နေပယ်ကျန်းမာရေးအာဏာပိုင်တွေကြောင့် ရလဒ်လည်းရှုံး၊ ရမှတ်လည်း အနုတ်ခံရ ပြီး နှစ်ကျပ်ကွက်နစ်နာခဲ့တဲ့ နာပိုလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေရဲ့တားမြစ်ချက်ကြောင့် ဂျူဗင်တပ်နဲ့ပွဲကို ကစားဖို့အတွက် တူရင်ကိုသွားရောက်ခွင့်မရခဲ့တဲ့ နာပိုလီအသင်းဟာ အီတလီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ၃-၀ နဲ့ အရှုံးရလဒ် သတ်မှတ်ခံခဲ့ ရပါပြီ။ ဒါ့အပြင် နာပိုလီအတွက် ပိုပြီးနစ်နာစရာဖြစ်ခဲ့ရတာကတော့ ရမှတ်တစ်မှတ်ပါ အနုတ်ခံရတာပါပဲ။ ဒါဟာ နာပိုလီအတွက်ကတော့ နစ်နာစေတဲ့ကိစ္စပါပဲ။

နာပိုလီအသင်း ရောက်မလာခဲ့တဲ့အတွက် ဂျူဗင်တပ်အသင်းဟာ စည်းမျဉ်းစည်းကမ်းတွေအရ ပထမ ပိုင်း ၄၅ မိနစ်ပြီးတဲ့အထိ ပွဲကိုယှဉ်ပြိုင်ကစားဖို့စောင့်နေခဲ့ရတာပါ။ နာပိုလီအသင်းဘက် က ဒီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အလိုရှိခဲ့ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီမစခင်မှာ အီတလီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တစ်ခုဖြစ်တဲ့ ဘယ်လိုအနေအထား မျိုးမှာမဆို ပွဲကိုဖြစ်အောင်ကစားရမယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ပွဲမရွှေ့ပေးခဲ့ပါဘူး။

အခုလို ဖြစ်ရတာဟာ နာပိုလီအသင်းကစားသမား ၂ ဦးဖြစ်တဲ့ ဇီလင်စကီးနဲ့ အဲလ်မန် တို့ ၂ ဦး ကိုဗစ်ဗိုင်းရပ်စ်ပေါ့စတစ် စမ်းသပ်တွေ့ရှိခဲ့ရပြီး ကလပ်အသင်းဝန်ထမ်း အတော် များများမှာလည်း တွေ့ရှိခဲ့ရတာကြောင့် နာပိုလီကျန်းမာရေးအာဏာပိုင်တွေ က အသင်းကိုခရီးသွားခွင့်တားမြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး နာပိုလီဟာ အီတလီရဲ့အားကစားဆိုင်ရာအမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ CONI ကို အယူခံတက်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဒီပွဲဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျူဗင်တပ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက “နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တစ်ဆီ က မက်ဆေ့ချ်ရောက်လာခဲ့ပေမယ့် ကျွန်တော် အကြောင်းပြန်လိုက်တာကတော့ အသင်းတိုင်းက စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ လိုတယ်ဆိုတာပါပဲ။ သူက ပွဲကို ရွှေ့ပေးဖို့အလိုရှိခဲ့တာပါ။

ကျွန်တော်ကတော့ နေပယ်အားကစားအာဏာပိုင်တွေဟာ အီတလီဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ဝင်ရောက်စွက် ဖက်နိုင်တယ်လို့မထင်ပါဘူး။ တကယ်လို့ စည်းကမ်းတွေ ပြောင်းလဲပြင်ဆင်ခဲ့ရင်တော့ တစ်မျိုးဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနပယ္က်န္းမာေရးအာဏာပိုင္ေတြေၾကာင့္ ရလဒ္လည္းရႈံး၊ ရမွတ္လည္း အႏုတ္ခံရ ၿပီး ႏွစ္က်ပ္ကြက္နစ္နာခဲ့တဲ့ နာပိုလီ

