ကွင်းထဲဝင်လာပြီး ၁၂၆ စက္ကန့်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို (စပီဇီယာ ၁-၄ ဂျူဗင်တပ်စ် ပွဲပြီးသုံးသပ်ချက်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ပိုင်းမှာ ရလဒ်တွေဆိုးရွားနေတဲ့ ဂျူဗင်တပ်စ်ဟာ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို ပြန်ကစားနိုင်မှုနဲ့အတူ အရေးတကြီးလိုအပ်နေတဲ့နိုင်ပွဲ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အေစီမီလန်နဲ့ ၄ မှတ်အကွာကို ပြန်ရောက်လာပါတယ်။

ရော်နယ်ဒိုဟာ သောကြာညက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုမှာ Negative ထွက်ခဲ့ပြီးနောက် ဒီပွဲမှာ အရန်အဖြစ် ပါဝင်လာတာဖြစ်ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ ဒီဘားလားအစား လူစားဝင်လာတဲ့ ရော်နယ်ဒိုဟာ ကွင်းထဲရောက်ပြီး ၁၂၆ စက္ကန့်အကြာမှာပဲ ဂျူဗင်တပ်စ်အတွက် လိုအပ်နေတဲ့ အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉မိနစ်မှာ အလယ်ကြောကနေ မိုရာတာ အသာမျှောပေးတာကို ရော်နယ်ဒိုက တစ်ချက်ဆွဲပြေးပြီး ဂိုးသမားကိုပါ လိမ်ခေါက်ကာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ အသာလေးကန်သွင်းသွားတာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး မိုရာတာရဲ့ဂိုးကြောင့် စောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၃၂ မိနစ်မှာပဲ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။

အဲဒီနောက် ဂျူဗင်တပ်စ်အသင်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် စပီဇီယာခံစစ်ကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။


ပွဲချိန် ၅၉ မိနစ်မှာ ရော်နယ်ဒိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ပွဲချိန် ၆၇ မိနစ်မှာ ချီယေဆာရဲ့ဖန်တီးပေးမှုကနေ ကွင်းလယ်လူ ရာဘီယော့က တတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာ ချီယေဆာကြောင့် ရရှိလာတဲ့ပင်နယ်တီကို ရော်နယ်ဒိုက ပါနန်ကာကန်ချက်နဲ့ ဂိုးသမားကို လှည့်စားကာ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ ၂ပွဲဆက်နိုင်ပွဲပျောက်နေမှုကို ကြီးမားတဲ့နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး အသင်းက ရော်နယ်ဒိုမကစားနိုင်တဲ့ ၄ပွဲမှာ ၁ပွဲပဲအနိုင်ရခဲ့ပေမယ့် အခု ရော်နယ်ဒို ပြန်ကစားနိုင်ချိန်မှာတော့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။


ရော်နယ်ဒိုအနေနဲ့လည်း ဒီရာသီစီးရီးအေမှာ ကစားခဲ့သမျှပွဲတိုင်းဂိုးသွင်းနိုင်တဲ့စံချိန် တင်ထားပြီး အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့အတူ ဒီစံချိန်တင်ထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကြင္းထဲဝင္လာၿပီး ၁၂၆ စကၠန႔္အၾကာမွာပဲ ဂိုးသြင္းႏိုင္ခဲ့တဲ့ ေရာ္နယ္ဒို (စပီဇီယာ ၁-၄ ဂ်ဴဗင္တပ္စ္ ပြဲၿပီးသုံးသပ္ခ်က္)
ေနာက္ပိုင္းမွာ ရလဒ္ေတြဆိုး႐ြားေနတဲ့ ဂ်ဴဗင္တပ္စ္ဟာ ၾကယ္ပြင့္တိုက္စစ္မႉး ေရာ္နယ္ဒို ျပန္ကစားႏိုင္မႈနဲ႔အတူ အေရးတႀကီးလိုအပ္ေနတဲ့ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ေအစီမီလန္နဲ႔ ၄ မွတ္အကြာကို ျပန္ေရာက္လာပါတယ္။ ေရာ္နယ္ဒိုဟာ ေသာၾကာညက ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈမွာ Negative ထြက္ခဲ့ၿပီးေနာက္ ဒီပြဲမွာ အရန္အျဖစ္ ပါဝင္လာတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၅၆ မိနစ္မွာ ဒီဘားလားအစား လူစားဝင္လာတဲ့ ေရာ္နယ္ဒိုဟာ ကြင္းထဲေရာက္ၿပီး ၁၂၆ စကၠန႔္အၾကာမွာပဲ ဂ်ဴဗင္တပ္စ္အတြက္ လိုအပ္ေနတဲ့ အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၅၉မိနစ္မွာ အလယ္ေၾကာကေန မိုရာတာ အသာေမွ်ာေပးတာကို ေရာ္နယ္ဒိုက တစ္ခ်က္ဆြဲေျပးၿပီး ဂိုးသမားကိုပါ လိမ္ေခါက္ကာ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲ အသာေလးကန္သြင္းသြားတာျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ တိုက္စစ္မႉး မိုရာတာရဲ႕ဂိုးေၾကာင့္ ေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၃၂ မိနစ္မွာပဲ ေခ်ပဂိုးျပန္ေပးလိုက္ရပါတယ္။ အဲဒီေနာက္ ဂ်ဴဗင္တပ္စ္အသင္း ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္ စပီဇီယာခံစစ္ကို ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၅၉ မိနစ္မွာ ေရာ္နယ္ဒိုက ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၆၇ မိနစ္မွာ ခ်ီေယဆာရဲ႕ဖန္တီးေပးမႈကေန ကြင္းလယ္လူ ရာဘီေယာ့က တတိယေျမာက္ဂိုးသြင္းယူခဲ့ပါတယ္။ ပြဲခ်ိန္ ၇၆ မိနစ္မွာ ခ်ီေယဆာေၾကာင့္ ရရွိလာတဲ့ပင္နယ္တီကို ေရာ္နယ္ဒိုက ပါနန္ကာကန္ခ်က္နဲ႔ ဂိုးသမားကို လွည့္စားကာ ကန္သြင္းယူႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အေနနဲ႔ ၂ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနမႈကို ႀကီးမားတဲ့ႏိုင္ပြဲနဲ႔ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး အသင္းက ေရာ္နယ္ဒိုမကစားႏိုင္တဲ့ ၄ပြဲမွာ ၁ပဲြပဲအႏိုင္ရခဲ့ေပမယ့္ အခု ေရာ္နယ္ဒို ျပန္ကစားႏိုင္ခ်ိန္မွာေတာ့ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့တာပါ။
ေရာ္နယ္ဒိုအေနနဲ႔လည္း ဒီရာသီစီးရီးေအမွာ ကစားခဲ့သမွ်ပြဲတုိင္းဂိုးသြင္းႏုိင္တဲ့စံခ်ိန္ တင္ထားၿပီး ေအစီမီလန္တုိက္စစ္မွဴး အီဘရာဟီမုိဗစ္နဲ႔အတူ ဒီစံခ်ိန္တင္ထားတာျဖစ္ပါတယ္။