ဘရာဇီးအသင်းအတွက် ရော်နယ်ဒိုရဲ့သွင်းဂိုးကို ကျော်ဖြတ်နိုင်ပေမယ့် တကယ့် ဂန္ထဝင်တစ်ယောက်ဖြစ်ဖို့လိုသေးတဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီရူးနဲ့ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလားတောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ဘရာဇီးအတွက် နေမာဟာ ဟက်ထရစ်ရခဲ့ပြီး စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်း တင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဖြစ်တဲ့ ရော်နယ်ဒိုရဲ့နိုင်ငံအသင်းအတွက် သွင်းဂိုး ၆၂ ဂိုးကို ကျော်ဖြတ်သွားနိုင်ခဲ့တာပါ။

အခုဆိုရင် သူဟာ ဘရာဇီးအသင်း သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံးဖြစ်တဲ့ ပီလီရဲ့ ၇၇ ဂိုးအရေအတွက်ကိုမီဖို့ပဲ လိုပါတော့တယ်။ အသက် ၂၈ နှစ်အရွယ်ရှိတဲ့နေမာဟာ လက်ရှိအသက်အရွယ်ကြောင့် ပီလီရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့လည်း အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုရဲ့စံချိန်ကိုကျော်ဖြတ်လိုက်တာနဲ့ သူဟာ ဘရာဇီးဂန္ထဝင်တစ်ယောက်ဖြစ်သွားပြီ လားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ဘာလို့လဲဆိုတော့ နေမာဟာ ကမ္ဘာ့ဖလား အောင်မြင်မှုမရှိသေးတာကြောင့်ပါ။

နေမာကျော်ဖြတ်လာတဲ့ ရော်နယ်ဒို၊ ရိုမာရီယို၊ ဆိုကရေးတီး၊ ဇစ်ကို၊ ဘီဘတ်တိုတို့အားလုံးဟာ ကမ္ဘာ့ဖလားဆုရှင်တွေချည်း ပါပဲ။ ရော်နယ်ဒိုဆိုရင် ၁၉၉၄ ကမ္ဘာ့ဖလားမှာ တစ်ပွဲမှမကစားရဘဲ ဆုတံဆိပ်ရခဲ့တယ် ဆိုပေမယ့် ၂၀၀၂ ကမ္ဘာ့ဖလားရွှေတံဆိပ်ဆုရှင် ဘရာဇီးအသင်းအတွက်ကတော့ အဓိကဇာတ်ကောင်ပါပဲ။ နေမာရဲ့အသက်အရွယ်အနေအထားအရ သူ အနားမယူခင် နောက်ထပ်ကမ္ဘာ့ဖလား ၂ ကြိမ် အများဆုံးကစားလို့ရပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ဘရာဇီးအိမ်ရှင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ဘယ်လ်ဂျီယံကိုရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက် နေမာရဲ့ကမ္ဘာ့ဖလားအိပ်မက်တွေ ဟာ လမ်းတစ်ဝက်မှာပဲ ပျောက်ပြယ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ကစားဟန်ကြောင့် မကြာခဏဒဏ်ရာရသလို ပြိုင်ဘက်ကစားသမားတွေအပေါ် လေးစားမှုနည်းတဲ့သူ့ပုံစံ ကို ဂန္ထဝင်တိုက်စစ်မှူးပီလီက အခုလိုဝေဖန်ခဲ့ဖူးပါတယ်။

ပီလီက “ဘုရားသခင်က သူ့ ကို ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးခြေစွမ်းလက်ဆောင် ပေးထားတာပါ။ ဒါပေမဲ့ ပြဿနာက သူ့ဘဝသူခက်အောင်လုပ်နေတာပါပဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိ ဘရာဇီးအသင်းနည်းပြ တီတီကတော့ နေမာနဲ့ပတ်သက်ပြီး “ဘရာဇီးရဲ့ဘောလုံးမျိုး ဆက်တိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်။ ရော်နယ်ဒို၊ ဘီဘတ်တို၊ ရိုမာရီယိုတို့အားလုံး ဟာ သူ့ခေတ်နဲ့သူ ဂန္ထဝင်တွေပါပဲ။ နေမာနဲ့ယှဉ်ပြောဖို့ဆိုတာ မတရားပါဘူး။ နေမာဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ပြီး ခန့်မှန်းရခက်တဲ့ ကစားသမားတစ်ဦးပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

နေမာအနေနဲ့ အခုလိုမျိုး ရော်နယ် ဒိုရဲ့ သွင်းဂိုးအရေအတွက်အပေါ် ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ချွန်ထွက်လာတဲ့အောင်မြင်မှုမျိုး မရယူနိုင်သေးသရွေ့ကတော့ ဂိုးသွင်း တတ်ရုံနဲ့ ဂန္ထဝင်တစ်ဦးဖြစ်လာဖို့ မလွယ်သေးဘူးဆိုတာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘရာဇီးအသင္းအတြက္ ေရာ္နယ္ဒိုရဲ႕သြင္းဂိုးကို ေက်ာ္ျဖတ္ႏိုင္ေပမယ့္ တကယ့္ ဂႏၳ၀င္တစ္ေယာက္ျဖစ္ဖို႔လိုေသးတဲ့ ေနမာ

ပီရူးနဲ႔ကစားသြားခဲ့တဲ့ ကမာၻ႕ဖလားေတာင္အေမရိကဇုန္ေျခစစ္ပြဲမွာ ဘရာဇီးအတြက္ ေနမာဟာ ဟက္ထရစ္ရခဲ့ၿပီး စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကိုလည္း တင္ႏိုင္ခဲ့ပါတယ္။ အဲဒါကေတာ့ ဘရာဇီးဂႏၳ၀င္တိုက္စစ္မွဴးျဖစ္တဲ့ ေရာ္နယ္ဒိုရဲ႕ႏိုင္ငံအသင္းအတြက္ သြင္းဂိုး ၆၂ ဂိုးကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာပါ။

