တန်ဟက်ဂ်က မားကပ်ရက်ဖိုဒ့် အပါအဝင် သူသဘောကျတဲ့ ကစားသမားတွေကို ရောင်းမထုတ်ဖို့ ယူနိုက်တက် ကို စာရင်းပို့ တောင်းဆိုထား

April 13, 2022 Ye Minn 0

မကြာသေးခင်ရက်ပိုင်းက ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေလုပ်ထားတဲ့ တန်ဟက်ဂ်ရဲ့ ဆွေးနွေးမှုတွေထဲကမှ အသင်းရဲ့ကစားသမားတွေနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားမှတ်ချက်အချို့ဟာ မီဒီယာတွေဆီကိုပေါက်ကြားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးလည်းဖြစ်သလို အသင်းမှာလည်းခြေစွမ်းပြနိုင်ခဲ့သူဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ခြေစွမ်းကျဆင်းနေပြီး စိတ်ဓါတ်ကျနေပြီး အသင်းပြောင်းဖို့တောင်စဉ်းစားနေတဲ့ ပရဟိတမင်းသားလေး မားကပ်ရက်ဖိုဒ့် အတွက်တော့ တန်ဟက်ဂ်ရဲ့ ဘုတ်အဖွဲ့ဆီ တောင်းဆိုလိုက်တဲ့ စကားဟာ သူ့အတွက်အားတက်စေမှာဖြစ်သလို သူ့ရဲ့ […]

မော်ရင်ဟိုရဲ့အကြံနဲ့ နာကျင်အချိန်ပိုမှာ အဝါကတ်ကို တမင်ကြံရွယ် လုပ်ယူခဲ့တဲ့ ပယ်လီဂရီနီ

April 6, 2022 author ps 0

ဆမ်ဒိုးရီးယားကို ၀-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရိုးမားကွင်းလယ်ကစားသမား ပယ်လီဂရီနီဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အဝါကတ်ကို တမင်ကြံရွယ် လုပ်ယူခဲ့ပြီး ဒီလိုလုပ်ယူခဲ့တာဟာ နည်းပြ မော်ရင်ဟိုရဲ့ အကြံကြောင့်ဖြစ်တယ်လို့ လူမှုကွန်ရက်တွေမှာ ဝေဖန်မှတ်ချက်ပေးနေကြပါတယ်။။ ရိုးမားဟာ ဆမ်ဒိုးရီးယားကို မက်ခီတာယန်းရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ရိုးမားအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ပယ်လီဂရီနီကလည်း အဲဒိပွဲမှာ […]

ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု လိုအပ်တာကြောင့် ရာသီကုန်ထိ အနားယူရတော့မယ့် တီယာနေး

April 6, 2022 author ps 0

အာဆင်နယ်နောက်ခံလူ တီယာနေးဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု လိုအပ်တာကြောင့် ရာသီကုန်ထိ အနားယူရတော့မယ်လို့ အာဆင်နယ်က အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် တီယာနေးတစ်ယောက် အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေအပြင် စကော့တလန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲရှုံးထွက် ပွဲစဉ်တွေကိုပါ လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဆဲလ်တစ်စတားဟောင်းဟာပိုလန်၊ဩစတြီးယားတို့နှင့်ရင်ဆိုင်ကစားခဲ့တဲ့ စကော့တလန်ရဲ့နိုင်ငံတကာခြေစမ်းပွဲများတွင်ပွဲချိန်ပြည့်ကစားခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ တနင်္လာနေ့က အာဆင်နယ်အသင်း […]

