ဂျူဗီအသင်းဖော်စီရော်နယ်ဒိုကို ဘယ်လိုတားဆီးရမလဲမသိဘူးလို့ဆိုလိုက်တဲ့ ဆွီဒင်ကြယ်ပွင့်ကူလက်စကီး

သူ့ဂျူဗင်တပ်အသင်းဖော်စီရော်နယ်ဒိုဟာ တားဆီးလို့မရနိုင်တဲ့သူဖြစ်ကြောင်း ပေါ်တူဂီနဲ့ဆွီဒင်တို့ရဲ့နေးရှင်းလိဂ်ပွဲမတိုင်ခင် ဆွီဒင်ကြယ်ပွင့်ကူလက်စကီးက အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ ဆွီဒင်မြေမှာ ကစားခဲ့တဲ့ပထမအကျော့တုန်းက ဝ-၂ နဲ့ ပေါ်တူဂီနိုင်ခဲ့ရာ အဲဒီ ၂ ဂိုးစလုံးကို စီရော်နယ်ဒိုကပဲ သွင်းပေးခဲ့တာပါ။

အခုတော့ ပေါ်တူဂီနဲ့ဆွီဒင်တို့ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ဆုံတွေ့ရတော့မှာပါ။ စီးရီးအေချန်ပီယံဂျူဗင်တပ်မှာ စီရော်နယ်ဒိုနဲ့အတူကစားတဲ့ကူလက်စကီးကတော့ သူ့ကလပ်အသင်းဖော်နဲ့ရင်ဆိုင်ရတဲ့ခက်ခဲမှုကို နားလည်နေပါတယ်။

”ဘယ်သူကမှ သူ့ကိုမတားဆီးနိုင်ပါဘူး။ သူ့မှာ နေ့ကောင်းတစ်နေ့သာရှိနေရင် အရာအားလုံးကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်တာပါ။ နောက်ဆုံးပွဲတုန်းက ကျွန်တော်တို့ သူ့ကို မတားဆီးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ နောက်ထပ်အခွင့်အရေးရှိသေးတယ်။ ကျွန်တော်ကတော့ သူ့ကိုဘယ်လိုရပ်တန့်ရမလဲ မသိပါဘူး။ သူဒေါသထွက်အောင် ကိုယ်က ကြမ်းတမ်းနေရမှာပါ။ အဲဒီလိုမျိုးလုပ်ပေမယ့် နောက်ဆုံးတော့ ကိုယ်ပဲဒေါသထွက်ရမှာကို သိပါတယ်”လို့ ကူလက်စကီးက ပြောခဲ့တာပါ။

အသက် ၂၀ သာရှိသေးတဲ့ တောင်ပံကစားသမားကူလက်စကီးဟာ အခုရာသီရောက်မှာ ပါးမားကနေ ယူရို ၃၅ သန်းနဲ့ ဂျူဗင်တပ်ကိုရောက်လာခဲ့တာပါ။ လက်ရှိမှာလည်း နည်းပြပီယာလိုလက်ထက် စီးရီးအေ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ဴဗီအသင္းေဖာ္စီေရာ္နယ္ဒိုကို ဘယ္လုိတားဆီးရမလဲမသိဘူးလုိ႔ဆုိလုိက္တဲ့ ဆြီဒင္ၾကယ္ပြင့္ကူလက္စကီး

သူ႔ဂ်ဴဗင္တပ္အသင္းေဖာ္စီေရာ္နယ္ဒိုဟာ တားဆီးလုိ႔မရႏိုင္တဲ့သူျဖစ္ေၾကာင္း ေပၚတူဂီနဲ႔ဆြီဒင္တို႔ရဲ႕ေနးရွင္းလိဂ္ပြဲမတိုင္ခင္ ဆြီဒင္ၾကယ္ပြင့္ကူလက္စကီးက အခိုင္အမာေျပာၾကားလုိက္ပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာ ဆြီဒင္ေျမမွာ ကစားခဲ့တဲ့ပထမအေက်ာ့တုန္းက ၀-၂ နဲ႔ ေပၚတူဂီႏိုင္ခဲ့ရာ အဲဒီ ၂ ဂိုးစလုံးကို စီေရာ္နယ္ဒိုကပဲ သြင္းေပးခဲ့တာပါ။

အခုေတာ့ ေပၚတူဂီနဲ႔ဆြီဒင္တို႔ဟာ လာမယ့္ဗုဒၶဟူးေန႔မွာ ျပန္လည္ဆုံေတြ႕ရေတာ့မွာပါ။ စီးရီးေအခ်န္ပီယံဂ်ဴဗင္တပ္မွာ စီေရာ္နယ္ဒိုနဲ႔အတူကစားတဲ့ကူလက္စကီးကေတာ့ သူ႔ကလပ္အသင္းေဖာ္နဲ႔ရင္ဆုိင္ရတဲ့ခက္ခဲမႈကို နားလည္ေနပါတယ္။

”ဘယ္သူကမွ သူ႔ကိုမတားဆီးႏိုင္ပါဘူး။ သူ႔မွာ ေန႔ေကာင္းတစ္ေန႔သာရွိေနရင္ အရာအားလုံးကို သူကိုယ္တိုင္ပဲ ဆုံးျဖတ္ႏိုင္တာပါ။ ေနာက္ဆုံးပြဲတုန္းက ကၽြန္ေတာ္တုိ႔ သူ႔ကုိ မတားဆီးႏိုင္ခဲ့ဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔မွာ ေနာက္ထပ္အခြင့္အေရးရွိေသးတယ္။ ကၽြန္ေတာ္ကေတာ့ သူ႔ကုိဘယ္လိုရပ္တန္႔ရမလဲ မသိပါဘူး။ သူေဒါသထြက္ေအာင္ ကိုယ္က ၾကမ္းတမ္းေနရမွာပါ။ အဲဒီလိုမ်ိဳးလုပ္ေပမယ့္ ေနာက္ဆုံးေတာ့ ကိုယ္ပဲေဒါသထြက္ရမွာကို သိပါတယ္”လုိ႔ ကူလက္စကီးက ေျပာခဲ့တာပါ။

အသက္ ၂၀ သာရွိေသးတဲ့ ေတာင္ပံကစားသမားကူလက္စကီးဟာ အခုရာသီေရာက္မွာ ပါးမားကေန ယူရုိ ၃၅ သန္းနဲ႔ ဂ်ဴဗင္တပ္ကုိေရာက္လာခဲ့တာပါ။ လက္ရွိမွာလည္း နည္းျပပီယာလိုလက္ထက္ စီးရီးေအ ၂ ပြဲစလုံးမွာ ပြဲထြက္ပါ၀င္ခဲ့ၿပီး ၁ ဂိုးသြင္းယူထားပါတယ္။