လင်ဂတ်မပါတော့တဲ့ ယူနိုက်တက်နဲ့အာဆင်နယ်ပွဲ…ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၁း၀၀ မှာတော့ ပရိသတ်တွေလက်မလွတ်တမ်းကြည့်ရှုရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေပါတယ်။ အဲဒီပွဲကတော့ အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့် မန်ယူ-အာဆင်နယ်ပွဲစဉ်ဖြစ်ပြီး ပရီးမီးယားလိဂ်နန်းကျဘုရင် ၂သင်းအားပြိုင်ရမယ့်ပွဲပါ။

ဂန္ထဝင်နည်းပြကြီးတွေဖြစ်တဲ့ဖာဂူဆန်နဲ့ဝင်းဂါးလက်ထက်မှာ ပြိုင်ဆိုင်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ မန်ယူ-အာဆင်နယ် အားပြိုင်မှုဟာ ကစားသမားအဖြစ်ကနေ နည်းပြဖြစ်လာ တဲ့ ဆိုးလ်ရှားနဲ့အာတီတာလက်ထက်မှာလည်း အရင်ကလိုပဲ ပြိုင်ဆိုင်မှုပြင်းထန်ဆဲပါပဲ။

ဒီကနေ့ညပွဲမတိုင်မီမှာ ပရိသတ်အများစုစောင့်ကြည့်ကြတာက မန်ယူမှာဆိုရင် ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ကာဗာနီ၊ အာဆင်နယ်မှာဆိုရင် အူဘာမီးယန်း၊ လာကာဇက်တို့ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူ -အာဆင်နယ်ထိပ်တိုက်တွေ့ဆုံခဲ့မှုသမိုင်းမှာ မေ့ဖျောက်ချန်ထားလု့ိမရတဲ့ ကစားသမားတစ်ဦးလည်းရှိနေပါသေးတယ်။ သူကတော့ ဂျက်ဆီလင်ဂတ်ပါ။

လက်ရှိမှာ ကြွက်သားဒဏ်ရာရထားတဲ့လင်ဂတ်ဟာ ဒီကနေ့ညပွဲမှာ ပါဝင်နိုင်မှာမဟုတ်သလို သူ့ရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိတာမို့ ရောင်းထုတ်(သို့)အဌားပို့ပစ်ဖို့တောင်းဆိုနေကြတဲ့ မန်ယူပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။

ပြိုင်ဘက်ပရိသတ်တွေကဆိုရင် လင်ဂတ်ကို မတန်မရာ မက်ဆီလင်ဂတ်လို့တောင် လှောင်ပြောင်ခဲ့ကြတာပါ။
ဘယ်လိုပဲဖြစ်ပါစေ မန်ယူ-အာဆင်နယ်တွေ့ဆုံမှုသမိုင်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တဲ့လင်ဂတ်ရဲ့စွမ်းဆောင်မှုတွေကိုတော့ မေ့ထားလို့မရပါဘူး။

လင်ဂတ်ဟာ မန်ယူ-အာဆင်နယ် တွေ့ဆုံတိုင်း မန်ယူအတွက်လာဘ်ကောင်လို့တင်စားရလောက်အောင် ရလဒ်ကောင်းစေခဲ့ပါတယ်။ လင်ဂတ် ပွဲထွက်(သို့)လူစားဝင်သူအဖြစ်ပါဝင်ခဲ့တဲ့ ၈ပွဲမှာ မန်ယူဟာ အာဆင်နယ်ကို ၄ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ပွဲသာရှုံးခဲ့ပါတယ်။

လင်ဂတ်ရဲ့ကစားသမားဘဝမှာ ဂိုးအသွင်းနိုင်ဆုံးအသင်းကလည်း အာဆင်နယ်နဲ့ ရှက်ဖီး ဆိုတာကို ထူးခြားစွာတွေ့ရပြီး အာဆင်နယ်ကိုဆိုရင် ၄ဂိုးသွင်း၊ ၁ဂိုးဖန်တီးနိုင်ခဲ့တာပါ။

၂၀၁၈-၁၉ရာသီ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာဆိုရင် လင်ဂတ်ကြောင့် ပွဲဆူခဲ့ပြီး မီဒီယာတွေလည်း ရေးကွက်ရခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာကစားခဲ့ရပေမယ့် မန်ယူက ၁-၃နဲ့နိုင်ခဲ့တဲ့ပွဲမှာဆိုရင် လင်ဂတ်ဟာ ကွင်းလယ်တိုက်စစ်သမားအဖြစ် ပွဲထွက်ကစားပြီး ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