ဂွါဒီယိုလာကို စကားလုံးတိုက်ပွဲစတင်ပြုလုပ်လိုက်တဲ့ ဆီမြွန်နီ

April 5, 2022 author ps 0

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဘက်နည်းပြဂွါဒီယိုလာကို စကားလုံးတိုက်ပွဲစတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ဒီညမှာ မန်စီးတီးအသင်းနဲ့အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ဆီမြွန်နီက ဂွါဒီယိုလာရဲ့နည်းပြဘဝတစ်လျှောက်မှာ ကံကောင်းလို့ ထိပ်တန်းကစားသမားတွေကို,ကိုင်တွယ်ခွင့်ရခဲ့တာကြောင့် အခုလိုအောင်မြင်တာဆိုပြီးတော့ Mind Game လုပ်ခဲ့တာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် မန်စီးတီးနဲ့အက်သလက်တီကိုအသင်းတို့ အခုမှ ပထမဆုံးအကြိမ်ဆုံတွေ့တာဖြစ်ပေမယ့် ဂွါဒီယိုလာနဲ့ဆီမြွန်နီတို့ကတော့ အရင်က(၃)ကြိမ်အထိဆုံတွေ့ခဲ့ဖူးပါတယ်။ အက်သလက်တီကိုနည်းပြအဖြစ်ခန့်အပ်ခံရပြီး […]

လက်ဖျားခါလောက်တဲ့ ၃၆၀ ဒီဂရီ လှည့်လည်ကျော်ဖြတ်ကာ ပြိုင်ဘက်ကို လုံးဝမင်တက်သွားစေခဲ့တဲ့ မက်ဆီ

April 5, 2022 author ps 0

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ တနင်္ဂနွေနေ့ညက လိုရီယန့်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တကယ်ကို လက်ဖျားခါလောက်တဲ့ ၃၆၀ ဒီဂရီ လှည့်လည်ကျော်ဖြတ်ကာ ပြိုင်ဘက်ကို လုံးဝမင်တက်သွားစေခဲ့ပြီး ကြည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာကို လုပ်ပြသွားတာဖြစ်ပါတယ်။ မက်ဆီဟာ အဲဒီပွဲမှာ ယခုရာသီ သူ့အတွက် တတိယမြောက် လီဂူးသွင်းဂိုးအဖြစ် ၁ဂိုးသွင်းယူနိုင်ခဲ့ပြီး တွက်ဘက် တိုက်စစ်မှူးတွေဖြစ်တဲ့ […]

ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့သမိုင်းတစ်လျှောက် တစ်ခါမှရှုံးပွဲမရှိခဲ့းသေးတဲ့မှတ်တမ်းကို ချယ်လ်ဆီးဆက်ထိန်းနိုင်မလား

April 5, 2022 author ps 0

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာအရှက်တကွဲရလဒ်နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေက ချန်ပီယံလိဂ်ပွဲမှာအခြေအနေမကောင်းဖြစ်မှာကို စိုးရိမ်နေကြပေမယ့် ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့ Head To Head မှတ်တမ်းတွေအရ စိတ်အေးရမယ့်အနေအထားမှာရှိနေပါတယ်။ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ရီးယဲလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး (၆)ရက်အကြာမှာ အဝေးကွင်းပွဲသွားကစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးယဲလ်အသင်းက လာလီဂါချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပေမယ့် ချယ်လ်ဆီးအသင်းကတော့ […]

ကွင်းအတွင်းဝင်ရောက်ကာကစားသမားများနှင့်အတူအောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့ ဟောလီဝုဒ်စတားရိုင်ယန်ရေးနိုးလ်

April 5, 2022 author ps 0

ဟောလီဝုဒ်စတားရိုင်ယန်ရေးနိုးလ်ဟာစတုတ်ပေါ့ကိုသူပိုင်တဲ့ ဝရက်စ်ဟမ်းကအနိုင်ရရှိခဲ့တဲ့ပွဲအပြီးတွင်ကွင်းအတွင်းဝင်ရောက်ကာ ကစားသမားများနှင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ဝရက်စ်ဟမ်းဟာ FA Trophy ဆီမီးဖိုင်နယ်တွင် စတုတ်ပေါ့ကို၂-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဲဒီရှုံးပွဲကြောင့်စတုတ်ပေါ့ရဲ့၂၁ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းအဆုံးသတ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ အပျော်လွန် စိတ်လှုပ်ရှားနေတဲ့ရေးနိုးလ်က ကွင်းထဲအထိပြေးဝင်သွားခဲ့ပြီး သူအားထားတဲ့ ကစားသမား မယ်လင်းကို ပွေ့ဖက်ဂုဏ်ပြုခဲ့သလို ကစားသမားများ၊ ဝန်ထမ်းတွေ အပြင် ဖန်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနှုတ်ဆက်ခဲ့ပါတယ်။ “ဒီလိုပျော်ရတဲ့ အရသာနဲ့တူတဲ့ဘယ်လိုအရာကိုမှ သူမခံစားခဲ့ဖူးဘူးလို့ […]