အခုဆိုရင္ သူဟာ ဘရာဇီးအသင္း သမုိင္းတစ္ေလွ်ာက္မွာ ဂိုးသြင္းအမ်ားဆံုးျဖစ္တဲ့ ပီလီရဲ႕ ၇၇ ဂိုးအေရအတြက္ကိုမီဖို႔ပဲ လိုပါေတာ့တယ္။ အသက္ ၂၈ ႏွစ္အရြယ္ရွိတဲ့ေနမာဟာ လက္ရွိအသက္အရြယ္ေၾကာင့္ ပီလီရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔လည္း အလားအလာေကာင္းေနပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္လိုက္တာနဲ႔ သူဟာ ဘရာဇီးဂႏၳ၀င္တစ္ေယာက္ျဖစ္သြားၿပီ လားဆိုတာကေတာ့ ေမးခြန္းထုတ္စရာပါပဲ။ ဘာလို႔လဲဆိုေတာ့ ေနမာဟာ ကမာၻ႔ဖလား ေအာင္ျမင္မႈမရွိေသးတာေၾကာင့္ပါ။

ေနမာေက်ာ္ျဖတ္လာတဲ့ ေရာ္နယ္ဒို၊ ရိုမာရီယို၊ ဆိုကေရးတီး၊ ဇစ္ကို၊ ဘီဘတ္တိုတို႔အားလံုးဟာ ကမာၻ႔ဖလားဆုရွင္ေတြခ်ည္း ပါပဲ။ ေရာ္နယ္ဒိုဆိုရင္ ၁၉၉၄ ကမာၻ႔ဖလားမွာ တစ္ပြဲမွမကစားရဘဲ ဆုတံဆိပ္ရခဲ့တယ္ ဆိုေပမယ့္ ၂၀၀၂ ကမာၻ႔ဖလားေရႊတံဆိပ္ဆုရွင္ ဘရာဇီးအသင္းအတြက္ကေတာ့ အဓိကဇာတ္ေကာင္ပါပဲ။ ေနမာရဲ႕အသက္အရြယ္အေနအထားအရ သူ အနားမယူခင္ ေနာက္ထပ္ကမာၻ႔ဖလား ၂ ႀကိမ္ အမ်ားဆံုးကစားလို႔ရပါေသးတယ္။

ၿပီးခဲ့တဲ့ ၂၀၁၄ ဘရာဇီးအိမ္ရွင္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္၊ ၂၀၁၈ ကမာၻ႔ဖလားမွာလည္း ဘယ္လ္ဂ်ီယံကိုရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရတဲ့အတြက္ ေနမာရဲ႕ကမာၻ႔ဖလားအိပ္မက္ေတြ ဟာ လမ္းတစ္၀က္မွာပဲ ေပ်ာက္ျပယ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ကစားဟန္ေၾကာင့္ မၾကာခဏဒဏ္ရာရသလို ၿပိဳင္ဘက္ကစားသမားေတြအေပၚ ေလးစားမႈနည္းတဲ့သူ႕ပံုစံ ကို ဂႏၳ၀င္တိုက္စစ္မွဴးပီလီက အခုလိုေ၀ဖန္ခဲ့ဖူးပါတယ္။

ပီလီက “ဘုရားသခင္က သူ႕ ကို ေဘာလံုးနဲ႔ပတ္သက္ၿပီး အေကာင္းဆံုးေျခစြမ္းလက္ေဆာင္ ေပးထားတာပါ။ ဒါေပမဲ့ ျပႆနာက သူ႕ဘ၀သူခက္ေအာင္လုပ္ေနတာပါပဲ” လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

လက္ရွိ ဘရာဇီးအသင္းနည္းျပ တီတီကေတာ့ ေနမာနဲ႔ပတ္သက္ၿပီး “ဘရာဇီးရဲ႕ေဘာလံုးမ်ဳိး ဆက္တိုင္းမွာ သူ႕တန္ဖိုးနဲ႔သူရွိပါတယ္။ ေရာ္နယ္ဒို၊ ဘီဘတ္တုိ၊ ရိုမာရီယုိတုိ႔အားလံုး ဟာ သူ႕ေခတ္နဲ႔သူ ဂႏၳ၀င္ေတြပါပဲ။ ေနမာနဲ႔ယွဥ္ေျပာဖို႔ဆိုတာ မတရားပါဘူး။ ေနမာဟာ ကိုယ္တိုင္ဂိုးသြင္းႏိုင္သလို ဂိုးဖန္တီးမႈေတြလည္း လုပ္ေပးႏိုင္ၿပီး ခန္႔မွန္းရခက္တဲ့ ကစားသမားတစ္ဦးပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေနမာအေနနဲ႔ အခုလိုမ်ဳိး ေရာ္နယ္ ဒိုရဲ႕ သြင္းဂိုးအေရအတြက္အေပၚ ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္လည္း ဘရာဇီးအသင္းနဲ႔အတူ ကမာၻ႔ဖလားမွာ ခၽြန္ထြက္လာတဲ့ေအာင္ျမင္မႈမ်ဳိး မရယူႏိုင္ေသးသေရြ႕ကေတာ့ ဂိုးသြင္း တတ္ရုံနဲ႔ ဂႏၳ၀င္တစ္ဦးျဖစ္လာဖို႔ မလြယ္ေသးဘူးဆိုတာပါပဲ။