အာဆင်နယ်အတွက် ၇ လအတွင်း တစ်ပွဲမှမကစားပေးရပေမယ့် သစ္စာရှိကြေးအဖြစ် ပေါင် ၈ သန်း ဆုကြေးရထားတဲ့ အိုဇေးလ်

အာဆင်နယ်အသင်းနဲ့ ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့ကစပြီး ၇ လတာအတွင်း တစ်ပွဲမှ မကစားရသေးပေမယ့် အသင်းနဲ့သဘောတူညီထားတဲ့ သစ္စာရှိတဲ့ဆုကြေး ပေါင် ၈ သန်းကို ပြီးခဲ့တဲ့စက်တင်ဘာလက အိုဇေးလ် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ အာ ဆင်နယ်မှာ တစ်ပတ်ပေါင် ၃၅၀၀၀၀ လစာရရှိနေတဲ့ အိုဇေးလ်ဟာ အသင်းနဲ့စာချုပ် သစ်ကို ၂၀၁၈ ဇန်နဝါရီက ချုပ်ဆိုခဲ့တာလည်းဖြစ်ပြီး စာချုပ်ပါအချက်အလက်တစ်ခု ဖြစ်တဲ့ အခုဆုကြေးကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ခဲ့ တဲ့ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ အိုဇေးလ်က ချန်လှပ်ခံခဲ့ရသလို လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာထုတ်ပြန်မယ့် ပရီးမီးယားလိဂ်လူစာရင်းမှာ ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ အသင်းအနေနဲ့ အိုဇေးလ်ကိုရောင်းချလိုတဲ့ ပုံစံရှိနေပြီး အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဇေးလ်အတွက် ဆော်ဒီအာရေဗျ ကလပ် အဲလ်နာဆာက ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ကစားသမားကိုယ်တိုင် က ပြောင်းရွှေ့လိုခြင်းမရှိတာကြောင့် အထမမြောက်ခဲ့ပါဘူး။

အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ် တုန်းက ရီးရဲလ်ကနေ ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပြီး လက်ရှိနည်းပြ အာတီတာနဲ့လည်း ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ အတူတွဲကစားခဲ့ဖူးပါတယ်။ အိုဇေးလ်ရဲ့အနေအထားနဲ့ပတ်သက်ပြီး ပရိသတ်တွေက ရှင်းရှင်းလင်းလင်းသိချင်နေ ကြတာတွေရှိပါတယ်။

မီဒီယာတွေရဲ့မေးခွန်းတွေကို အာတီတာက “ကျွန်တော်တို့အ သင်းဟာ ရှေ့ကိုဆက်ပြီးတိုးတက်အောင်သွားနေတာပါ။ ကစားသမားတွေ အဝင်အ ထွက်ပြောင်းလဲသွားသလို တစ်ပတ်နဲ့တစ်ပတ်လည်းမတူပါဘူး။ ဒါက အိုဇေးလ်အတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အပတ်စဉ်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် ကစာသမားတွေကိုပဲရွေးရမှာပါ။ မီဒီယာတွေအနေနဲ့ အိုဇေးလ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေလိုပဲ သိချင်တာတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်ကတော့ အသင်းရလဒ်ကောင်းဖို့ အကောင်းဆုံးရွေးချယ်မှုတွေကို ပြု လုပ်ရမှာပဲဖြစ်ပါတယ်” လို့ အာတီတာက ပြောကြားသွားခဲ့ပါတယ်။

အိုဇေးလ်ဟာ ပြီးခဲ့ တဲ့ရက်ပိုင်းတုန်းကလည်း အလုပ်ရပ်နားခြင်းခံရတဲ့ အသင်းလာဘ်ကောင်ရုပ်လေးအ တွက် လစာကို သူ အာဆင်နယ်ကစားသမားအဖြစ်ရှိနေသမျှကာလပတ်လုံး ပေးချေ သွားမယ်လို့ ပြောကြားခဲ့တဲ့သူပါ။ သူ့ရဲ့လုပ်ရပ်အပေါ် အာဆင်နယ်ပရိသတ်တွေက ချီးကျူးမှုတွေရှိနေပြီး အခုလိုလစာနဲ့ ဆုကြေးငွေတွေရနေတာကြောင့် ဒီကူညီတဲ့ကိစ္စ ဟာ သူ့အတွက် အသေးအဖွဲသဘောသာရှိပါတယ်။

zawgyi

အာဆင္နယ္အတြက္ ၇ လအတြင္း တစ္ပြဲမွမကစားေပးရေပမယ့္ သစၥာရွိေၾကးအျဖစ္ ေပါင္ ၈ သန္း ဆုေၾကးရထားတဲ့ အိုေဇးလ္

