စီရော်နယ်ဒိုကြောင့် မျက်ခုံးလှုပ်ကြရသူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုရိုနာရောဂါကူးစက်မှုဟာ အချို့နေရာတွေမှာပြင်းထန်တဲ့ အနေအထားရှိပေမယ့် ပေါ့ဆတဲ့သူတွေကတော့ ပေါ့ဆနေကြမြဲပါ။ ဘောလုံးသမားတွေအတွက်လည်း သတ်မှတ်စည်းကမ်းတွေရှိပေမယ့် မလိုက်နာတဲ့သူတွေရှိပါတယ်။ အချို့တွေက ပိုးကူးမှသာ သတိကပ်ကြတာပါ။

ရှေ့ပိုင်းမှာ ကိုရိုနာကူးစက်ခံရတဲ့ နာမည်ကျော်ကစားသမားတွေကတော့ ဂန်ဒိုဂန်၊ ဒေးဗစ်ဆေးလ်ဗား၊ ဇလာတန်၊ ပေါ့ဂ်ဘာ၊ ဘတ်ပီ၊ နေမာ၊ ဒီမာရီယာ၊ သီယာဂို၊ မာနေး၊ နဘီလ်ကီတာ၊ မာရက်ဇ်တို့ဖြစ်ပြီး၊ အခုထိပ်တန်းကစားသမား ရော်နယ်ဒိုလည်း ပိုးကူးခံထားရပါပြီ။

မနေ့ကတော့ ရော်နယ်ဒိုတစ်ယောက်တည်းသာ ပိုးကူးခံရတယ်လို့သိရပေမယ့် အခုတော့ ပေါ်တူဂီ ကစားသမား နှစ်ဦးဖြစ်တဲ့ နောက်ခံလူ ဖွန်တီနဲ့ဂိုးသမားအန်တိုနီလိုပက်ဇ်တို့လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်သွားခဲ့ခြင်းတော့ မရှိပါဘူး။ လိုပက်ဇ်ကတော့ စပိန်နဲ့ဂိုးမရှိသရေ ကျခဲ့တဲ့ခြေစမ်းပွဲမှာ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး ဖွန်တီကတော့ ၉လပိုင်း၉ရက်နေ့က ကစားခဲ့တဲ့ ဆွီဒင်နဲ့ နေးရှင်းလိဂ်အဝေးကွင်းပွဲမှာ အရန်အဖြစ် ပါဝင်ခဲ့ပြီး အဲ့ပွဲမှာတော့ လိုပက်ဇ်က ပွဲထွက်ဂိုးသမားအဖြစ် ကစားခဲ့ပါတယ်။

ရော်နယ်ဒိုကြောင့် စိုးရိမ်မျက်ခုံးလှုပ်နေရသူတွေရှိပါတယ်။ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ ညစာအတူတူစားသောက်ထားတာ၊ လေ့ကျင့်ရေးကွင်းနဲ့ တည်းခိုရာနေရာတွေမှာ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံထားတာတွေကြောင့် အသင်းဖော်တွေမှာတော့ စိုးရိမ်စိတ်တွေရှိကြမှာပါ။ ပေါ်တူဂီလက်ရွေးစင်အသင်းသားတွေကို စစ်ဆေးမှုတွေပြုလုပ်ထားပေမယ့် ဗိုင်းရပ်စ်ကူးစက်သူနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့သူတိုင်းကို သတိထားစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ ပြင်သစ်အသင်းသားတွေရဲ့ အခြေအနေကလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ပြင်သစ်သားတွေလည်း စိုးရိမ်စိတ်တွေ ဝင်နေရပါတယ်။ ရော်နယ်ဒိုနဲ့ထိတွေ့ခဲ့တဲ့ ဘတ်ပီကတော့ ပြီးခဲ့တဲ့လအတွင်းက ကူးစက်ခံထားခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ သူအပါအဝင် ပြင်သစ်အသင်းသားတွေရဲ့ အခြေအနေက ကောင်းမွန်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုနဲ့ အနီးကပ်ရှိခဲ့ဖူးတဲ့ ပီပီနဲ့ ကန်ဆယ်လိုတို့လည်း ရာခိုင်နှုန်းပြည့်တော့ စိတ်မအေးရပါဘူး။