ေဒသဆိုင္ရာ က်န္းမာေရးအာဏာပိုင္ေတြရဲ႕တားျမစ္ခ်က္ေၾကာင့္ ဂ်ဴဗင္တပ္နဲ႔ပြဲကို ကစားဖို႔အတြက္ တူရင္ကိုုုုသြားေရာက္ခြင့္မရခဲ့တဲ့ နာပိုလီအသင္းဟာ အီတလီေဘာလံုးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရ ၃-၀ နဲ႔ အရႈံးရလဒ္ သတ္မွတ္ခံခဲ့ ရပါၿပီ။ ဒါ့အျပင္ နာပိုလီအတြက္ ပိုၿပီးနစ္နာစရာျဖစ္ခဲ့ရတာကေတာ့ ရမွတ္တစ္မွတ္ပါ အႏုတ္ခံရတာပါပဲ။ ဒါဟာ နာပိုလီအတြက္ကေတာ့ နစ္နာေစတဲ့ကိစၥပါပဲ။

နာပိုလီအသင္း ေရာက္မလာခဲ့တဲ့အတြက္ ဂ်ဴဗင္တပ္အသင္းဟာ စည္းမ်ဥ္းစည္းကမ္းေတြအရ ပထမ ပိုင္း ၄၅ မိနစ္ၿပီးတဲ့အထိ ပြဲကိုယွဥ္ၿပိဳင္ကစားဖို႔ေစာင့္ေနခဲ့ရတာပါ။ နာပိုလီအသင္းဘက္ က ဒီပြဲစဥ္ကို ေရႊ႕ဆိုင္းေပးဖို႔ အလိုရွိခဲ့ေပမယ့္လည္း ဒီႏွစ္ေဘာလံုးရာသီမစခင္မွာ အီတလီေဘာလံုးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားတဲ့စည္းကမ္းခ်က္တစ္ခုျဖစ္တဲ့ ဘယ္လိုအေနအထား မ်ဳိးမွာမဆုိ ပြဲကိုျဖစ္ေအာင္ကစားရမယ္ဆိုတဲ့ စည္းမ်ဥ္းအတိုင္း ပြဲမေရႊ႕ေပးခဲ့ပါဘူး။

အခုလို ျဖစ္ရတာဟာ နာပိုလီအသင္းကစားသမား ၂ ဦးျဖစ္တဲ့ ဇီလင္စကီးနဲ႔ အဲလ္မန္ တုိ႔ ၂ ဦး ကိုဗစ္ဗိုင္းရပ္စ္ေပါ့စတစ္ စမ္းသပ္ေတြ႕ရွိခဲ့ရၿပီး ကလပ္အသင္း၀န္ထမ္း အေတာ္ မ်ားမ်ားမွာလည္း ေတြ႕ရွိခဲ့ရတာေၾကာင့္ နာပိုလီက်န္းမာေရးအာဏာပိုင္ေတြ က အသင္းကိုခရီးသြားခြင့္တားျမစ္ခဲ့တာလည္း ျဖစ္ပါတယ္။ အခုကိစၥနဲ႔ပတ္သက္ၿပီး နာပိုလီဟာ အီတလီရဲ႕အားကစားဆိုင္ရာအျမင့္ဆံုးအာဏာပိုင္အဖြဲ႕အစည္းျဖစ္တဲ့ CONI ကို အယူခံတက္ဖုိ႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။

ဒီပြဲျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဂ်ဴဗင္တပ္အသင္းဥကၠ႒ အက္ဂ္နယ္လီက “နာပိုလီဥကၠ႒ ဒီေလာ္ရန္တစ္ဆီ က မက္ေဆ့ခ်္ေရာက္လာခဲ့ေပမယ့္ ကၽြန္ေတာ္ အေၾကာင္းျပန္လုိက္တာကေတာ့ အသင္းတိုင္းက စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာဖို႔ လိုတယ္ဆိုတာပါပဲ။ သူက ပြဲကို ေရႊ႕ေပးဖို႔အလိုရွိခဲ့တာပါ။ ကၽြန္ေတာ္ကေတာ့ ေနပယ္အားကစားအာဏာပိုင္ေတြဟာ အီတလီေဘာလံုးအဖြဲ႕ခ်ဳပ္က ခ်မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြကို ၀င္ေရာက္စြက္ ဖက္ႏိုင္တယ္လို႔မထင္ပါဘူး။ တကယ္လုိ႔ စည္းကမ္းေတြ ေျပာင္းလဲျပင္ဆင္ခဲ့ရင္ေတာ့ တစ္မ်ဳိးျဖစ္လာမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။