ဂိုးသွင်းအပြီးမှာ လင်ဂတ်ဟာ အာဆင်နယ်ပရိသတ်တွေရှေ့သွားပြီး ကပြအောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အင်စတာဂရမ်ကနေ သူအောင်ပွဲခံနေတဲ့ဗွီဒီယိုကို ‘dancefloor ‘ ဆိုတဲ့ စာသားနဲ့အတူတင်ခဲ့ပါသေးတယ်။

နောက်တစ်လခွဲနီးပါးအကြာ အမ်းမရိတ်ကွင်းမှာပဲ ပရီးမီးယားလိဂ်ပွဲအဖြစ် ပြန်တွေ့ခဲ့ရာမှာတော့ အာဆင်နယ်က ရှာကာနဲ့အူဘာမီးယန်းတိုရဲ့ဂိုးတွေနဲ့ ရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်ဂိုးသမားလီနိုက လင်ဂတ်ရဲ့အောင်ပွဲခံပုံကို ပြန်တုံ့ပြန်ချင်တာကြောင့် တစ်သင်းလုံးကြိုးစားခဲ့တာဖြစ်ကြောင်းဖွင့်ဟခဲ့သလို လက်ရှိ ဘေးထွက်ထိုင်နေရတဲ့ အိုဇေးကလည်း တွစ်တာကနေ ‘ Dancefloor huh ‘ ဆိုပြီး လင်ဂတ်ကို ခနဲ့ခဲ့ပါတယ်။

အဲဒီလို သမိုင်းကြောင်းရှိခဲ့တဲ့ လင်ဂတ် ဒီကနေ့ညပွဲမှာ မပါနိုင်တာကတော့ မန်ယူအတွက် အဆိုးလား/အကောင်းလားဆိုတာ မကြာခင်လာမယ် မျှော်လို့သာ ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လင္ဂတ္မပါေတာ့တဲ့ ယူႏိုက္တက္နဲ႕အာဆင္နယ္ပြဲ…ဘယ္လိုရလဒ္ေတြထြက္ေပါ္လာမလဲ

ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၀၀ မွာေတာ့ ပရိသတ္ေတြလက္မလြတ္တမ္းၾကည့္ရႈရမယ့္ ပြဲႀကီးပြဲေကာင္းတစ္ပြဲရွိေနပါတယ္။ အဲဒီပြဲကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ မန္ယူ-အာဆင္နယ္ပြဲစဥ္ျဖစ္ၿပီး ပရီးမီးယားလိဂ္နန္းက်ဘုရင္ ၂သင္းအားၿပိဳင္ရမယ့္ပြဲပါ။

ဂႏၴဝင္နည္းျပႀကီးေတြျဖစ္တဲ့ဖာဂူဆန္နဲ႔ဝင္းဂါးလက္ထက္မွာ ၿပိဳင္ဆိုင္မႈအျမင့္ဆုံးျဖစ္ခဲ့တဲ့ မန္ယူ-အာဆင္နယ္ အားၿပိဳင္မႈဟာ ကစားသမားအျဖစ္ကေန နည္းျပျဖစ္လာ တဲ့ ဆိုးလ္ရွားနဲ႔အာတီတာလက္ထက္မွာလည္း အရင္ကလိုပဲ ၿပိဳင္ဆိုင္မႈျပင္းထန္ဆဲပါပဲ။

ဒီကေန႔ညပြဲမတိုင္မီမွာ ပရိသတ္အမ်ားစုေစာင့္ၾကည့္ၾကတာက မန္ယူမွာဆိုရင္ ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ကာဗာနီ၊ အာဆင္နယ္မွာဆိုရင္ အူဘာမီးယန္း၊ လာကာဇက္တို႔ျဖစ္ပါတယ္။

ဒါေပမဲ့ မန္ယူ -အာဆင္နယ္ထိပ္တိုက္ေတြ႕ဆုံခဲ့မႈသမိုင္းမွာ ေမ့ေဖ်ာက္ခ်န္ထားလု႔ိမရတဲ့ ကစားသမားတစ္ဦးလည္းရွိေနပါေသးတယ္။ သူကေတာ့ ဂ်က္ဆီလင္ဂတ္ပါ။

လက္ရွိမွာ ႂကြက္သားဒဏ္ရာရထားတဲ့လင္ဂတ္ဟာ ဒီကေန႔ညပြဲမွာ ပါဝင္ႏိုင္မွာမဟုတ္သလို သူ႔ရဲ႕ေျခစြမ္းကို ႀကိဳက္ႏွစ္သက္ျခင္းမရွိတာမို႔ ေရာင္းထုတ္(သို႔)အဌားပို႔ပစ္ဖို႔ေတာင္းဆိုေနၾကတဲ့ မန္ယူပရိသတ္ေတြကလည္း ဒုနဲ႔ေဒးပါပဲ။

