နည်းပြအပြောင်းအလဲအမြဲဖြစ်တတ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ဒီနှစ် ပရီးမီးယားလိဂ်က ဘယ်သူအရင်ဆုံး ဈေးဦးပေါက်မလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

ပရီးမီးယားလိဂ်ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာကာလရောက်လာရင် နည်းပြအပြောင်းအလဲ တွေ၊ ထုတ်ခံရတာတွေ နှစ်စဉ်ဘောလုံးရာသီတိုင်းမှာ ဖြစ်ပေါ်နေကျပါ။ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းကလည်း အလားတူဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ပြီး ဒီကာလဟာ ပရီး မီးယားလိဂ်နည်းပြတွေအတွက် ထိုင်ခုံလှုပ်တဲ့ကာလလို့ ပြောချင်ပါတယ်။

ပြီးခဲ့တဲ့နှစ် နို ဝင်ဘာ ၁၈ ရက်နေ့မှာ စပါးနည်းပြ ပိုချက်တီနို အသင်းကထွက်ခွာခဲ့သလို အာဆင်နယ် နည်းပြ အမ်မရီ၊ ဝက်ဖို့ဒ်နည်းပြ ဖလောရက်စ်၊ မာကိုဆေးလ်ဗား(အဲဗာတန်)၊ ဝက်စ် ဟမ်းက ပယ်လီဂရီနီတို့ဆိုရင်လည်း နိုဝင်ဘာနဲ့ ဒီဇင်ဘာကြားမှာ ရာထူးကနေ ထုတ် ပယ်ခံရတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

အခုဆိုရင်လည်း နောက် ၂ ပတ်ကြာရင် နိုဝင်ဘာလ ကိုရောက်ရှိတော့မှာဖြစ်ပြီး နည်းပြတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ ဒီကာလမှာ ထုတ်ပယ်ခံရဖို့ ရေပန်းစားနေတဲ့စာရင်းအရတော့ မန်ယူနည်းပြဆိုးလ်ရှားက ထိပ်ဆုံးမှာရှိနေ ပြီး ဖူလ်ဟမ်နည်းပြ ပါကား (၉/၄)၊ ဘန်လေနည်းပြ ဒိုက်ချီ(၆/၁)၊ ဝက်စ်ဘရွန်းနည်းပြ ဘီလစ်(၈/၁)၊ ချဲလ်ဆီးနည်းပြ လမ်းပတ်(၁၆/၁)၊ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်(၁၈/၁)၊ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်နဲ့ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်တို့က (၂၀/၁) တို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ရာသီအစတုန်းက ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ထိပ်ဆုံးမှာရေပန်းစားခဲ့ပေမယ့် လက်ရှိအသင်းရဲ့အနေအထား ကြောင့် အခုလိုမျိုး နောက်ရောက်သွားတာပါ။ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၅၀ ကျော်သုံးထားတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်တစ်ယောက်လည်း ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာပါဝင်နေပြီး ဝက်စ်ဘရွန်းနည်းပြ ဘီလစ်နဲ့ သိပ်မကွာပါဘူး။ ရေပန်းစား နေတဲ့ နည်းပြစာရင်းထဲမှာ အလယ်အလတ်အသင်းတစ်သင်းဖြစ်တဲ့ ဘန်လေနည်းပြ ရှောင်ဒိုက်ချီရဲ့ ထင်ကြေးပေးမှု(၆/၁)ကတော့ အနည်းငယ်ထူးခြားနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စပါးနည်းပြဟောင်း ပိုချက်တီနိုတစ်ယောက် မန်ယူနဲ့ မန်စီးတီး ဘယ် အသင်းကိုရောက်မလဲဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အခု ထုတ်ပယ်ခံရဖို့ ရေပန်းစားတဲ့နည်းပြတွေအတွက် ထင်ကြေးပေးမှုအလေးတွေ ထွက်ပေါ်လာတဲ့အချိန် မှာ ထိပ်ဆုံးမှာရှိနေတဲ့ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်ကတော့ တကယ့်ကိုစိတ်မသက် မသာဖြစ်စေမှာ အမှန်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နည္းျပအေျပာင္းအလဲအၿမဲျဖစ္တတ္တဲ့ ႏုိ၀င္ဘာနဲ႔ ဒီဇင္ဘာမွာ ဒီႏွစ္ ပရီးမီးယားလိဂ္က ဘယ္သူအရင္ဆံုး ေစ်းဦးေပါက္မလဲ

