လူနာတင်လေယာဉ်နဲ့ တူရင်မြို့ကို ရော်နယ်ဒို ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပုံမှန်အားဖြင့် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးအနေနဲ့ နိုင်ငံကူးပြောင်းဖို့ မလွယ်ပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ လူနာတင်လေယာဉ်နဲ့ အီတလီကိုပြန်ပြီး တူရင်မြို့က နေအိမ်မှာပဲ ကွာရန်တင်းဝင်မယ်လို့ သိရပါတယ်။

အင်္ဂါနေ့က ကိုဗစ်-၁၉ ပေါ့စတစ်ရလဒ် ထွက်ခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ လစ္စဘွန်းမြို့ပြင်နားရှိ အိုအေအီးရပ်စ်ဒေသက ဟိုတယ်မှာ ကွာရန်တင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၄ရက်(ဒီနေ့) ဒေသစံတော်ချိန် နေ့လည် ၁နာရီ ၄၅ မိနစ်လောက်က တီရက်စ်လေဆိပ်ကနေ ကိုဗစ်-၁၉လူနာတွေ သယ်ဆောင်ပေးတဲ့ လူနာတင်လေယာဉ်နဲ့ အီတလီကို ရော်နယ်ဒို ပြန်သွားပါတယ်။

သတင်းတွေအရ အိုအေအီးရပ်စ်ဒေသရှိ ပေါ်တူဂီ အသင်းဟိုတယ်ကနေ ရော်နယ်ဒိုကို လူနာတင်ယာဉ်နဲ့ တီရက်စ်လေဆိပ်ဆီ ခေါ်သွားတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ပေါ့စတစ်ဖြစ်ပေမယ့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ လူကောင်းပကတိလိုဖြစ်နေတာကြောင့် စိုးရိမ်စရာမရှိပါဘူး။

သူ့ကို လူဇင်ဘတ်လေကြောင်းကယ်ဆယ်ရေးအဖွဲ့က အသုံးပြုနေတဲ့ Bombardier Learjet လေယာဉ်နဲ့ အီတလီကို ခေါ်ဆောင်သွားတယ်လို့ ယုံကြည်ရပါတယ်။ ဒီ လေယာဉ်ဟာ နိုင်ငံရပ်ခြားဒေသတွေမှာ နာမကျန်းဖြစ်နေသူ ဒါမှမဟုတ် မတော်တဆထိခိုက်မှုတွေကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသူတွေအတွက် အသုံးပြုလေ့ရှိတဲ့ လေယာဉ်ဖြစ်ပါတယ်။

အီတလီကို ရော်နယ်ဒို ပြန်သွားတာနဲ့ပတ်သက်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က မှတ်ချုက်တစ်စုံတစ်ရာ မပေးပေမယ့် ၂နိုင်ငံအကြား ခရီးသွားလာရေးအတွက် သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ရခဲ့ပြီးသားဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဂရာကာဖရိုင်တက်စ်ကတော့ ရော်နယ်ဒိုဟာ နိုင်ငံရပ်ခြားကနေ နေရပ်ပြန်ချင်တဲ့ ကိုဗစ်-၁၉ လူနာတွေ လုပ်နေကြပုံစံအတိုင်းပဲ လုပ်ဆောင်တာဖြစ်လို့ ထူးခြားဖြစ်စဉ်မဟုတ်ကြောင်း ဆိုပါတယ်။

ပေါ်တူဂီအသင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုလိုပဲ ကိုဗစ်-၁၉ ပေါ့စတစ်ဖြစ်ခဲ့ကြတဲ့ ဟိုဆေးဖွန်တီနဲ့ အန်တိုနီလိုပက်စ်တို့ကလည်း သက်ဆိုင်ရာကလပ်အသင်းတွေရှိတဲ့ ပြင်သစ်နိုင်ငံကို အသီးသီး ပြန်သွားကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူနာတင္ေလယာဥ္နဲ႔ တူရင္ၿမိဳ႕ကို ေရာ္နယ္ဒို ျပန္

