စီးရီးအေရဲ့တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ အဆင့် ၉နေရာနေရာက်နေတဲ့ ရော်နယ်ဒို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Transfer Markt ဝက်ဆိုက်ရဲ့အချက်အလက်တွေအရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေကစားသမားတွေအနက် တန်ဖိုးအရှိဆုံးကစားသမားစာရင်းမှာ အဆင့် ၉ နေရာမှာပဲ ရပ်တည်နေရတယ်လို့ သိရပါတယ်။ ရွှေဘောလုံးဆု ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ၂၀၁၈ နွေရာသီက ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပေါင်သန်း ၁၀၀ နဲ့ ရောက်လာပြီးချိန်ကတည်းက စီးရီးအေမှာ ၅၅ ဂိုးသွင်းယူထားပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုဟာ မကြာခင် အသက် ၃၆ နှစ်ပြည့်တော့မှာဖြစ်ပြီး Transfer Markt က ထုတ်ပြန်လိုက်တဲ့စာရင်းတွေမှာလည်း သူ့ရဲ့ဈေးကွက်တန်ဖိုးက သိသိသာသာကျဆင်းသွားပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဈေးကွက်တန်ဖိုး ပေါင် ၅၄သန်းနဲ့အတူ အဆင့် ၉နေရာမှာပဲ ရပ်တည်နေရပြီး အသင်းဖော်ကွင်းလယ်လူ အာသာ၊ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ၊ အင်တာမီလန်နောက်ခံလူ ဒီဗရစ်ချ်တို့နဲ့အတူတူပဲဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းသားတွေအနက် တတိယမြောက်တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး စုစုပေါင်းအဆင့်သတ်မှတ်ချက်မှာ တိုက်စစ်မှူး ဒီဘားလားက ပေါင် ၇၂သန်း၊ နောက်ခံလူ ဒီလစ်ဂျ်က ပေါင် ၆၈ သန်းနဲ့ ဒုတိယ၊ တတိယနေရာမှာ အသီးသီးရပ်တည်နေပါတယ်။ စီးရီးအေကစားသမားတွေအနက် အင်တာမီလန်တိုက်စစ်မှူး လူကာကူက တန်ဖိုးအမြင့်ဆုံးဖြစ်နေပြီး သူ့ရဲ့တန်ဖိုးက ပေါင် ၇၆ သန်းရှိပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီက ယူနိုက်တက်ကနေ ရောက်လာပြီးနောက် အင်တာအတွက် ၅၇ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူထားပြီး အခုဆိုရင် ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ လူကာကူရဲ့တွဲဘက်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကလည်း ပေါင် ၆၃ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့ဲတဲ့နွေရာသီအတွင်း စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့တဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေက ပေါင် ၅၈.၅ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။
၁။ လူကာကူ (အင်တာ) – ပေါင် ၇၆.၅သန်း ၂။ ဒီဘားလား (ဂျူဗင်တပ်စ်) – ပေါင် ၇၂သန်း
၃။ ဒီလစ်ဂျ် (ဂျူဗင်တပ်စ်) – ပေါင် ၆၃သန်း ၄။ မာတီနက်ဇ် (အင်တာ) – ပေါင် ၆၃သန်း
၅။ ကူလီဘာလေ (နာပိုလီ) – ပေါင် ၅၈.၅သန်း ၆။ မီလင်ကိုဗစ်ဆာဗစ် (လာဇီယို) – ပေါင် ၅၈.၅သန်း
၇။ ဒီဗရစ် (အင်တာ) – ပေါင် ၅၄သန်း ၈။ ဒွန်နာရမ်မာ (အေစီမီလန်) – ပေါင် ၅၄သန်း
၉။ ရော်နယ်ဒို (ဂျူဗင်တပ်စ်) – ပေါင် ၅၄ သန်း ၁၀။ အာသာ (ဂျူဗင်တပ်စ်) – ပေါင် ၅၄သန်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပြီးခဲ့တဲ့နွေရာသီအတွင်း စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့တဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေက ပေါင် ၅၈.၅ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။