ဒီရာသီ လိုက်ဇစ်ရဲ့ ပထမဆုံးရှုံးပွဲနဲ့အတူ ငယ်ကြောက်ဆိုးလ်ရှားနဲ့ မန်ယူက အိပ်မက်ဆိုးတွေ ထပ်ပေးတာခံရတဲ့ နီဂျယ်မန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ငယ်စဉ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို အသည်းခွဲသွားခဲ့တဲ့ ဆိုးလ်ရှားရဲ့ အနိုင်ဂိုးနဲ့ပတ်သက်ပြီး

အမြဲသတိရနေတယ်လို့ပြောခဲ့တဲ့ လိုက်ဇစ်နည်းပြ နီဂျယ် မန်းအတွက်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးတာဟာ သူ့ရဲ့ငယ်ကြောက် ဖြစ်နေတဲ့ ဆိုးလ်ရှားနဲ့ မန်ယူကို ထပ်အမှတ်ရစေမယ့်ပွဲပါပဲ။

ဂျာမန်ဘောလုံးလောကမှာသာမကဘဲ ဥရောပဘောလုံးလောကမှာပါ နီဂျယ်မန်းဟာ လူကြိုက်များတဲ့ လူငယ်နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

ကစားသမားဘဝက စောစောစီးစီး အနားယူခဲ့ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နည်းပြဖြစ်လာတဲ့ နီဂျယ်မန်းဟာ ၁၉၉၉ ခုနှစ် တုန်းက ဆယ်ကျော်သက်လူငယ်တစ်ယောက်အနေနဲ့ပဲ ရှိပါသေးတယ်။

ဟော့ဖန် ဟိမ်းအသင်းနဲ့အတူ တိုက်စစ်ဦးစားပေးကစားဟန်ကြောင့် လူသိများလာခဲ့သလို အောင်မြင်မှုလည်းရလာတဲ့ နီဂျယ်မန်းဟာ လိုက်ဇစ်ကိုရောက်တော့လည်း မနှစ် က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပြီး အရည်အချင်းရှိတဲ့ နည်းပြ တစ်ဦးဆိုတာ ပြသနိုင်ခဲ့တဲ့သူပါ။

ဒီနှစ် ဘွန်ဒက်စ်လီဂါဘောလုံးရာသီသစ်မှာ လည်း သူ တာဝန်ယူထားတဲ့လိုက်ဇစ်ဟာ ရှုံးပွဲမရှိဘဲ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ပွဲမှာ တော့ လိုက်ဇစ်ရဲ့ကစားပုံက သာမန်ထက်နိမ့်တဲ့ပုံစံမျိုးပဲဖြစ်နေပြီး ဂိုးပေါက်တည့် မှုအနေအထားမှာလည်း မန်ယူက ၇ ကြိမ်၊ လိုက်ဇစ်က ၂ ကြိမ်သာရှိပြီး တစ်ဖက် သတ်ဖိကစားခံခဲ့ရတာပါ။

ဒီရှုံးပွဲကြောင့် ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ လိုက်ဇစ်ရဲ့မှတ်တမ်းရပ်တန့်သွားသလို နီဂျယ်မန်းအနေနဲ့လည်း မန်ယူပရိသတ်တွေရဲ့ အရွှန်းဖောက်တာခံနေရပါတယ်။

ဖီဖာကချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ အ သင်းတစ်သင်းအနေနဲ့ ပွဲလာမကစားဖြစ်ရင် ၃-၀ သတ်မှတ်ချက်နဲ့ အရှုံးပေးရမှာ ဖြစ်ပြီး နီဂျယ်မန်းရဲ့ လိုက်ဇစ်သာ အိုးလ်ထရက်ဖို့ဒ်ကိုရောက်မလာခဲ့ရင် ဒီဂိုး သတ်မှတ်ချက်အတိုင်း ဖြစ်မှာပါ။

ဒါပေမဲ့ အခုတော့ ၅-၀ ဂိုးရလဒ်နဲ့ ဂျာမန်မြေကို ပြန်သွားခဲ့ရပြီး သူ့ရဲ့ဆယ်ကျော်သက်ဘဝကတည်းက စိုးထိတ်မှုတွေပေးခဲ့တဲ့ မန်ယူအသင်းနဲ့ ဆိုးလ်ရှားတို့ကထပ်ပေးလိုက်တဲ့အိပ်မက်ဆိုးတွေကို မက်နေရ တော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဒီရာသီ လိုက္ဇစ္ရဲ႕ ပထမဆံုးရႈံးပြဲနဲ႔အတူ ငယ္ေၾကာက္ဆိုးလ္ရွားနဲ႔ မန္ယူက အိပ္မက္ဆိုးေတြ ထပ္ေပးတာခံရတဲ့ နီဂ်ယ္မန္း

