
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီကျရင် ကစားသမားသစ်
ခေါ်ယူအားဖြည့်ဖို့အတွက် တိုက်စစ်ကစားသမားမာစီယဲလ်ကိုရောင်းချပြီးတော့
ငွေရှာသွားဖို့ရှိနေတယ်လို့ နာမည်ကျော်အားကစားရေဒီယိုဌာနဖြစ်တဲ့
TEAMtalk ထုတ်လွှင့်ကြေညာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့
မာစီယဲလ်ဟာ ဒီရာသီအစပိုင်းမှာ အသင်းကို နာမည်ကျော်ကစားသမားဟောင်း
စီရော်နယ်လ်ဒိုရောက်ရှိလာပြီးကတည်းက ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး
ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၅)ပွဲကစား၊ (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက မိုနာကိုအသင်းကနေပြောင်းရွှေ့ခဲ့သူ မာစီယဲလ်ဟာ
တည်ငြိမ်တဲ့ခြေစွမ်းမပြသနိုင်ဘဲ ယူနိုက်တက်ကစားသမားဘဝအစပိုင်း
နှစ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့
ပုံမှန်စွမ်းဆောင်ရည်မပြနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဆိုးလ်ရှားကလည်းအခုနောက်ပိုင်းပွဲတွေမှာ မာစီယဲလ်ကို ဒဏ်ရာအကြောင်းပြချက်နဲ့
အသင်းလူစာရင်းမှာတောင်မထည့်သွင်းတော့ဘဲ မာစီယဲလ်ရဲ့ဇနီးဖြစ်သူက
မာစီယဲလ်မှာ ဒဏ်ရာပြဿနာမရှိဘူးလို့ဆိုခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲဖို့က
တဖြည်းဖြည်းနီးစပ်နေပါပြီ။ ယူနိုက်တက်အသင်းဟာ မာစီယဲလ်အတွက်
ယူရို(၄၅)သန်းနဲ့သန်း(၅၀)ကြားရမယ်ဆိုရင် ရောင်းချဖို့ရှိနေပြီး
ဒီပမာဏက သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။
zawgyi
ယူႏိုက္တက္က ယူ႐ိုသန္း(၅၀)ေလာက္ရရင္ေရာင္းခ်သြားဖို႔ရွိေနတဲ့ မာစီယဲလ္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ဇန္နဝါရီက်ရင္ ကစားသမားသစ္
ေခၚယူအားျဖည့္ဖို႔အတြက္ တိုက္စစ္ကစားသမားမာစီယဲလ္ကိုေရာင္းခ်ၿပီးေတာ့
ေငြရွာသြားဖို႔ရွိေနတယ္လို႔ နာမည္ေက်ာ္အားကစားေရဒီယိုဌာနျဖစ္တဲ့
TEAMtalk ထုတ္လႊင့္ေၾကညာခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
မာစီယဲလ္ဟာ ဒီရာသီအစပိုင္းမွာ အသင္းကို နာမည္ေက်ာ္ကစားသမားေဟာင္း
စီေရာ္နယ္လ္ဒိုေရာက္ရွိလာၿပီးကတည္းက ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး
ပရီးမီးယားလိဂ္မွာ စုစုေပါင္း(၅)ပြဲကစား၊ (၁)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၁၅ ခုႏွစ္တုန္းက မိုနာကိုအသင္းကေနေျပာင္းေ႐ႊ႕ခဲ့သူ မာစီယဲလ္ဟာ
တည္ၿငိမ္တဲ့ေျခစြမ္းမျပသႏိုင္ဘဲ ယူႏိုက္တက္ကစားသမားဘဝအစပိုင္း
ႏွစ္ေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့
ပုံမွန္စြမ္းေဆာင္ရည္မျပႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ ဆိုးလ္ရွားကလည္း
အခုေနာက္ပိုင္းပြဲေတြမွာ မာစီယဲလ္ကို ဒဏ္ရာအေၾကာင္းျပခ်က္နဲ႔
အသင္းလူစာရင္းမွာေတာင္မထည့္သြင္းေတာ့ဘဲ မာစီယဲလ္ရဲ႕ဇနီးျဖစ္သူက
မာစီယဲလ္မွာ ဒဏ္ရာျပႆနာမရွိဘူးလို႔ဆိုခဲ့တာေၾကာင့္ အသင္းနဲ႔လမ္းခြဲဖို႔က
တျဖည္းျဖည္းနီးစပ္ေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ မာစီယဲလ္အတြက္
ယူ႐ို(၄၅)သန္းနဲ႔သန္း(၅၀)ၾကားရမယ္ဆိုရင္ ေရာင္းခ်ဖို႔ရွိေနၿပီး
ဒီပမာဏက သူ႔ကိုေခၚယူလိုတဲ့အသင္းေတြအတြက္ အခက္အခဲျဖစ္လာႏိုင္ပါတယ္။