အိုးလ်ထရက်ဖို့ဒ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်တာကို အဆုံးသတ်မှုနဲ့အတူ ကြီး ၆ ကြီးကို အဝေးကွင်းမှာ နိုင်ဖို့ အာဆင်နယ် ၅ နှစ်ကြာ စောင့်ခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနဲ့ အာဆင်နယ်ပွဲအပြီးမှာ ၂ သင်းစလုံးအတွက် အချက်အလက်မှတ်တမ်း ကိုယ်စီ အဆိုးအကောင်း ဒွန်တွဲရှိခဲ့ကြပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားအတွက်က တော့ သူ့ရဲ့ပွဲ ၁၀၀ ပြည့်မှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရ တာဖြစ်ပါတယ်။ အာဆင်နယ်အတွက်ကတော့ မှတ်တမ်းဆိုးတွေကို ချေဖျက်သွား နိုင်ခဲ့တဲ့ပွဲတစ်ပွဲလို့ ဆိုရမှာပါ။ ဒီ ၂ သင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ မှတ်တမ်း တွေကိုကြည့်မယ်ဆိုရင်တော့ …။

၁။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းကို ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်း ပွဲ ၃၀ တိတိ အဝေးကွင်းမှာ နိုင်ပွဲမရှိခဲ့တာကို အဆုံး သတ်နိုင်ခဲ့သလို မန်ယူရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ၂၀၀၆ နောက်ပိုင်း ၁၄ နှစ်အကြာ နိုင်ပွဲမရှိခဲ့ တာကိုလည်း ချေဖျက်နိုင်ခဲ့ပါတယ်။

၂။ အာဆင်နယ်ဟာ ထူးခြားတာက မန်ယူကွင်းမှာ ၈-၂ ရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးပေမယ့် သူတို့ပြန်အနိုင်ရခဲ့တဲ့ ၁၉၈၅ ကစပြီး လက်ရှိ ၂၀၂၀ ပရီးမီးယား လိဂ်ပွဲစဉ်တွေမှာ ဝ-၁ ရလဒ်နဲ့ပဲ အနိုင်ပြန်ရခဲ့ခြင်းပါပဲ။ အာဆင်နယ် အိုးလ်ထရက် ဖို့ဒ်မှာ နောက်ဆုံးအနိုင်ရခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက ဆိုးလ်ရှားဟာ မန်ယူကစားသမားဘဝမှာရှိနေခဲ့ပြီး အခုတစ်ကြိမ်မှာတော့ နည်းပြအဖြစ် ပြန်ရင်ဆိုင်ခဲ့ရတာပါ။

၃။ မန်ယူအနေနဲ့ ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကိုအနိုင်ရခဲ့ပြီး ဒီရာသီရဲ့ အိုးလ်ထ ရက်ဖို့ဒ် ပထမဆုံးနိုင်ပွဲကိုရခဲ့ပေ မယ့်လည်း အခုပွဲရှုံးတာကြောင့် ပရီးမီးယားလိဂ် ရာသီအစပိုင်း အိမ်ကွင်း ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့မှတ်တမ်းကို ဝင်သွားခဲ့ပြီး ၁၉၇၂ နောက်ပိုင်း ပထမ ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

၄။ အူဘာမီယန်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်းဘက်ကို ပင်နယ်တီကနေ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ဗန်ပါစီ(၂၀၁၁) နဲ့ ဂီလ်ဘာဒို ဆေးလ်ဗား(၂၀၀၆) တို့က ဂိုးမဝင်ခဲ့ပါဘူး။

၅။ ဘောလုံးရာသီအစ အိမ်ကွင်း ၄ ပွဲမှာ တစ်မှတ်သာရယူနိုင်ခဲ့တဲ့ မန်ယူဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဖွင့် ၄ ပွဲမှာ ရမှတ်အနည်းဆုံးဖြစ်ခဲ့ပါတယ်။ အဖွင့် ၆ပွဲမှာ ၇ မှတ် ရရှိထားပြီး နည်းပြဟောင်း ဒေးဗစ်မိုယက်စ်လက် ထက်တုန်းက မှတ်တမ်းနဲ့ တူညီသွားပါပြီ။

၆။ မန်ယူဟာ အိမ်ကွင်းလိဂ်နောက်ဆုံး ၇ ပွဲမှာ ပင်နယ်တီ ၅ လုံးပေးခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အိုးလ်ထရက်ဖို့ဒ်မှာ ပင်နယ်တီ ၁၀၁ လုံး ပေးခဲ့ရပြီးပါပြီ။

၇။ ပေါ့ဂ်ဘာအနေနဲ့ ဆိုးလ်ရှားလက်ထက်မှာ ပင်နယ်တီပြစ်ဒဏ်ဘောအကျူးလွန် ဆုံးကစားသမားဖြစ်နေပြီး သူ့ကြောင့် ပင်နယ်တီ ၃ ကြိမ် ပေးထားရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုးလ္ထရက္ဖို႔ဒ္မွာ ၁၄ ႏွစ္ၾကာ ႏိုင္ပြဲေပ်ာက္တာကို အဆံုးသတ္မႈနဲ႔အတူ