ငယ္စဥ္က ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အမာခံပရိသတ္ျဖစ္ခဲ့ၿပီး ၁၉၉၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို အသည္းခြဲသြားခဲ့တဲ့ ဆိုးလ္ရွားရဲ႕ အႏိုင္ဂိုးနဲ႔ပတ္သက္ၿပီး
အၿမဲသတိရေနတယ္လို႔ေျပာခဲ့တဲ့ လိုက္ဇစ္နည္းျပ နီဂ်ယ္ မန္းအတြက္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးျပတ္ရႈံးတာဟာ သူ႕ရဲ႕ငယ္ေၾကာက္ ျဖစ္ေနတဲ့ ဆိုးလ္ရွားနဲ႔ မန္ယူကို ထပ္အမွတ္ရေစမယ့္ပြဲပါပဲ။

ဂ်ာမန္ေဘာလံုးေလာကမွာသာမကဘဲ ဥေရာပေဘာလံုးေလာကမွာပါ နီဂ်ယ္မန္းဟာ လူႀကိဳက္မ်ားတဲ့ လူငယ္နည္းျပတစ္ဦးလည္း ျဖစ္ပါတယ္။

ကစားသမားဘ၀က ေစာေစာစီးစီး အနားယူခဲ့ရၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ နည္းျပျဖစ္လာတဲ့ နီဂ်ယ္မန္းဟာ ၁၉၉၉ ခုႏွစ္ တုန္းက ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္အေနနဲ႔ပဲ ရွိပါေသးတယ္။

ေဟာ့ဖန္ ဟိမ္းအသင္းနဲ႔အတူ တိုက္စစ္ဦးစားေပးကစားဟန္ေၾကာင့္ လူသိမ်ားလာခဲ့သလို ေအာင္ျမင္မႈလည္းရလာတဲ့ နီဂ်ယ္မန္းဟာ လိုက္ဇစ္ကိုေရာက္ေတာ့လည္း မႏွစ္ က ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ ပို႔ေဆာင္ေပးခဲ့ၿပီး အရည္အခ်င္းရွိတဲ့ နည္းျပ တစ္ဦးဆိုတာ ျပသႏိုင္ခဲ့တဲ့သူပါ။

ဒီႏွစ္ ဘြန္ဒက္စ္လီဂါေဘာလံုးရာသီသစ္မွာ လည္း သူ တာ၀န္ယူထားတဲ့လိုက္ဇစ္ဟာ ရႈံးပြဲမရွိဘဲ အမွတ္ေပးဇယားထိပ္ဆံုးက ဦးေဆာင္ေနခဲ့ပါတယ္။

ဒါေပမဲ့ ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲစဥ္ျဖစ္တဲ့ မန္ယူနဲ႔ပြဲမွာ ေတာ့ လိုက္ဇစ္ရဲ႕ကစားပံုက သာမန္ထက္နိမ့္တဲ့ပံုစံမ်ဳိးပဲျဖစ္ေနၿပီး ဂိုးေပါက္တည့္ မႈအေနအထားမွာလည္း မန္ယူက ၇ ႀကိမ္၊ လိုက္ဇစ္က ၂ ႀကိမ္သာရွိၿပီး တစ္ဖက္ သတ္ဖိကစားခံခဲ့ရတာပါ။

ဒီရႈံးပြဲေၾကာင့္ ဒီရာသီ ရံႈးပဲြမရွိေသးတဲ့ လိုက္ဇစ္ရဲ႕မွတ္တမ္းရပ္တန္႔သြားသလို နီဂ်ယ္မန္းအေနနဲ႔လည္း မန္ယူပရိသတ္ေတြရဲ႕ အရႊန္းေဖာက္တာခံေနရပါတယ္။

ဖီဖာကခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြအရ အ သင္းတစ္သင္းအေနနဲ႔ ပြဲလာမကစားျဖစ္ရင္ ၃-၀ သတ္မွတ္ခ်က္နဲ႔ အရႈံးေပးရမွာ ျဖစ္ၿပီး နီဂ်ယ္မန္းရဲ႕ လိုက္ဇစ္သာ အိုးလ္ထရက္ဖို႔ဒ္ကိုေရာက္မလာခဲ့ရင္ ဒီဂိုး သတ္မွတ္ခ်က္အတိုင္း ျဖစ္မွာပါ။

ဒါေပမဲ့ အခုေတာ့ ၅-၀ ဂိုးရလဒ္နဲ႔ ဂ်ာမန္ေျမကို ျပန္သြားခဲ့ရၿပီး သူ႕ရဲ႕ဆယ္ေက်ာ္သက္ဘ၀ကတည္းက စိုးထိတ္မႈေတြေပးခဲ့တဲ့ မန္ယူအသင္းနဲ႔ ဆုိးလ္ရွားတို႔ကထပ္ေပးလိုက္တဲ့အိပ္မက္ဆိုးေတြကို မက္ေနရ ေတာ့မွာပါ။