U-23 မှာ ခြေစွမ်းပြသသွားတဲ့ အာမက်ဒီယာလို

မန်ယူအသင်းရဲ့ လူငယ် ကစားသမား အာမက် ဒီယာလိုဟာ U-23 အသင်းရဲ့

ပွဲစဉ်တစ်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ မန်ယူ U-23 အသင်း နဲ့ လိဒ်စ် U-23 တို့

ကစားကြတဲ့ အဆိုပါ ပွဲစဉ်မှာ မန်ယူ U-23 အသင်းက (၃−၂) ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး

အာမက်က (၂) ဂိုး ချာလီမက်နေးလ်က (၁) ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွက် (၂) ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အာမက်ရဲ့ စွမ်းဆောင်ရည်နဲ့

ပတ်သက်ပြီး U-23 နည်းပြ နေးလ်ဝုဒ်က ချီးကျူးစကားဆိုလိုက်ပါတယ်။

” လိဒ်စ် နဲ့ပွဲမှာ အာမက် ပြသသွားတဲ့ ခြေစွမ်းက လူငယ်ကစားတိုင်းမှာ မရှိတဲ့

ထူးခြားတဲ့ ခြေစွမ်းမျိုးပါ။ အာမက်က အရည်အချင်းရှိတဲ့ လူငယ် ကစားသမား

တစ်ယောက်ဖြစ်ပါတယ်။ သူက အသင်းဖော်တွေနဲ့ တွဲဖက်ကစားတဲ့နေရာမှာလည်း

အချိတ်အဆက်မိအောင် ကစားနိုင်သလို တစ်ကိုယ်တော် စွမ်းဆောင်ရည်

ကောင်းတွေလည်း ပိုင်ဆိုင်ထားသူပါ။ သူ အခုထက်ပိုပြီး အောင်မြင်လာပါလိမ့်မယ်” လို့

နည်းပြ နေးလ်ဝုဒ်က ပြောဆိုခဲ့ပါတယ်။

အာမက်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ဇန်နဝါရီမှာ အငှားထွက်ကစားဖို့

ရှိနေပြီး ဖီယင်နု အသင်းထံ ပြောင်းရွှေ့ဖို့ အလားအလာများနေပါတယ်။

zawgyi

U-23 မွာ ေျခစြမ္းျပသသြားတဲ့ အာမက္ဒီယာလို

မန္ယူအသင္းရဲ႕ လူငယ္ ကစားသမား အာမက္ ဒီယာလိုဟာ U-23 အသင္းရဲ႕

ပြဲစဥ္တစ္ပြဲမွာ ပါဝင္ကစားခဲ့ပါတယ္။ မန္ယူ U-23 အသင္း နဲ႔ လိဒ္စ္ U-23 တို႔

ကစားၾကတဲ့ အဆိုပါ ပြဲစဥ္မွာ မန္ယူ U-23 အသင္းက (၃−၂) ဂိုး နဲ႔ အႏိုင္ရရွိခဲ့ၿပီး

အာမက္က (၂) ဂိုး ခ်ာလီမက္ေနးလ္က (၁) ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းအတြက္ (၂) ဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့တဲ့ အာမက္ရဲ႕ စြမ္းေဆာင္ရည္နဲ႔

ပတ္သက္ၿပီး U-23 နည္းျပ ေနးလ္ဝုဒ္က ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။

” လိဒ္စ္ နဲ႔ပြဲမွာ အာမက္ ျပသသြားတဲ့ ေျခစြမ္းက လူငယ္ကစားတိုင္းမွာ မရွိတဲ့

ထူးျခားတဲ့ ေျခစြမ္းမ်ိဳးပါ။ အာမက္က အရည္အခ်င္းရွိတဲ့ လူငယ္ ကစားသမား

တစ္ေယာက္ျဖစ္ပါတယ္။ သူက အသင္းေဖာ္ေတြနဲ႔ တြဲဖက္ကစားတဲ့ေနရာမွာလည္း

အခ်ိတ္အဆက္မိေအာင္ ကစားႏိုင္သလို တစ္ကိုယ္ေတာ္ စြမ္းေဆာင္ရည္

ေကာင္းေတြလည္း ပိုင္ဆိုင္ထားသူပါ။ သူ အခုထက္ပိုၿပီး ေအာင္ျမင္လာပါလိမ့္မယ္” လို႔

နည္းျပ ေနးလ္ဝုဒ္က ေျပာဆိုခဲ့ပါတယ္။

အာမက္ဟာ ဒဏ္ရာကေန ျပန္သက္သာလာၿပီးေနာက္ ဇန္နဝါရီမွာ အငွားထြက္ကစားဖို႔

ရွိေနၿပီး ဖီယင္ႏု အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အလားအလာမ်ားေနပါတယ္။