ပံုမွန္အားျဖင့္ ကိုဗစ္-၁၉ အတည္ျပဳလူနာတစ္ဦးအေနနဲ႔ ႏိုင္ငံကူးေျပာင္းဖို႔ မလြယ္ေပမယ့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ လူနာတင္ေလယာဥ္နဲ႔ အီတလီကိုျပန္ၿပီး တူရင္ၿမိဳ႕က ေနအိမ္မွာပဲ ကြာရန္တင္း၀င္မယ္လို႔ သိရပါတယ္။ အဂၤါေန႔က ကိုဗစ္-၁၉ ေပါ့စတစ္ရလဒ္ ထြက္ခဲ့ၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ လစၥဘြန္းၿမိဳ႕ျပင္နားရွိ အိုေအအီးရပ္စ္ေဒသက ဟိုတယ္မွာ ကြာရန္တင္း၀င္ခဲ့ပါတယ္။ ဒါေပမယ့္ ေအာက္တုိဘာလ ၁၄ရက္(ဒီေန႔) ေဒသစံေတာ္ခ်ိန္ ေန႕လည္ ၁နာရီ ၄၅ မိနစ္ေလာက္က တီရက္စ္ေလဆိပ္ကေန ကိုဗစ္-၁၉လူနာေတြ သယ္ေဆာင္ေပးတဲ့ လူနာတင္ေလယာဥ္နဲ႔ အီတလီကို ေရာ္နယ္ဒို ျပန္သြားပါတယ္။

သတင္းေတြအရ အိုေအအီးရပ္စ္ေဒသရွိ ေပၚတူဂီ အသင္းဟိုတယ္ကေန ေရာ္နယ္ဒိိုကို လူနာတင္ယာဥ္နဲ႔ တီရက္စ္ေလဆိပ္ဆီ ေခၚသြားတယ္လို႔ ဆိုပါတယ္။ ေရာ္နယ္ဒိုဟာ ကိုဗစ္-၁၉ ေပါ့စတစ္ျဖစ္ေပမယ့္ ေရာဂါလကၡဏာတစ္စံုတစ္ရာမျပဘဲ လူေကာင္းပကတိလိုျဖစ္ေနတာေၾကာင့္ စိုးရိမ္စရာမရွိပါဘူး။ သူ႔ကို လူဇင္ဘတ္ေလေၾကာင္းကယ္ဆယ္ေရးအဖြဲ႔က အသံုးျပဳေနတဲ့ Bombardier Learjet ေလယာဥ္နဲ႔ အီတလီကို ေခၚေဆာင္သြားတယ္လို႔ ယံုၾကည္ရပါတယ္။ ဒီ ေလယာဥ္ဟာ ႏိုင္ငံရပ္ျခားေဒသေတြမွာ နာမက်န္းျဖစ္ေနသူ ဒါမွမဟုတ္ မေတာ္တဆထိခိုက္မႈေတြေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနသူေတြအတြက္ အသံုးျပဳေလ့ရွိတဲ့ ေလယာဥ္ျဖစ္ပါတယ္။

အီတလီကို ေရာ္နယ္ဒို ျပန္သြားတာနဲ႔ပတ္သက္လို႔ ေပၚတူဂီေဘာလံုးအဖြဲ႔ခ်ဳပ္က မွတ္ခ်ဳက္တစ္စံုတစ္ရာ မေပးေပမယ့္ ၂ႏိုင္ငံအၾကား ခရီးသြားလာေရးအတြက္ သက္ဆိုင္ရာအာဏာပိုင္ေတြရဲ႕ တရား၀င္ခြင့္ျပဳခ်က္ရခဲ့ၿပီးသားျဖစ္မယ္လို႔ ယံုၾကည္ရပါတယ္။ ေပၚတူဂီက်န္းမာေရး၀န္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဂရာကာဖရိုင္တက္စ္ကေတာ့ ေရာ္နယ္ဒိုဟာ ႏိုင္ငံရပ္ျခားကေန ေနရပ္ျပန္ခ်င္တဲ့ ကိုဗစ္-၁၉ လူနာေတြ လုပ္ေနၾကပံုစံအတိုင္းပဲ လုပ္ေဆာင္တာျဖစ္လို႔ ထူးျခားျဖစ္စဥ္မဟုတ္ေၾကာင္း ဆိုပါတယ္။

ေပၚတူဂီအသင္းမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုလိုပဲ ကိုဗစ္-၁၉ ေပါ့စတစ္ျဖစ္ခဲ့ၾကတဲ့ ဟိုေဆးဖြန္တီနဲ႔ အန္တိုနီလိုပက္စ္တို႔ကလည္း သက္ဆိုင္ရာကလပ္အသင္းေတြရွိတဲ့ ျပင္သစ္ႏိုင္ငံကို အသီးသီး ျပန္သြားေၾကာင္း သိရပါတယ္။