လီဗာပူးနဲ့ မန်ယူ ဦးဆောင်တင်သွင်းတဲ့ ပရီးမီးယားလိဂ် Big Six အစီအစဉ် ပယ်ချခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာတော့ မန်ယူနဲ့ လီဗာပူးတို့ ဦးဆောင်အဆိုတင်သွင်းခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းကြီးအစီအစဉ် ပျက်သွားခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းအရေအတွက်ကို ၁၈ သင်းအထိ လျှော့ချရေးအပါအဝင် ရုပ်သံထုတ်လွှင့်ခွင့်အကျိုးအမြတ်ခွဲတမ်းကိစ္စတွေကို အသင်း ကြီးတွေအသာစီးရမယ့်အချက်တွေ ပါဝင်နေတဲ့ဒီအဆိုကို Big Six လို့ နာမည်ပြောင် ပေးခံထားရပါတယ်။ အခုတော့ ဒီအစီအစဉ်ဟာ ဖြစ်မလာတော့ပါဘူး။

ပရီးမီးယားလိဂ် အဖွဲ့အစည်းရဲ့ကြေညာချက်မှာ အခုလို ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်အသင်း ၂၀ အရေအတွက်ကို လျှော့ချသွားဖို့မရှိတဲ့အပြင် ဒီအစီအစဉ်ကို ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေကလည်း သဘောမတူဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုဗစ်ကာလမှာ အင်္ဂလန်လိဂ်-၁ နဲ့ လိဂ်-၂ က အသင်းတွေကိုကူညီထောက်ပံ့မှုကိုတော့ သဘောတူညီမှုတွေရခဲ့ပါတယ်။

ဒါပေမယ့် အဆိုတင်သွင်းတဲ့အခါမှာပါဝင်တဲ့ ချန်ပီယံရှစ်ကလပ်အသင်းတွေကို ငွေ ကြေးဆိုင်ရာထောက်ပံ့မှုတွေပြုလုပ်ပေးမယ့်အချက်ကတော့ သဘောတူညီမှုမရခဲ့ပါ ဘူး။ လိဂ်-၁ နဲ့ လိဂ်-၂ အသင်းတွေအတွက် ၂၀၂၀-၂၁ ဘောလုံးရာသီမှာအသုံးပြုဖို့ ပေါင်သန်း ၅၀ ကနဦးထောက်ပံ့မှုပြုလုပ်ပေးဖို့ ရှိပါတယ်။

နောက်ပိုင်းမှာ နောက်ထပ် ပေါင် ၂၇.၂ သန်း ပေးချေသွားဖို့ရှိပြီး စုစုပေါင်း ပေါင် ၇၇.၂ သန်းအထိ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ ရှိပါတယ်။ ဒီအစည်းအဝေးဆုံးဖြတ်ချက်မှာ Big Six အဆိုတင်သွင်း မှုရဲ့အချက်အတော်များများ သဘောတူညီမှုမရခဲ့ဘဲ အဆုံးသတ်ခဲ့တာပါ။ ဒါ့အပြင် အင်္ဂလန် football League အဖွဲ့ကလည်း ပရီးမီးယားလိဂ်ရဲ့ ပေါင်သန်း ၁၅၀ ကူညီ ထောက်ပံ့ပေးမယ့်အစီအစဉ်ကို ပယ်ချသွားခဲ့ပါသေးတယ်။

အခု အစီအစဉ်ကို မီဒီယာ တွေရဲ့ဖော်ပြချက်အရ လီဗာပူးနဲ့ မန်ယူအသင်းတို့အပြင် အင်္ဂလန် Football League ဥက္ကဋ္ဌ ရစ်ချ်ပယ်ရီလည်း နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ မူလက အောက်တိုဘာလဆန်းမှာ ကွင်းအတွင်းကို ပရိ သတ် ၃၀ ရာခိုင်နှုန်းအထိ ဝင်ရောက်ကြည့်ရှုခွင့်ပြန်ပေးဖို့ သတင်းတွေထွက်ပေါ်နေပေ မယ့်လည်း ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအရေအတွက် တစ်ပတ် အတွင်း ၄၀ ရာခိုင်နှုန်းကျော် များပြားလာခဲ့ပြီးနောက်ပိုင်း ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက်ဖို့ အချိန်ကာလတစ်ခုအထိ ထပ်စောင့်ရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးနဲ႔ မန္ယူ ဦးေဆာင္တင္သြင္းတဲ့ ပရီးမီးယားလိဂ္ Big Six အစီအစဥ္ ပယ္ခ်ခံရ

ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ေတြ႕ဆံုေဆြးေႏြးပြဲအၿပီးမွာေတာ့ မန္ယူနဲ႔ လီဗာပူးတို႔ ဦးေဆာင္အဆိုတင္သြင္းခဲ့တဲ့ ပရီးမီးယားလိဂ္အသင္းႀကီးအစီအစဥ္ ပ်က္သြားခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အသင္းအေရအတြက္ကို ၁၈ သင္းအထိ ေလွ်ာ့ခ်ေရးအပါအ၀င္ ရုပ္သံထုတ္လႊင့္ခြင့္အက်ဳိးအျမတ္ခြဲတမ္းကိစၥေတြကို အသင္း ႀကီးေတြအသာစီးရမယ့္အခ်က္ေတြ ပါ၀င္ေနတဲ့ဒီအဆုိကို Big Six လို႔ နာမည္ေျပာင္ ေပးခံထားရပါတယ္။ အခုေတာ့ ဒီအစီအစဥ္ဟာ ျဖစ္မလာေတာ့ပါဘူး။

ပရီးမီးယားလိဂ္ အဖြဲ႕အစည္းရဲ႕ေၾကညာခ်က္မွာ အခုလို ေဖာ္ျပထားပါတယ္။ ပရီးမီးယားလိဂ္အသင္း ၂၀ အေရအတြက္ကို ေလွ်ာ့ခ်သြားဖို႔မရွိတဲ့အျပင္ ဒီအစီအစဥ္ကို ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအကလည္း သေဘာမတူျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ ကိုဗစ္ကာလမွာ အဂၤလန္လိဂ္-၁ နဲ႔ လိဂ္-၂ က အသင္းေတြကိုကူညီေထာက္ပံ့မႈကိုေတာ့ သေဘာတူညီမႈေတြရခဲ့ပါတယ္။ ဒါေပမယ့္ အဆိုတင္သြင္းတဲ့အခါမွာပါ၀င္တဲ့ ခ်န္ပီယံရွစ္ကလပ္အသင္းေတြကို ေငြ ေၾကးဆိုင္ရာေထာက္ပံ့မႈေတြျပဳလုပ္ေပးမယ့္အခ်က္ကေတာ့ သေဘာတူညီမႈမရခဲ့ပါ ဘူး။ လိဂ္-၁ နဲ႔ လိဂ္-၂ အသင္းေတြအတြက္ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာအသံုးျပဳဖို႔ ေပါင္သန္း ၅၀ ကနဦးေထာက္ပံ့မႈျပဳလုပ္ေပးဖို႔ ရွိပါတယ္။

ေနာက္ပိုင္းမွာ ေနာက္ထပ္ ေပါင္ ၂၇.၂ သန္း ေပးေခ်သြားဖို႔ရွိၿပီး စုစုေပါင္း ေပါင္ ၇၇.၂ သန္းအထိ ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးသြားဖို႔ ရွိပါတယ္။ ဒီအစည္းအေ၀းဆံုးျဖတ္ခ်က္မွာ Big Six အဆိုတင္သြင္း မႈရဲ႕အခ်က္အေတာ္မ်ားမ်ား သေဘာတူညီမႈမရခဲ့ဘဲ အဆံုးသတ္ခဲ့တာပါ။ ဒါ့အျပင္ အဂၤလန္ football League အဖြဲ႕ကလည္း ပရီးမီးယားလိဂ္ရဲ႕ ေပါင္သန္း ၁၅၀ ကူညီ ေထာက္ပံ့ေပးမယ့္အစီအစဥ္ကို ပယ္ခ်သြားခဲ့ပါေသးတယ္။ အခု အစီအစဥ္ကို မီဒီယာ ေတြရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးနဲ႔ မန္ယူအသင္းတို႔အျပင္ အဂၤလန္ Football League ဥကၠ႒ ရစ္ခ်္ပယ္ရီလည္း ေနာက္ကြယ္ကေန ပါ၀င္ပတ္သက္ေနတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ေတြဟာ မူလက ေအာက္တုိဘာလဆန္းမွာ ကြင္းအတြင္းကို ပရိ သတ္ ၃၀ ရာခိုင္ႏႈန္းအထိ ၀င္ေရာက္ၾကည့္ရႈခြင့္ျပန္ေပးဖို႔ သတင္းေတြထြက္ေပၚေနေပ မယ့္လည္း ၿဗိတိန္ႏိုင္ငံတစ္၀န္းမွာ ကိုဗစ္ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူအေရအတြက္ တစ္ပတ္ အတြင္း ၄၀ ရာခိုင္ႏႈန္းေက်ာ္ မ်ားျပားလာခဲ့ၿပီးေနာက္ပိုင္း ကြင္းအတြင္း ပရိသတ္ေတြ ၀င္ေရာက္ဖို႔ အခ်ိန္ကာလတစ္ခုအထိ ထပ္ေစာင့္ရဖြယ္ရွိေနပါတယ္။