ဒီဗိုင်းရပ်စ်ရဲ့ သဘောသဘာဝအရ အနည်းဆုံးတစ်ပတ်ခန့်အထိ စောင့်ကြည့်ရဖို့ ရှိနေတာကြောင့် ဘယ်သူတွေမဲပေါက်မလဲဆိုတာ စိုးရိမ်ဖွယ်ရာပါပဲ။ ရော်နယ်ဒိုအနေနဲ့ ကတော့ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့ပြီဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲစဉ်တွေကိုပါ ထပ်မံလွဲချော်ဦးမှာဖြစ်ပါတယ်။

သေချာပေါက်အနေနဲ့ ရော်နယ်ဒိုဟာ ၁၄ ရက်ကြာတဲ့အထိ ကွာရန်တင်းဝင်သွားရမှာဖြစ်လို့ ခရိုတွန်နီ၊ ဒိုင်နမိုကိဗ်၊ ဗီရိုနာတို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ကာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကစားရမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲကိုတော့ ပါဝင်နိုင်ဖွယ်ရာရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီ​ေရာ္နယ္ဒို​ေၾကာင့္ မ်က္ခုံးလႈပ္ၾကရသူမ်ား

ကို႐ိုနာ​ေရာဂါကူးစက္မႈဟာ အခ်ိဳ႕​ေနရာ​ေတြမွာျပင္းထန္တဲ့ အ​ေနအထားရွိ​ေပမယ့္ ​ေပါ့ဆတဲ့သူ​ေတြက​​ေတာ့ ​ေပါ့ဆ​ေနၾကၿမဲပါ။ ​ေဘာလုံးသမား​ေတြအတြက္လည္း သတ္မွတ္စည္းကမ္း​ေတြရွိ​ေပမယ့္ မလိုက္နာတဲ့သူ​ေတြရွိပါတယ္။ အခ်ိဳ႕​ေတြက ပိုးကူးမွသာ သတိကပ္ၾကတာပါ။​ေရွ႕ပိုင္းမွာ ကို႐ိုနာကူးစက္ခံရတဲ့ နာမည္ေက်ာ္ကစားသမား​ေတြက​ေတာ့ ဂန္ဒိုဂန္၊ ေဒးဗစ္ေဆးလ္ဗား၊ ဇလာတန္၊ ေပါ့ဂ္ဘာ၊ ဘတ္ပီ၊ ေနမာ၊ ဒီမာရီယာ၊ သီယာဂို၊ မာေနး၊ နဘီလ္ကီတာ၊ မာရက္ဇ္တို႔ျဖစ္ၿပီး၊ အခုထိပ္တန္းကစားသမား ေရာ္နယ္ဒိုလည္း ပိုးကူးခံထားရပါၿပီ။

မ​ေန႔က​ေတာ့ ​ေရာ္နယ္ဒိုတစ္​ေယာက္တည္းသာ ပိုးကူးခံရတယ္လို႔သိရ​ေပမယ့္ အခု​ေတာ့ ေပၚတူဂီ ကစားသမား ႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဖြန္တီနဲ႔ဂိုးသမားအန္တိုနီလိုပက္ဇ္တို႔လည္း ကိုဗစ္ေရာဂါပိုး ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္​ေယာက္ဟာ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ပါဝင္သြားခဲ့ျခင္းေတာ့ မရွိပါဘူး။ လိုပက္ဇ္ကေတာ့ စပိန္နဲ႔ဂိုးမရွိသေရ က်ခဲ့တဲ့ေျခစမ္းပြဲမွာ အရန္ဂိုးသမားအျဖစ္ ပါဝင္ခဲ့ၿပီး ဖြန္တီကေတာ့ ၉လပိုင္း၉ရက္ေန႔က ကစားခဲ့တဲ့ ဆြီဒင္နဲ႔ ေနးရွင္းလိဂ္အေဝးကြင္းပြဲမွာ အရန္အျဖစ္ ပါဝင္ခဲ့ၿပီး အဲ့ပြဲမွာေတာ့ လိုပက္ဇ္က ပြဲထြက္ဂိုးသမားအျဖစ္ ကစားခဲ့ပါတယ္။

