အာဆင်နယ်နဲ့ပွဲမှာ ကာဗာနီနဲ့ ဂရင်းဝုဒ်ထဲက ဘယ်သူ့ကို ပွဲထုတ်သင့်လဲဆိုတာ ပြောလာတဲ့ ဆက်တန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်က ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ ယနေ့ညကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ တွဲကစားဖို့အတွက် ကာဗာနီထက်စာရင် ဂရင်းဝုဒ်ကို ဦးစားပေးရွေးချယ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်တန်က ဆိုးလ်ရှားအနေနဲ့ ကြားရက်အတွင်း လိုက်ပ်ဇစ်ကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲကကစားကွက်အတိုင်း စိန့်ပွင့်ပုံစံနည်းဗျူဟာ ဆက်လက်ထုတ်သုံးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။


တိုက်စစ်ပိုင်းအတွက် အဲဒီစိန်ပွင့်ပုံစံမှာ ဆိုးလ်ရှားအတွက် အကောင်းဆုံးရွေးချယ်မှုက ဖာနန်ဒက်စ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဖြစ်ပေမယ့် မာရှယ်က ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရလို့ ဆိုးလ်ရှားအနေနဲ့ သူ့နေရာမှာ ကာဗာနီ ဒါမှမဟုတ် ဂရင်းဝုဒ် တစ်ဦးဦးကို အစားထိုးရွေးချယ်ရဖွယ်ရှိနေပါတယ်။


ဆက်တန်က အာဆင်နယ်နဲ့ပွဲအတွက် ဆိုးလ်ရှားရဲ့အကောင်းဆုံးလုပ်ဆောင်ချက်ကတော့ အတွေ့အကြုံထက် ငယ်ရွယ်မှုကို ပိုမိုဦးစားပေးရေးဖြစ်တယ်လို့ ပြောပါတယ်။ ”ယူနိုက်တက်ရဲ့အကောင်းဆုံးတိုက်စစ်အစုအဖွဲ့ကတော့ ဖာနန်ဒက်စ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ပါပဲ”


”ပြီးခဲ့တဲ့ပွဲအနည်းငယ်အတွင်း ဆိုးလ်ရှားရဲ့အလှည့်ကျထုတ်သုံးတဲ့စနစ်က အလုပ်ဖြစ်ခဲ့ပေမယ့် လိုက်ပ်ဇစ်နဲ့ပွဲမှာ သူတို့ ၃ယောက်ထုတ်သုံးသွားတဲ့အခါ ယူနိုက်တက်ရဲ့ကစားဟန်က တစ်ဆင့်မြင့်သွားပါတယ်။ ဖာနန်ဒက်စ်က စိန်ပွင့်ပုံစံကစားကွက်မှာ တိုက်စစ်မှူး ၂ဦးရဲ့အနောက် ထိပ်ပိုင်းမှာ နေရာယူကစားနိုင်ပါတယ်”


”ဒါပေမဲ့ ဒီညပွဲမှာ မာရှယ်မပါဝင်နိုင်လို့ ဆိုးလ်ရှားအနေနဲ့ ၄-၁-၂-၁-၂ ပုံစံပဲဆက်သုံးမလားဆိုတာ စိတ်ဝင်စားစရာပါ။ ပြီးတော့ ဒီကစားကွက် ဆက်သုံးလာမယ်ဆိုရင်လည်း ရက်ရှ်ဖို့ဒ်နဲ့အတူ တွဲကစားစေဖို့ ကာဗာနီနဲ့ ဂရင်းဝုဒ် တစ်ဦးဦးကို ရွေးရမှာပါ။ ကာဗာနီအနေနဲ့ အစ်ဂ်ဟာလိုလိုပဲ အရန်အဖြစ် ဝင်ကစားတာက ပိုကောင်းမယ်လို့ ထင်ပါတယ်”

”အာဆင်နယ်က ခံစစ်မှာ ၃ယောက်တန်းနဲ့ ပုံမှန် ၄ယောက်တန်းကို ပြောင်းလဲကစားနေပေမယ့် လက်စတာနဲ့ပွဲမှာ လူးဝစ်ဇ်အစား မူစတာဖီဝင်လာပြီးနောက် ဗာဒီက အေးအေးဆေးဆေးခေါင်းတိုက်သွင်းယူသွားပါတယ်”လို့ ဆက်တန်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အာဆင္နယ္နဲ႔ပဲြမွာ ကာဗာနီနဲ႔ ဂရင္း၀ုဒ္ထဲက ဘယ္သူ႕ကို ပြဲထုတ္သင့္လဲဆုိတာ ေျပာလာတဲ့ ဆက္တန္
ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ခရစၥဆက္တန္က ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားအေနနဲ႔ ယေန႔ညကစားရမယ့္ အာဆင္နယ္နဲ႔ပဲြမွာ ရက္ရွ္ဖုိ႔ဒ္နဲ႔ တြဲကစားဖုိ႔အတြက္ ကာဗာနီထက္စာရင္ ဂရင္း၀ုဒ္ကို ဦးစားေပးေရြးခ်ယ္သင့္တယ္လုိ႔ တုိက္တြန္းလုိက္ပါတယ္။