အာဆင္နယ္အသင္းနဲ႔ ၿပီးခဲ့တဲ့မတ္လ ၇ ရက္ေန႔ကစၿပီး ၇ လတာအတြင္း တစ္ပြဲမွ မကစားရေသးေပမယ့္ အသင္းနဲ႔သေဘာတူညီထားတဲ့ သစၥာရွိတဲ့ဆုေၾကး ေပါင္ ၈ သန္းကို ၿပီးခဲ့တဲ့စက္တင္ဘာလက အိုေဇးလ္ လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။ အာ ဆင္နယ္မွာ တစ္ပတ္ေပါင္ ၃၅၀၀၀၀ လစာရရွိေနတဲ့ အိုေဇးလ္ဟာ အသင္းနဲ႔စာခ်ဳပ္ သစ္ကို ၂၀၁၈ ဇန္န၀ါရီက ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ၿပီး စာခ်ဳပ္ပါအခ်က္အလက္တစ္ခု ျဖစ္တဲ့ အခုဆုေၾကးကိုရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ထုတ္ျပန္ခဲ့ တဲ့ အာဆင္နယ္အသင္းရဲ႕ ယူရိုပါလိဂ္လူစာရင္းမွာ အိုေဇးလ္က ခ်န္လွပ္ခံခဲ့ရသလို လာမယ့္ ေအာက္တုိဘာလ ၂၀ ရက္ေန႔မွာထုတ္ျပန္မယ့္ ပရီးမီးယားလိဂ္လူစာရင္းမွာ ပါ၀င္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ အသင္းအေနနဲ႔ အိုေဇးလ္ကိုေရာင္းခ်လိုတဲ့ ပံုစံရွိေနၿပီး အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အိုေဇးလ္အတြက္ ေဆာ္ဒီအာေရဗ် ကလပ္ အဲလ္နာဆာက ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းထားေပမယ့္ ကစားသမားကိုယ္တိုင္ က ေျပာင္းေရႊ႕လိုျခင္းမရွိတာေၾကာင့္ အထမေျမာက္ခဲ့ပါဘူး။

အိုေဇးလ္ဟာ ၂၀၁၃ ခုႏွစ္ တုန္းက ရီးရဲလ္ကေန ေပါင္ ၄၂.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့သူျဖစ္ၿပီး လက္ရွိနည္းျပ အာတီတာနဲ႔လည္း ၂၀၁၃ ကေန ၂၀၁၆ ခုႏွစ္အတြင္းမွာ အတူတြဲကစားခဲ့ဖူးပါတယ္။ အုိေဇးလ္ရဲ႕အေနအထားနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ရွင္းရွင္းလင္းလင္းသိခ်င္ေန ၾကတာေတြရွိပါတယ္။

မီဒီယာေတြရဲ႕ေမးခြန္းေတြကို အာတီတာက “ကၽြန္ေတာ္တို႔အ သင္းဟာ ေရွ႕ကိုဆက္ၿပီးတိုးတက္ေအာင္သြားေနတာပါ။ ကစားသမားေတြ အ၀င္အ ထြက္ေျပာင္းလဲသြားသလို တစ္ပတ္နဲ႔တစ္ပတ္လည္းမတူပါဘူး။ ဒါက အိုေဇးလ္အတြက္ ခက္ခဲမႈရွိႏိုင္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ အပတ္စဥ္တိုင္းမွာ အသင္းအတြက္ အေကာင္းဆံုးျဖစ္မယ့္ ကစာသမားေတြကိုပဲေရြးရမွာပါ။ မီဒီယာေတြအေနနဲ႔ အိုေဇးလ္နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြလိုပဲ သိခ်င္တာေတြရွိတယ္ဆုိတာ နားလည္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္အလုပ္ကေတာ့ အသင္းရလဒ္ေကာင္းဖို႔ အေကာင္းဆံုးေရြးခ်ယ္မႈေတြကို ျပဳ လုပ္ရမွာပဲျဖစ္ပါတယ္” လို႔ အာတီတာက ေျပာၾကားသြားခဲ့ပါတယ္။

အိုေဇးလ္ဟာ ၿပီးခဲ့ တဲ့ရက္ပိုင္းတုန္းကလည္း အလုပ္ရပ္နားျခင္းခံရတဲ့ အသင္းလာဘ္ေကာင္ရုပ္ေလးအ တြက္ လစာကို သူ အာဆင္နယ္ကစားသမားအျဖစ္ရွိေနသမွ်ကာလပတ္လံုး ေပးေခ် သြားမယ္လုိ႔ ေျပာၾကားခဲ့တဲ့သူပါ။ သူ႕ရဲ႕လုပ္ရပ္အေပၚ အာဆင္နယ္ပရိသတ္ေတြက ခ်ီးက်ဴးမႈေတြရွိေနၿပီး အခုလိုလစာနဲ႔ ဆုေၾကးေငြေတြရေနတာေၾကာင့္ ဒီကူညီတဲ့ကိစၥ ဟာ သူ႕အတြက္ အေသးအဖြဲသေဘာသာရွိပါတယ္။