​ေရာ္နယ္ဒို​ေၾကာင့္ စိုးရိမ္မ်က္ခုံးလႈပ္​ေနရသူ​ေတြရွိပါတယ္။ေရာ္နယ္ဒိုဟာ အသင္းေဖာ္ေတြနဲ႔ ညစာအတူတူစားေသာက္ထားတာ​၊ ​ေလ့က်င့္​ေရးကြင္းနဲ႔ တည္းခိုရာ​ေနရာ​ေတြမွာ တျခားသူ​ေတြနဲ႔ ထိ​ေတြ႕ဆက္ဆံထားတာ​ေတြ​ေၾကာင့္ အသင္း​ေဖာ္​ေတြမွာ​ေတာ့ စိုးရိမ္စိတ္​ေတြရွိၾကမွာပါ။ ေပၚတူဂီလက္ေ႐ြးစင္အသင္းသားေတြကို
စစ္ေဆးမႈေတြျပဳလုပ္ထား​ေပမယ့္ ဗိုင္းရပ္စ္ကူးစက္သူနဲ႔ အနီးကပ္ထိေတြ႕ဆက္ဆံခဲ့သူတိုင္းကို သတိထားေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ေပၚတူဂီနဲ႔ ကစားခဲ့တဲ့ ျပင္သစ္အသင္းသားေတြရဲ႕ အေျခအေနကလည္း ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။ ျပင္သစ္သား​ေတြလည္း စိုးရိမ္စိတ္​ေတြ ၀င္​ေနရပါတယ္။ ေရာ္နယ္ဒိုနဲ႔ထိ​ေတြ႕ခဲ့တဲ့ ဘတ္ပီကေတာ့ ၿပီးခဲ့တဲ့လအတြင္းက ကူးစက္ခံထားခဲ့ရသူျဖစ္ၿပီး လက္ရွိမွာေတာ့ သူအပါအဝင္ ျပင္သစ္အသင္းသားေတြရဲ႕ အေျခအေနက ေကာင္းမြန္ေနတယ္လို႔ သိရပါတယ္။ ​ေရာ္နယ္ဒိုနဲ႔ အနီးကပ္ရွိခဲ့ဖူးတဲ့ ပီပီနဲ႔ ကန္ဆယ္လိုတို႔လည္း ရာခိုင္ႏႈန္းျပည့္​ေတာ့ စိတ္မ​ေအးရပါဘူး။

ဒီဗိုင္းရပ္စ္ရဲ႕ သေဘာသဘာဝအရ အနည္းဆုံးတစ္ပတ္ခန႔္အထိ ေစာင့္ၾကည့္ရဖို႔ ရွိေနတာေၾကာင့္ ဘယ္သူေတြမဲ​ေပါက္မလဲဆိုတာ စိုးရိမ္ဖြယ္ရာပါပဲ။ ေရာ္နယ္ဒိုအေနနဲ႔ က​ေတာ့ဆြီဒင္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ပြဲစဥ္ေတြကိုပါ ထပ္မံလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။ ေသခ်ာေပါက္အေနနဲ႔ ေရာ္နယ္ဒိုဟာ ၁၄ ရက္ၾကာတဲ့အထိ ကြာရန္တင္းဝင္သြားရမွာျဖစ္လို႔ ခ႐ိုတြန္နီ၊ ဒိုင္နမိုကိဗ္၊ ဗီ႐ိုနာတို႔နဲ႔ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ကာ ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ ကစားရမယ့္ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္အုပ္စုဒုတိယပြဲကိုေတာ့ ပါဝင္ႏိုင္ဖြယ္ရာရွိေနပါတယ္။