လူမျိုးရေးခွဲခြားတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဆွာရက်ဇ်ကိုလမ်းတွင်ချောင်းရိုက်ရန်စီစဉ်ခဲ့ကြောင်း အီဗရာဖွင့်ဟ
ပက်ထရစ်အီဗရာကသူ့ကိုလူမျိုးရေးခွဲခြားတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့
လီဗာပူးတိုက်စစ်မှူးဟောင်းလူးဝစ်ဆွာရက်ဇ်ကိုလမ်းတွင်ချောင်းရိုက်ရန်စီစဉ်ခဲ့ကြောင်း၊
သို့ရာတွင်လီဗာပူးစတားဟောင်းကိုမိသားစုနှင့်အတူတွေ့ရမှုကြောင့်
လက်လျှော့ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။
မန်ယူဂန္ထဝင်လူးဝစ်ဆွာရက်ဇ်ဟာ၂၀၁၁ခုနှစ်တုန်းကအန်ဖီးလ်တွင်ကစားတဲ့
ပွဲစဉ်တွင်လူးဝစ်ဆွာရက်ဇ်ရဲ့လူမျိုးရေးခွဲခြားပြောဆိုမှုခံခဲ့ရပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာသူ့လုပ်ရပ်အတွက်ပေါင်၄၀၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့အပြင်
၈ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
အက်ဖ်အေကယင်းသို့ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့်လီဗာပူးဟာဝီဂန်နှင့်ပွဲတွင်
လူးဝစ်ဆွာရက်ဇ်ရဲ့ဓာတ်ပုံနှင့်ကျောနံပါတ်ပါတဲ့အင်္ကျီကိုဝတ်ဆင်ကာ
ဥရုဂွေးကစားသမားကိုထောက်ခံအားပေးခဲ့ကြပါတယ်။
မန်ယူဘယ်နောက်ခံလူဟောင်းအီဗရာကလီဗာပူးကဥရုဂွေးတိုက်စစ်မှူးကို
အားပေးထောက်ခံတဲ့အင်္ကျီကိုဝတ်ဆင်ထားမှုကိုမြင်တွေ့ရပြီးနောက်
နာကျင်ခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်။တစ်ချိန်မှာတော့ပက်ထရစ်အီဗရာကို
မန်ချက်စတာရှိလမ်းတွင်လမ်းလျှောက်နေတဲ့လူးဝစ်ဆွာရက်ဇ်ကိုမြင်တွေ့ပြီးနောက်
တိုက်ခိုက်ရန်စီစဉ်ခဲ့သော်လည်းသူ့နောက်တွင်ဇနီးနှင့်ကလေးကို
မြင်တွေ့လိုက်ရပြီးနောက်လက်လျှော့ခဲ့ပါတယ်။
အီဗရာက “တစ်ရက်ကျတော့ဒိန်းဂိတ်ကမန်ချက်စတာမှာ
လမ်းလျှောက်နေခဲ့ပါတယ်။ကျွန်တော့်အစ်ကိုက ‘ဟေ့ကောင်ဟိုမှာလူးဝစ်’လို့
ပြောပါတယ်။အဲဒီတုန်းကကျွန်တော့်ညီအစ်ကိုနှစ်ယောက်လည်းအတူရှိနေပါတယ်။
သူ့ကိုကြည့်လိုက်တယ်။’ဒါကအခွင့်အရေးကောင်းဘဲလို့တွေးလိုက်တယ်’။
သူလမ်းလျှောက်နေတယ်။သူ့နောက်မှာဇနီးနဲ့ကလေးတွေကိုတွေ့လိုက်တယ်။
ကျွန်တော်လည်းလှည့်ထွက်လာလိုက်တယ်။ ‘သူ့ကိုတစ်ခုခုလုပ်မယ်ဆိုရင်
သူ့မိသားစုရှေ့မှာတော့မလုပ်သင့်ဘူး’လို့တွေးမိတယ်။ပြီးတော့ပိုဆိုးသွားတာလည်း
ဖြစ်သွားနိုင်တော့ သူ့ကိုမရိုက်ခဲ့တဲ့အတွက်နောင်တလည်းမရပါဘူး”လို့
ပြောကြားခဲ့ပါတယ်။ဒါ့အပြင်အန်ဖီးလ်ပွဲစဉ်အဖြစ်အပျက်တွင်ကွင်းထဲတွင်
လူးဝစ်ဆွာရက်ဇ်ကိုမတိုက်ခိုက်မှုအတွက်လည်းနောင်တမရကြောင်းဆိုသွားပါတယ်။
အီဗရာက “ကိုယ့်ကိုယ်ကိုထိန်းနိုင်ခဲ့လို့ဂုဏ်ယူတယ်။ ‘သူ့ကိုဆွဲထိုးရမလား’။
ဒါပေမယ့်ဒီပွဲကလီဗာပူး-မန်ယူပွဲလေ။ဒီပွဲကိုကလေးတွေလည်းကြည့်နေကြမှာ။
ဒုတိယပိုင်းမှာလည်း ‘မလုပ်နဲ့’လို့ဆိုပြီးကိုယ့်ကိုယ်ကိုပြောနေခဲ့တယ်။
ပြောရမယ်ဆိုရင် စိတ်ထဲမှာ မကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ် လွန်ဆွဲနေခဲ့တာ။
‘မလုပ်နဲ့။မလုပ်နဲ့။မလုပ်နဲ့”လို့ကိုယ့်ကိုယ်ကိုထပ်ခါထပ်ခါပြောနေခဲ့တယ်။
ပွဲပြီးတော့ထိုင်နေခဲ့တယ်။ဖာဂူဆန်ကကျွန်တော့်ကိုတွေ့သွားတယ်။
‘ဘာဖြစ်တာလဲ။မင်းပွဲကောင်းတစ်ပွဲကြုံခဲ့တယ်’ပေါ့။အဲဒီမှာဒီဂီယာက
‘ဆွာရက်ဇ်ကသူ့ကို နီဂရိုး’လို့ခေါ်ခဲ့တယ်လို့ပြောချလိုက်ပါတယ်။ကွင်းထဲမှ
ာဒိုင်လူကြီးကို သူဘာပြောလဲကြားလိုက်လားလို့မေးခဲ့တယ်။သူကကျုပ်ကို
နီဂရိုးလို့ပြောခဲ့တယ်လို့ပြောလိုက်တယ်။ဒိုင်ကလည်း ‘အခုပွဲကို
ဆက်ကစားပြီးမှရှင်းမယ်”လို့ပြန်ပြောပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အီဗရာဟာ၂၀၁၅ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဘာစီလိုနာနှင့်ဂျူဗင်တပ်တို့
ရင်ဆိုင်ရတဲ့ပွဲမတိုင်ခင်မှာတော့လူးဝစ်ဆွာရက်ဇ်နှင့်လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
အီဗရာက “နေမာနဲ့စကားပြောနေတာ။သူ(ဆွာရက်ဇ်)ရောက်လာတယ်။
ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်တယ်။သူ ‘အဆင်ပြေလား”လို့လှမ်းမေးတယ်။
ကျွန်တော်ကလည်း ‘အဆင်ပြေတယ်”လို့ပဲပြန်ဖြေလိုက်တယ်။ဒီလောက်ပဲ။
ကျွန်တော်တို့အတူတူအပန်းဖြေခရီးမသွားတာတော့သေချာတယ်”လို့ပြောကြားသွားပါတယ်။
zawgyi