ဆက္တန္က ဆုိးလ္ရွားအေနနဲ႔ ၾကားရက္အတြင္း လုိက္ပ္ဇစ္ကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပဲြကကစားကြက္အတုိင္း စိန္႔ပြင့္ပုံစံနည္းဗ်ဴဟာ ဆက္လက္ထုတ္သုံးလာႏိုင္တယ္လုိ႔ ခန႔္မွန္းပါတယ္။
တိုက္စစ္ပိုင္းအတြက္ အဲဒီစိန္ပြင့္ပုံစံမွာ ဆုိးလ္ရွားအတြက္ အေကာင္းဆံုးေရြးခ်ယ္မႈက ဖာနန္ဒက္စ္၊ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ျဖစ္ေပမယ့္ မာရွယ္က ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံထားရလုိ႔ ဆုိးလ္ရွားအေနနဲ႔ သူ႕ေနရာမွာ ကာဗာနီ ဒါမွမဟုတ္ ဂရင္း၀ုဒ္ တစ္ဦးဦးကို အစားထုိးေရြးခ်ယ္ရဖြယ္ရွိေနပါတယ္။
ဆက္တန္က အာဆင္နယ္နဲ႔ပြဲအတြက္ ဆုိးလ္ရွားရဲ႕အေကာင္းဆုံးလုပ္ေဆာင္ခ်က္ကေတာ့ အေတြ႕အႀကံဳထက္ ငယ္ရြယ္မႈကို ပိုမိုဦးစားေပးေရးျဖစ္တယ္လုိ႔ ေျပာပါတယ္။ ”ယူႏုိက္တက္ရဲ႕အေကာင္းဆုံးတုိက္စစ္အစုအဖြဲ႕ကေတာ့ ဖာနန္ဒက္စ္၊ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ပါပဲ”
”ၿပီးခဲ့တဲ့ပြဲအနည္းငယ္အတြင္း ဆုိးလ္ရွားရဲ႕အလွည့္က်ထုတ္သုံးတဲ့စနစ္က အလုပ္ျဖစ္ခဲ့ေပမယ့္ လုိက္ပ္ဇစ္နဲ႔ပြဲမွာ သူတုိ႔ ၃ေယာက္ထုတ္သုံးသြားတဲ့အခါ ယူႏုိက္တက္ရဲ႕ကစားဟန္က တစ္ဆင့္ျမင့္သြားပါတယ္။ ဖာနန္ဒက္စ္က စိန္ပြင့္ပုံစံကစားကြက္မွာ တုိက္စစ္မွဴး ၂ဦးရဲ႕အေနာက္ ထိပ္ပိုင္းမွာ ေနရာယူကစားႏုိင္ပါတယ္”
”ဒါေပမဲ့ ဒီညပြဲမွာ မာရွယ္မပါ၀င္ႏိုင္လုိ႔ ဆုိးလ္ရွားအေနနဲ႔ ၄-၁-၂-၁-၂ ပုံစံပဲဆက္သုံးမလားဆုိတာ စိတ္၀င္စားစရာပါ။ ၿပီးေတာ့ ဒီကစားကြက္ ဆက္သုံးလာမယ္ဆုိရင္လည္း ရက္ရွ္ဖို႔ဒ္နဲ႔အတူ တြဲကစားေစဖုိ႔ ကာဗာနီနဲ႔ ဂရင္း၀ုဒ္ တစ္ဦးဦးကို ေရြးရမွာပါ။ ကာဗာနီအေနနဲ႔ အစ္ဂ္ဟာလုိလုိပဲ အရန္အျဖစ္ ၀င္ကစားတာက ပိုေကာင္းမယ္လုိ႔ ထင္ပါတယ္”

”အာဆင္နယ္က ခံစစ္မွာ ၃ေယာက္တန္းနဲ႔ ပုံမွန္ ၄ေယာက္တန္းကို ေျပာင္းလဲကစားေနေပမယ့္ လက္စတာနဲ႔ပြဲမွာ လူး၀စ္ဇ္အစား မူစတာဖီ၀င္လာၿပီးေနာက္ ဗာဒီက ေအးေအးေဆးေဆးေခါင္းတုိက္သြင္းယူသြားပါတယ္”လုိ႔ ဆက္တန္က ေျပာပါတယ္။