-လီဗာပူးပွဲက လူသားတွေရဲ့ လိုအင်ဆန္ဒနဲ့ တောင့်တမှုတစ်ခု မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့လီဗာပူးတို့ရဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ပွဲမစခင် နှစ်ဖက်အသင်းပရိသတ်တွေရာ၊ ကစားသမားတွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ဆင်နွှဲခံနေရတဲ့ ယူကရိန်းဘက်က အခိုင်အမာရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။ ပွဲမတိုင်ခင်မှာ ဝင်ဘာလေကွင်းအတွင်းက ဖန်သားပြင်ပေါ်မှာ ယူကရိန်းအလံကို ဖော်ပြခဲ့ပြီး “ဘောလုံးလောကကလည်း အတူတကွရပ်တည်နေပါတယ်” လို့ […]

ငြိမ်းချမ်းရေးအတွက်ကြိုးစားနေတယ်ဆိုတဲ့ ချဲလ်ဆီးပိုင်ရှင် မိုဗစ်ချ်

February 28, 2022 author ps 0

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို ငြိမ်ချမ်းစွာအဆုံးသတ်နိုင်ဖို့ ကြားဝင်ကြိုးစားပေးနေကြောင်း သူ့ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။ ရုရှားသမ္မတပူတင်ရဲ့တပ်တွေက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အဲဒီရုရှားဘီလျံနာဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဗြိတန်က ပါလီမန်အမတ်အချို့ကဆိုရင် ပူတင်အစိုးရရဲ့ကျောထောက်နောက်ခံ တစ်ယောက်ဆိုပြီး မိုဗစ်ချ်ကို ပိတ်ပင်မှုတွေလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီချဲလ်ဆီးအသင်းပိုင်ရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ”ငြိမ်းချမ်းရေးအဖြေရှာနိုင်ဖို့အတွက် ယူကရိန်းဘက်က ရိုမန်အေဘရာမိုဗစ်ချ်ကို […]

လူသားဝါဒနဲ့ ကမ္ဘာ့ဖလားအနာဂတ်

February 28, 2022 author ps 0

ဒီနေ့‌ကမ္ဘာကြီးက လူသားဝါဒကို ကိုးကွယ်နေကြတာပါ။ လူသားတွေရဲ့ လွတ်လပ်ခွင့်၊ ယုံကြည်မှုတွေကို အပြန်အလှန်တန်ဖိုးထားကြတယ်။ အတ္တကို ရှေ့တန်းတင်ပြီး အနိုင်ကျင့်သူတွေကို ကန့်ကွက်ကြတယ်။ ဒါဟာ ကမ္ဘာ့လူသားတွေရဲ့ အလှပဆုံးနှလုံးသားပဲ။ အခု ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုး အနိုင်ကျင့်မှုလို့ ကမ္ဘာကြီးက သုံးသပ်ကြတယ်။ အားကစားလောက […]