ဆေးစက်ကျရာ အရုပ်ထင်တဲ့ မော်ဒယ်မင်းသား အဲဗာတန်တိုက်စစ်မှူး ကဲဗက်လီဝင်

April 5, 2022 author ps 0

ဘောလုံးသမား အချို့က မော်ဒယ်မင်းသားတွေ ရှူံးလောက်အောင် ဂိုက်စမတ်ကောင်းပါတယ်။ မြက်ခင်းစိမ်းပေါ်ရောက်ရင် ခြေကောင်းတဲ့ ဘောလုံးသမား အဖြစ် တာဝန်ကျေကြသလို၊ ရှုတင်ပေါ်ရောက်ရင်လည်း ဆေးစက်ကျရာ အရုပ်ထင်တဲ့ မော်ဒယ်မင်းသား သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ နောက်ဆုံးထွက် BritishGQ မဂ္ဂဇင်း ရဲ့ မျက်နှာဖုံးရှင် အဖြစ် ကဲဗက်လီဝင်ကို မြင်ရတာကလည်း အတော်ကို […]

ခြေစွပ်ထဲက အရိုးငေါထွက်လာတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ဂရူသာဖတ်နောက်ခံလူ

April 4, 2022 author ps 0

ဂရူသာဖက်အသင်းနောက်ခံလူ မာကိုမိုင်ယာဟော့ဖာ ဟာစနေနေ့က ဖရန့်ဖတ် နဲ့ပွဲမှာပြိုင်ဘက်ကစားသမားတစ်ဦးနဲ့ မတော်တဆထိခိုက်မိပြီး ခြေချင်းဝတ်လည်ထွက်ခဲ့ရာမှာဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် ခြေစွပ်ထဲကနေအရိုးငေါထွက်လာတဲ့ အထိဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ဒဏ်ရာရသွားတဲ့ပုံရိပ်တွေ အွန်လိုင်းပေါ်မှာပျံနှံ့လာပြီးနောက် ပရိသတ်တွေက မိုင်ယာဟော့ဖာ အတွက်ကရုဏာသက်နေကြပါတယ်။ ဖြစ်ပုံက ဂရူသာဖက်ရဲ့ညာနောက်ခံလူဖြစ်တဲ့ မိုင်ယာဟော့ဖာ ဟာ ဖရန့်ဖတ်အသင်းက ယန်းပက်တာဟော့ဂ်နဲ့ ခြေထောက်ခြင်းချိတ်မိခဲ့ပြီး ပြုတ်ကျခဲ့ရာမှာသူကအပေါ်ကနေဖြစ်ပေမယ့် ညာခြေထောက်ကတော့ […]

အတွင်းခံဘောင်းဘီသာကျန်တဲ့အထိဖြစ်ခဲ့တဲ့ ရာကီတစ်ရဲ့အဖြစ်

April 4, 2022 author ps 0

ဆီဗီလာကွင်းလယ်လူ အိုင်ဗန်ရာကီတစ် ဟာ ဘာစီလိုနာပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် သူ့ရဲ့ဆီဗီလာ အသင်းဝတ်စုံကိုချွတ်ပေးလိုက်ရတဲ့အတွက် ကွင်းထဲမှာအတွင်းခံဘောင်းဘီသာကျန်တော့တဲ့အထိဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ တနင်္ဂနွေနေ့က နူးကမ့်ကွင်းမှာ သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာဒီဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။ ရာကီတစ်အတွက်တော့ ဆီဗီလာနဲ့အတူ အသင်းဟောင်းဘာစီလိုနာကို အဝေးကွင်းမှာရင်ဆိုင်ခဲ့ဖူးပေမယ့် ကွင်းထဲမှာပရိသတ်တွေအပြည့်နဲ့ရင်ဆိုင်ရတာ အခုကပထမဆုံးအကြိမ်ဖြစ်ပြီး ဆီဗီလာက ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ တုန်းက ဘာစီလိုနာကနေထွက်ပြီး ဆီဗီလာ ကိုရောက်ခဲ့တဲ့ […]