ၿပိဳင္ဘက္ပရိသတ္ေတြကဆိုရင္ လင္ဂတ္ကို မတန္မရာ မက္ဆီလင္ဂတ္လို႔ေတာင္ ေလွာင္ေျပာင္ခဲ့ၾကတာပါ။
ဘယ္လိုပဲျဖစ္ပါေစ မန္ယူ-အာဆင္နယ္ေတြ႕ဆုံမႈသမိုင္းမွာ တစ္ေထာင့္တစ္ေနရာက ပါဝင္ခဲ့တဲ့လင္ဂတ္ရဲ႕စြမ္းေဆာင္မႈေတြကိုေတာ့ ေမ့ထားလို႔မရပါဘူး။
လင္ဂတ္ဟာ မန္ယူ-အာဆင္နယ္ ေတြ႕ဆုံတိုင္း မန္ယူအတြက္လာဘ္ေကာင္လို႔တင္စားရေလာက္ေအာင္ ရလဒ္ေကာင္းေစခဲ့ပါတယ္။ လင္ဂတ္ ပြဲထြက္(သို႔)လူစားဝင္သူအျဖစ္ပါဝင္ခဲ့တဲ့ ၈ပြဲမွာ မန္ယူဟာ အာဆင္နယ္ကို ၄ပြဲႏိုင္၊ ၂ပြဲသေရ၊ ၂ပြဲသာရႈံးခဲ့ပါတယ္။

လင္ဂတ္ရဲ႕ကစားသမားဘဝမွာ ဂိုးအသြင္းႏိုင္ဆုံးအသင္းကလည္း အာဆင္နယ္နဲ႔ ရွက္ဖီးWed ဆိုတာကို ထူးျခားစြာေတြ႕ရၿပီး အာဆင္နယ္ကိုဆိုရင္ ၄ဂိုးသြင္း၊ ၁ဂိုးဖန္တီးႏိုင္ခဲ့တာပါ။

၂၀၁၈-၁၉ရာသီ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာဆိုရင္ လင္ဂတ္ေၾကာင့္ ပြဲဆူခဲ့ၿပီး မီဒီယာေတြလည္း ေရးကြက္ရခဲ့ပါတယ္။ အမ္းမရိတ္ကြင္းမွာကစားခဲ့ရေပမယ့္ မန္ယူက ၁-၃နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာဆိုရင္ လင္ဂတ္ဟာ ကြင္းလယ္တိုက္စစ္သမားအျဖစ္ ပြဲထြက္ကစားၿပီး ဒုတိယဂိုးသြင္းေပးခဲ့ပါတယ္။

ဂိုးသြင္းအၿပီးမွာ လင္ဂတ္ဟာ အာဆင္နယ္ပရိသတ္ေတြေရွ႕သြားၿပီး ကျပေအာင္ပြဲခံခဲ့ပါတယ္။ ပြဲအၿပီးမွာလည္း အင္စတာဂရမ္ကေန သူေအာင္ပြဲခံေနတဲ့ဗြီဒီယိုကို ‘dancefloor ‘ ဆိုတဲ့ စာသားနဲ႔အတူတင္ခဲ့ပါေသးတယ္။

ေနာက္တစ္လခြဲနီးပါးအၾကာ အမ္းမရိတ္ကြင္းမွာပဲ ပရီးမီးယားလိဂ္ပြဲအျဖစ္ ျပန္ေတြ႕ခဲ့ရာမွာေတာ့ အာဆင္နယ္က ရွာကာနဲ႔အူဘာမီးယန္းတိုရဲ႕ဂိုးေတြနဲ႔ ရႈံးေႂကြးဆပ္ႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ အာဆင္နယ္ဂိုးသမားလီႏိုက လင္ဂတ္ရဲ႕ေအာင္ပြဲခံပုံကို ျပန္တုံ႔ျပန္ခ်င္တာေၾကာင့္ တစ္သင္းလုံးႀကိဳးစားခဲ့တာျဖစ္ေၾကာင္းဖြင့္ဟခဲ့သလို လက္ရွိ ေဘးထြက္ထိုင္ေနရတဲ့ အိုေဇးကလည္း တြစ္တာကေန ‘ Dancefloor huh ‘ ဆိုၿပီး လင္ဂတ္ကို ခနဲ႔ခဲ့ပါတယ္။

အဲဒီလို သမိုင္းေၾကာင္းရွိခဲ့တဲ့ လင္ဂတ္ ဒီကေန႔ညပြဲမွာ မပါႏိုင္တာကေတာ့ မန္ယူအတြက္ အဆိုးလား/အေကာင္းလားဆိုတာ မၾကာခင္လာမယ္ ေမွ်ာ္လို႔သာ ….