ႀကီး ၆ ႀကီးကို အေ၀းကြင္းမွာ ႏိုင္ဖို႔ အာဆင္နယ္ ၅ ႏွစ္ၾကာ ေစာင့္ခဲ့ရ

မန္ယူနဲ႔ အာဆင္နယ္ပြဲအၿပီးမွာ ၂ သင္းစလံုးအတြက္ အခ်က္အလက္မွတ္တမ္း ကိုယ္စီ အဆိုးအေကာင္း ဒြန္တြဲရွိခဲ့ၾကပါတယ္။မန္ယူနည္းျပ ဆိုးလ္ရွားအတြက္က ေတာ့ သူ႕ရဲ႕ပြဲ ၁၀၀ ျပည့္မွာ အရႈံးနဲ႔ရင္ဆိုင္ခဲ့ရ တာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ကေတာ့ မွတ္တမ္းဆိုးေတြကို ေခ်ဖ်က္သြား ႏိုင္ခဲ့တဲ့ပြဲတစ္ပြဲလို႔ ဆိုရမွာပါ။ ဒီ ၂ သင္းနဲ႔ပတ္သက္ၿပီး ျဖစ္ေပၚလာတဲ့ မွတ္တမ္း ေတြကိုၾကည့္မယ္ဆိုရင္ေတာ့ …။

၁။ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ထိပ္ဆံုး ၆ သင္းကို ၂၀၁၅ ဒီဇင္ဘာေနာက္ပိုင္း ပြဲ ၃၀ တိတိ အေ၀းကြင္းမွာ ႏိုင္ပြဲမရွိခဲ့တာကို အဆံုး သတ္ႏိုင္ခဲ့သလို မန္ယူရဲ႕ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ၂၀၀၆ ေနာက္ပိုင္း ၁၄ ႏွစ္အၾကာ ႏိုင္ပြဲမရွိခဲ့ တာကိုလည္း ေခ်ဖ်က္ႏိုင္ခဲ့ပါတယ္။

၂။ အာဆင္နယ္ဟာ ထူးျခားတာက မန္ယူကြင္းမွာ ၈-၂ ရလဒ္မ်ဳိးနဲ႔ ရႈံးနိ္မ့္ခဲ့ဖူးေပမယ့္ သူတို႔ျပန္အႏိုင္ရခဲ့တဲ့ ၁၉၈၅ ကစၿပီး လက္ရွိ ၂၀၂၀ ပရီးမီးယား လိဂ္ပြဲစဥ္ေတြမွာ ၀-၁ ရလဒ္နဲ႔ပဲ အႏိုင္ျပန္ရခဲ့ျခင္းပါပဲ။ အာဆင္နယ္ အိုးလ္ထရက္ ဖို႔ဒ္မွာ ေနာက္ဆံုးအႏိုင္ရခဲ့တဲ့ ၂၀၀၆ ခုႏွစ္တုန္းက ဆိုးလ္ရွားဟာ မန္ယူကစားသမားဘ၀မွာရွိေနခဲ့ၿပီး အခုတစ္ႀကိမ္မွာေတာ့ နည္းျပအျဖစ္ ျပန္ရင္ဆိုင္ခဲ့ရတာပါ။

၃။ မန္ယူအေနနဲ႔ ခ်န္ပီယံလိဂ္မွာ လိုက္ဇစ္ကိုအႏိုင္ရခဲ့ၿပီး ဒီရာသီရဲ႕ အိုးလ္ထ ရက္ဖို႔ဒ္ ပထမဆံုးႏိုင္ပြဲကိုရခဲ့ေပ မယ့္လည္း အခုပြဲရႈံးတာေၾကာင့္ ပရီးမီးယားလိဂ္ ရာသီအစပိုင္း အိမ္ကြင္း ၄ ပြဲဆက္တို္က္ ႏိုင္ပြဲေပ်ာက္တဲ့မွတ္တမ္းကို ၀င္သြားခဲ့ၿပီး ၁၉၇၂ ေနာက္ပိုင္း ပထမ ဆံုးအႀကိမ္ျဖစ္ခဲ့ပါတယ္။

၄။ အူဘာမီယန္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူအသင္းဘက္ကို ပင္နယ္တီကေန ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးကစားသမားျဖစ္လာခဲ့ၿပီး ဗန္ပါစီ(၂၀၁၁) နဲ႔ ဂီလ္ဘာဒို ေဆးလ္ဗား(၂၀၀၆) တုိ႔က ဂိုးမ၀င္ခဲ့ပါဘူး။

၅။ ေဘာလံုးရာသီအစ အိမ္ကြင္း ၄ ပြဲမွာ တစ္မွတ္သာရယူႏိုင္ခဲ့တဲ့ မန္ယူဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အဖြင့္ ၄ ပြဲမွာ ရမွတ္အနည္းဆံုးျဖစ္ခဲ့ပါတယ္။ အဖြင့္ ၆ပြဲမွာ ၇ မွတ္ ရရွိထားၿပီး နည္းျပေဟာင္း ေဒးဗစ္မုိယက္စ္လက္ ထက္တုန္းက မွတ္တမ္းနဲ႔ တူညီသြားပါၿပီ။

၆။ မန္ယူဟာ အိမ္ကြင္းလိဂ္ေနာက္ဆံုး ၇ ပြဲမွာ ပင္နယ္တီ ၅ လံုးေပးခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အိုးလ္ထရက္ဖို႔ဒ္မွာ ပင္နယ္တီ ၁၀၁ လံုး ေပးခဲ့ရၿပီးပါၿပီ။

၇။ ေပါ့ဂ္ဘာအေနနဲ႔ ဆိုးလ္ရွားလက္ထက္မွာ ပင္နယ္တီျပစ္ဒဏ္ေဘာအက်ဴးလြန္ ဆံုးကစားသမားျဖစ္ေနၿပီး သူ႕ေၾကာင့္ ပင္နယ္တီ ၃ ႀကိမ္ ေပးထားရပါတယ္။