၁၅ နှစ်အတွင်း ဘိုလီဗီးယားကွင်းမှာ အာဂျင်တီးနား ပထမဆုံးအနိုင်ရပြီး ဘိုလီဗီးယားနည်းပြကို မက်ဆီက ပွဲအပြီးမှာ အော်ဟစ်ဆဲဆိုခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုလီဗီးယားကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ဘိုလီဗီးယား နည်းပြ လူးကပ်စ်နာဗာတို့ အော်ကြီးဟစ်ကျယ် စကားများခဲ့ကြပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ ကိုပါအမေရိကဖလားခြေစစ်ပွဲတွေမှာ ဘိုလီဗီးယားကို သူတို့အိမ်ကွင်းမှာအနိုင်ရဖို့ အမြဲတစေ ရုန်းကန်ခဲ့ရတာပါ။

ကစားသမားအင်အား အများကြီးသာတဲ့ အာဂျင်တီးနားဟာ ဘိုလီဗီးယားကို ၂၀၀၅ ခု နှစ်နောက်ပိုင်း အဝေးကွင်းမှာ မနေ့ညက ပထမဆုံးအကြိမ်အနိုင်ရခဲ့တာလည်း ဖြစ်ပါ တယ်။ တောင်အမေရိကအသင်းတွေထဲမှာ ဘိုလီဗီးယားဟာ အားနည်းတဲ့အသင်းငယ် တစ်သင်းဖြစ်ပေမယ့် သူတို့ရဲ့အိမ်ကွင်းအဖြစ်လက်ခံကစားတဲ့ ဘောလုံးကွင်းတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် အတော်မြင့်တဲ့နေရာမှာ တည်ဆောက်ထားရတာဖြစ် တဲ့ အတွက် လာကစားရတဲ့ဧည့်သည်အသင်းတွေအတွက် အမြဲအခက်အခဲဖြစ်လေ့ရှိပါတယ်။ အောက်ဆီဂျင်ရတဲ့ပမာဏပြဿနာကြောင့် ဘရာဇီးအပါအဝင် ဥရုဂွေး၊ အာဂျင် တီးနားတို့ဟာ ဘိုလီဗီးယားကွင်းမှာ အမြဲကစားရခက်ခဲ့တာပါ။

မနေ့ညပွဲမှာလည်း ဘိုလီဗီးယားက အရင်ဆုံးဦးဆောင်ဂိုးစရသွားခဲ့ရပြီး အင်တာတိုက်စစ်မှူး မာတီနက်ဇ် က ချေပဂိုးတစ်ဂိုး၊ လာဇီယိုတိုက်စစ်မှူး ကော်ရီယာက အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီး နောက်ကနေ အာဂျင်တီးနားလိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီး ၂ ဖက်ကစားသမားတွေ ကွင်းအပြင်ပြန်ထွက်လာတဲ့အချိန်မှာ ဘိုလီဗီးယားနည်းပြအဖွဲ့နဲ့ မက်ဆီအကြားမှာ အပြန်အလှန်အော်ဟစ်ပြောဆိုမှုတွေဖြစ်ခဲ့ပြီး မက်ဆီက ဘိုလီဗီးယားနည်းပြကို ဒဲ့ဆဲပြီး စိန်ခေါ်စကားပြောကြားခဲ့တာကို ရုပ်သံဗီဒီယိုဖိုင် တွေမှာ တွေ့မြင်ခဲ့ရတာပါ။

နောက်ပိုင်းမှာ မက်ဆီက အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး “သူ့ကို ဘိုလီဗီးယားနည်းပြခုံတန်းကနေ တစ်ချိန်လုံး၊ တစ်ပွဲလုံး အော်ဟစ်ဆဲဆိုနေတဲ့အတွက် အခုလို ပွဲအပြီးမှာ သူ ဘာဖြစ်ချင်နေတာလဲဆိုပြီး မေးခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၅ ႏွစ္အတြင္း ဘိုလီဗီးယားကြင္းမွာ အာဂ်င္တီးနား ပထမဆံုးအႏိုင္ရၿပီး ဘိုလီဗီးယားနည္းျပကို မက္ဆီက ပြဲအၿပီးမွာ ေအာ္ဟစ္ဆဲဆိုခဲ့

ဘိုလီဗီးယားကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ အာဂ်င္တီးနားတိုက္စစ္မွဴး မက္ဆီနဲ႔ ဘုိလီဗီးယား နည္းျပ လူးကပ္စ္နာဗာတို႔ ေအာ္ႀကီးဟစ္က်ယ္ စကားမ်ားခဲ့ၾကပါတယ္။ အာဂ်င္တီးနားဟာ ကမာၻ႕ဖလားေျခစစ္ပြဲေတြနဲ႔ ကိုပါအေမရိကဖလားေျခစစ္ပြဲေတြမွာ ဘိုလီဗီးယားကို သူတို႔အိမ္ကြင္းမွာအႏိုင္ရဖို႔ အၿမဲတေစ ရုန္းကန္ခဲ့ရတာပါ။

ကစားသမားအင္အား အမ်ားႀကီးသာတဲ့ အာဂ်င္တီးနားဟာ ဘိုလီဗီးယားကို ၂၀၀၅ ခု ႏွစ္ေနာက္ပိုင္း အေ၀းကြင္းမွာ မေန႔ညက ပထမဆံုးအႀကိမ္အႏိုင္ရခဲ့တာလည္း ျဖစ္ပါ တယ္။ ေတာင္အေမရိကအသင္းေတြထဲမွာ ဘုိလီဗီးယားဟာ အားနည္းတဲ့အသင္းငယ္ တစ္သင္းျဖစ္ေပမယ့္ သူတို႔ရဲ႕အိမ္ကြင္းအျဖစ္လက္ခံကစားတဲ့ ေဘာလံုးကြင္းေတြဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အေတာ္ျမင့္တဲ့ေနရာမွာ တည္ေဆာက္ထားရတာျဖစ္ တဲ့ အတြက္ လာကစားရတဲ့ဧည့္သည္အသင္းေတြအတြက္ အၿမဲအခက္အခဲျဖစ္ေလ့ရွိပါတယ္။ ေအာက္ဆီဂ်င္ရတဲ့ပမာဏျပႆနာေၾကာင့္ ဘရာဇီးအပါအ၀င္ ဥရုေဂြး၊ အာဂ်င္ တီးနားတို႔ဟာ ဘုိလီဗီးယားကြင္းမွာ အၿမဲကစားရခက္ခဲ့တာပါ။

မေန႔ညပြဲမွာလည္း ဘိုလီဗီးယားက အရင္ဆံုးဦးေဆာင္ဂိုးစရသြားခဲ့ရၿပီး အင္တာတိုက္စစ္မွဴး မာတီနက္ဇ္ က ေခ်ပဂိုးတစ္ဂိုး၊ လာဇီယိုတိုက္စစ္မွဴး ေကာ္ရီယာက အႏိုင္ဂိုးတစ္ဂိုးသြင္းယူၿပီး ေနာက္ကေန အာဂ်င္တီးနားလိုက္ကစားခဲ့ရတာ ျဖစ္ပါတယ္။ ပြဲအၿပီး ၂ ဖက္ကစားသမားေတြ ကြင္းအျပင္ျပန္ထြက္လာတဲ့အခ်ိန္မွာ ဘိုလီဗီးယားနည္းျပအဖြဲ႕နဲ႔ မက္ဆီအၾကားမွာ အျပန္အလွန္ေအာ္ဟစ္ေျပာဆိုမႈေတြျဖစ္ခဲ့ၿပီး မက္ဆီက ဘုိလီဗီးယားနည္းျပကို ဒဲ့ဆဲၿပီး စိန္ေခၚစကားေျပာၾကားခဲ့တာကို ရုပ္သံဗီဒီယိုဖိုင္ ေတြမွာ ေတြ႕ျမင္ခဲ့ရတာပါ။

ေနာက္ပိုင္းမွာ မက္ဆီက အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး “သူ႕ကို ဘိုလီဗီးယားနည္းျပခံုတန္းကေန တစ္ခ်ိန္လံုး၊ တစ္ပြဲလံုး ေအာ္ဟစ္ဆဲဆိုေနတဲ့အတြက္ အခုလို ပြဲအၿပီးမွာ သူ ဘာျဖစ္ခ်င္ေနတာလဲဆိုၿပီး ေမးခဲ့တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။