ဇန်နဝါရီမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ ရီးရဲလ်ကွင်းလယ်လူ အစ္စကို စိတ်ဝင်စားနေ

သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ကွင်းလယ်လူ အစ္စကိုဟာ အဲဗာတန်အသင်းရှိ နည်းပြဟောင်း အန်ဆလော့တီ၊ အသင်းဖော်ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့နဲ့ ပြန်လည်လက်တွဲဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် အစ္စကိုဟာ ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး ဇန်နဝါရီလအတွင်း အသင်းကနေ ထွက်ခွာခွင့်ရဖွယ်ရှိနေပါတယ်။

Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ အစ္စကို ကို ယခုရာသီကုန်အထိ ၆လအငှားချပြီး ၂၀၂၁ နွေရာသီမှာ အပြီးသတ်ရောင်းချမယ့်အချက် ထည့်သွင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ကနဦးအငှားသက်တမ်းကာလအတွင်း အစ္စကိုရဲ့လုပ်ခလစာကို အပြည့်အဝေပေးချေရမှာဖြစ်ပြီး အမြဲတမ်းခေါ်ယူမယ်ဆိုရင် ပေါင် ၁၈သန်းနဲ့ အပိုဆုကြေး ပေးချေရမှာဖြစ်ပါတယ်။


ရီးရဲလ်အသင်းတာဝန်ရှိသူတွေဟာ အစ္စကိုရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်၊ စီးရီးအေကလပ်အသင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။ အရင်တုန်းကတော့ အာဆင်နယ်၊ ဂျူဗင်တပ်စ်နဲ့ ဆီဗီလာတို့က အစ္စကို ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ အဲဒီကလပ်တွေအကုန်လုံး သူ့ကို ခေါ်ယူဖွယ်မရှိပါဘူး။ အစ္စကိုဟာ ဂျိမ်းစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အဲဗာတန်မှာ ပြန်လည်လက်တွဲဖို့ စိတ်အားထက်သန်နေပါတယ်။


အစ္စကိုဟာ ရီးရဲလ်အသင်းမှာလည်း အန်ဆလော့တီနဲ့အတူ ၂နှစ်ကြာလက်တွဲခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်က မာလာဂါကနေ ရောက်လာပြီးနောက် ရီးရဲလ်နဲ့အတူ လာလီဂါဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူထားကာ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အစ္စကိုဟာ စပိန်အသင်းနည်းပြ အင်းနရစ်ရဲ့အစီအစဉ်တွေမှာ ပါဝင်ခွင့်ဆုံးရှုံးထားရပြီး တကယ်လို့ ဒီပုံစံအတိုင်း ပွဲထွက်ခွင့်ဆုံးရှုံးနေမယ်ဆိုရင် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရရှိမှာမဟုတ်ပါဘူး။

Zawgyi

ဇန္နဝါရီမွာ အဲဗာတန္ကို ေျပာင္းေ႐ႊ႕ဖို႔ ရီးရဲလ္ကြင္းလယ္လူ အစၥကို စိတ္ဝင္စားေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ကြင္းလယ္လူ အစၥကိုဟာ အဲဗာတန္အသင္းရွိ နည္းျပေဟာင္း အန္ဆေလာ့တီ၊ အသင္းေဖာ္ေဟာင္း ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္တို႔နဲ႔ ျပန္လည္လက္တြဲဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ စပိန္လက္ေ႐ြးစင္ အစၥကိုဟာ ရီးရဲလ္မွာ ပုံမွန္ပြဲထြက္ခြင့္ဆုံးရႈံးေနရၿပီး ဇန္နဝါရီလအတြင္း အသင္းကေန ထြက္ခြာခြင့္ရဖြယ္ရွိေနပါတယ္။
Mirror သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ အစၥကို ကို ယခုရာသီကုန္အထိ ၆လအငွားခ်ၿပီး ၂၀၂၁ ေႏြရာသီမွာ အၿပီးသတ္ေရာင္းခ်မယ့္အခ်က္ ထည့္သြင္းဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ သူ႔ကို ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ ကနဦးအငွားသက္တမ္းကာလအတြင္း အစၥကိုရဲ႕လုပ္ခလစာကို အျပည့္အေဝေပးေခ်ရမွာျဖစ္ၿပီး အၿမဲတမ္းေခၚယူမယ္ဆိုရင္ ေပါင္ ၁၈သန္းနဲ႔ အပိုဆုေၾကး ေပးေခ်ရမွာျဖစ္ပါတယ္။
ရီးရဲလ္အသင္းတာဝန္ရွိသူေတြဟာ အစၥကိုရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးခဲ့ၿပီး ယခုအခါ ပရီးမီးယားလိဂ္၊ စီးရီးေအကလပ္အသင္းေတြနဲ႔ ခ်ိတ္ဆက္ေနပါတယ္။ အရင္တုန္းကေတာ့ အာဆင္နယ္၊ ဂ်ဴဗင္တပ္စ္နဲ႔ ဆီဗီလာတို႔က အစၥကို ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ အခုေတာ့ အဲဒီကလပ္ေတြအကုန္လုံး သူ႔ကို ေခၚယူဖြယ္မရွိပါဘူး။ အစၥကိုဟာ ဂ်ိမ္းစ္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး အဲဗာတန္မွာ ျပန္လည္လက္တြဲဖို႔ စိတ္အားထက္သန္ေနပါတယ္။
အစၥကိုဟာ ရီးရဲလ္အသင္းမွာလည္း အန္ဆေလာ့တီနဲ႔အတူ ၂ႏွစ္ၾကာလက္တြဲခဲ့ဖူးပါတယ္။ သူဟာ ၂၀၁၃ ခုႏွစ္က မာလာဂါကေန ေရာက္လာၿပီးေနာက္ ရီးရဲလ္နဲ႔အတူ လာလီဂါဖလား ၂ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္အပါအဝင္ ဆုဖလားအမ်ားအျပားရယူထားကာ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ပါတယ္။ အစၥကိုဟာ စပိန္အသင္းနည္းျပ အင္းနရစ္ရဲ႕အစီအစဥ္ေတြမွာ ပါဝင္ခြင့္ဆုံးရႈံးထားရၿပီး တကယ္လို႔ ဒီပုံစံအတိုင္း ပြဲထြက္ခြင့္ဆုံးရႈံးေနမယ္ဆိုရင္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ပါဝင္ခြင့္ရရွိမွာမဟုတ္ပါဘူး။