ပရီးမီးယားလိဂ္ဟာ ႏို၀င္ဘာနဲ႔ ဒီဇင္ဘာကာလေရာက္လာရင္ နည္းျပအေျပာင္းအလဲ ေတြ၊ ထုတ္ခံရတာေတြ ႏွစ္စဥ္ေဘာလံုးရာသီတုိင္းမွာ ျဖစ္ေပၚေနက်ပါ။ ၂၀၁၉-၂၀ ေဘာလံုးရာသီတုန္းကလည္း အလားတူျဖစ္ရပ္ေတြ ျဖစ္ေပၚလာခဲ့ၿပီး ဒီကာလဟာ ပရီး မီးယားလိဂ္နည္းျပေတြအတြက္ ထုိင္ခံုလႈပ္တဲ့ကာလလို႔ ေျပာခ်င္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ႏုိ ၀င္ဘာ ၁၈ ရက္ေန႔မွာ စပါးနည္းျပ ပိုခ်က္တီႏို အသင္းကထြက္ခြာခဲ့သလို အာဆင္နယ္ နည္းျပ အမ္မရီ၊ ၀က္ဖို႔ဒ္နည္းျပ ဖေလာရက္စ္၊ မာကိုေဆးလ္ဗား(အဲဗာတန္)၊ ၀က္စ္ ဟမ္းက ပယ္လီဂရီနီတို႔ဆိုရင္လည္း ႏို၀င္ဘာနဲ႔ ဒီဇင္ဘာၾကားမွာ ရာထူးကေန ထုတ္ ပယ္ခံရတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္။

အခုဆိုရင္လည္း ေနာက္ ၂ ပတ္ၾကာရင္ ႏို၀င္ဘာလ ကိုေရာက္ရွိေတာ့မွာျဖစ္ၿပီး နည္းျပေတြအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ ဒီကာလမွာ ထုတ္ပယ္ခံရဖို႔ ေရပန္းစားေနတဲ့စာရင္းအရေတာ့ မန္ယူနည္းျပဆိုးလ္ရွားက ထိပ္ဆံုးမွာရွိေန ၿပီး ဖူလ္ဟမ္နည္းျပ ပါကား (၉/၄)၊ ဘန္ေလနည္းျပ ဒိုက္ခ်ီ(၆/၁)၊ ၀က္စ္ဘရြန္းနည္းျပ ဘီလစ္(၈/၁)၊ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္(၁၆/၁)၊ ၀က္စ္ဟမ္းနည္းျပ မုိယက္စ္(၁၈/၁)၊ ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဒ္ဆန္နဲ႔ နယူးကာဆယ္နည္းျပ စတိဗ္ဘရုစ္တို႔က (၂၀/၁) တို႔ ရွိေနပါတယ္။

၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မုိယက္စ္ဟာ ရာသီအစတုန္းက ထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ ထိပ္ဆံုးမွာေရပန္းစားခဲ့ေပမယ့္ လက္ရွိအသင္းရဲ႕အေနအထား ေၾကာင့္ အခုလိုမ်ဳိး ေနာက္ေရာက္သြားတာပါ။ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၅၀ ေက်ာ္သံုးထားတဲ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္တစ္ေယာက္လည္း ထုတ္ပယ္ခံရမယ့္ နည္းျပစာရင္းမွာပါ၀င္ေနၿပီး ၀က္စ္ဘရြန္းနည္းျပ ဘီလစ္နဲ႔ သိပ္မကြာပါဘူး။ ေရပန္းစား ေနတဲ့ နည္းျပစာရင္းထဲမွာ အလယ္အလတ္အသင္းတစ္သင္းျဖစ္တဲ့ ဘန္ေလနည္းျပ ေရွာင္ဒိုက္ခ်ီရဲ႕ ထင္ေၾကးေပးမႈ(၆/၁)ကေတာ့ အနည္းငယ္ထူးျခားေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုတစ္ေယာက္ မန္ယူနဲ႔ မန္စီးတီး ဘယ္ အသင္းကိုေရာက္မလဲဆိုတဲ့သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး အခု ထုတ္ပယ္ခံရဖို႔ ေရပန္းစားတဲ့နည္းျပေတြအတြက္ ထင္ေၾကးေပးမႈအေလးေတြ ထြက္ေပၚလာတဲ့အခ်ိန္ မွာ ထိပ္ဆံုးမွာရွိေနတဲ့ မန္ယူနည္းျပ ဆိုးလ္ရွားအတြက္ကေတာ့ တကယ့္ကိုစိတ္မသက္ မသာျဖစ္ေစမွာ အမွန္ပါပဲ။