အာမခံလျှောက်ထားမှုငြင်းပယ်ခံရခြင်းကြောင့်နောက်ထပ်သုံးလတိုင်တိုင် ထောင်ထဲတွင်နေရမယ့် မင်ဒီ

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီဟာမုဒိန်းမှု၊လိင်အကြမ်းဖက်မှုတို့အတွက်

တရားရင်ဆိုင်ရရန်သုံးလအလိုတွင်အာမခံလျှောက်ထားရာငြင်းပယ်ခြင်းခံခဲ့

ရပါတယ်။အသက်၂၇နှစ်ရှိမင်ဒီဟာအာမခံလျှောက်ထားမှုငြင်းပယ်ခံရခြင်းကြောင့်

နောက်ထပ်သုံးလတိုင်တိုင် ထောင်ထဲတွင်နေရပါဦးမယ်။

အသက်၂၇နှစ်ရှိမင်ဒီဟာလီဗာပူးရှိ HMP Altcourse အကျဉ်းထောင်တွင်

ထိန်းသိမ်းခြင်းခံထားရသူဖြစ်ပြီးချက်စတာခရောင်းတရားရုံးမှတရားသူကြီး

တစ်ဦးကအာမခံလျှောက်ထားမှုကိုငြင်းပယ်လိုက်တာပါ။

ချီရှိုင်းယား၊ပရက်စ်ဘူရီတွင်နေထိုင်နေတဲ့မန်စီးတီးနောက်ခံလူဟာ

ဩဂုတ်လတုန်းကမုဒိန်းမှုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရသူဖြစ်ပြီးယခုအခါ

အကျဉ်းထောင်အတွင်းတွင်နေထိုင်လာခဲ့တာ၈ပတ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။

သူဟာမုဒိန်းမှု၃မှု၊လိင်အကြမ်းဖက်မှု၁မှုတို့ဖြင့်တရားစွဲဆိုခံထားရပြီးတတိယ

အကြိမ်မြောက်အဖြစ်အာမခံလျှောက်ထားရာပယ်ချခံခဲ့ရပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းကကျူးလွန်ခဲ့တဲ့မုဒိန်းမှု၃မှု၊

ယခုနှစ်ဇန်နဝါရီလတုန်းကအမျိုးသမီးတစ်ဦးအားလိင်အကြမ်းဖက်မှုကျူးလွန်မှု၁ခုတို့

အတွက်တရားစွဲခံထားရတာပါ။ဒါ့အပြင်သူဟာဩဂုတ်လတုန်းကအမျိုးသမီးတစ်ဦးကို

မုဒိန်းကျင့်မှုအတွက်စွဲချက်တင်ခြင်းခံခဲ့ရပါသေးတယ်။

သူဟာအသက်၁၈နှစ်အောက် အမျိုးသမီးငယ်တစ်ဦးအပါအဝင်ကွဲပြားတဲ့

အမျိုးသမီးသုံးဦးတို့ကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့တာဖြစ်ပြီးအထက်ပါအမှုများအား

ပရက်စ်ဘူရီရှိသူ့နေအိမ်မှာကျူးလွန်ခဲ့တာပါ။

zawgyi

အာမခံေလွ်ာက္ထားမႈျငင္းပယ္ခံရျခင္းေၾကာင့္ေနာက္ထပ္သုံးလတိုင္တိုင္ ေထာင္ထဲတြင္ေနရမယ့္ မင္ဒီ

မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီဟာမုဒိန္းမႈ၊လိင္အၾကမ္းဖက္မႈတို႔အတြက္

တရားရင္ဆိုင္ရရန္သုံးလအလိုတြင္အာမခံေလွ်ာက္ထားရာျငင္းပယ္ျခင္းခံခဲ့

ရပါတယ္။အသက္၂၇ႏွစ္ရွိမင္ဒီဟာအာမခံေလွ်ာက္ထားမႈျငင္းပယ္ခံရျခင္းေၾကာင့္

ေနာက္ထပ္သုံးလတိုင္တိုင္ ေထာင္ထဲတြင္ေနရပါဦးမယ္။

အသက္၂၇ႏွစ္ရွိမင္ဒီဟာလီဗာပူးရွိ HMP Altcourse အက်ဥ္းေထာင္တြင္

ထိန္းသိမ္းျခင္းခံထားရသူျဖစ္ၿပီးခ်က္စတာခေရာင္းတရား႐ုံးမွတရားသူႀကီး

တစ္ဦးကအာမခံေလွ်ာက္ထားမႈကိုျငင္းပယ္လိုက္တာပါ။

ခ်ီရႈိင္းယား၊ပရက္စ္ဘူရီတြင္ေနထိုင္ေနတဲ့မန္စီးတီးေနာက္ခံလူဟာ

ဩဂုတ္လတုန္းကမုဒိန္းမႈျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရသူျဖစ္ၿပီးယခုအခါ

အက်ဥ္းေထာင္အတြင္းတြင္ေနထိုင္လာခဲ့တာ၈ပတ္တိုင္တိုင္ရွိၿပီျဖစ္ပါတယ္။

သူဟာမုဒိန္းမႈ၃မႈ၊လိင္အၾကမ္းဖက္မႈ၁မႈတို႔ျဖင့္တရားစြဲဆိုခံထားရၿပီးတတိယ

အႀကိမ္ေျမာက္အျဖစ္အာမခံေလွ်ာက္ထားရာပယ္ခ်ခံခဲ့ရပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလတုန္းကက်ဴးလြန္ခဲ့တဲ့မုဒိန္းမႈ၃မႈ၊

ယခုႏွစ္ဇန္နဝါရီလတုန္းကအမ်ိဳးသမီးတစ္ဦးအားလိင္အၾကမ္းဖက္မႈက်ဴးလြန္မႈ၁ခုတို႔

အတြက္တရားစြဲခံထားရတာပါ။ဒါ့အျပင္သူဟာဩဂုတ္လတုန္းကအမ်ိဳးသမီးတစ္ဦးကို

မုဒိန္းက်င့္မႈအတြက္စြဲခ်က္တင္ျခင္းခံခဲ့ရပါေသးတယ္။

သူဟာအသက္၁၈ႏွစ္ေအာက္ အမ်ိဳးသမီးငယ္တစ္ဦးအပါအဝင္ကြဲျပားတဲ့

အမ်ိဳးသမီးသုံးဦးတို႔ကိုလိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ခဲ့တာျဖစ္ၿပီးအထက္ပါအမႈမ်ားအား

ပရက္စ္ဘူရီရွိသူ႔ေနအိမ္မွာက်ဴးလြန္ခဲ့တာပါ။