ဒီည (၈) နာရီခွဲမှာ ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့
ပရီမီးယားလိဂ် ပွဲစဉ်(၁၅)ကို ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။
ဒီပွဲဟာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ရန်းနစ်အတွက်ပွဲဦးထွက်
ပွဲစဉ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။မနေ့က ကာရင်တန်ကွင်းမှာ
နည်းပြသစ် ရန်းနစ်ဟာ ကစားသမားတွေကို
သူ့ရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး စတင်လေ့ကျင့်စေခဲ့ပါတယ်။
ဒီဇင်ဘာလဟာ ကစားရမယ့်ပွဲများတဲ့ကာလဖြစ်တာကြောင့် ရန်းနစ်အနေနဲ့
ကစားသမားတွေကို ဘယ်လိုပွဲထုတ်လာမလဲဆိုတာက
စိတ်ဝင်စားစရာပါပဲ။အခုချိန်မှာ ယူနိုက်တက်အသင်း ကစားသမားတွေကတော့
ပွဲမကစားခင်တည်းခိုရမယ့် Lowry ဟိုတယ်ကိုရောက်ရှိနေကြပါပြီ။
ဒဏ်ရာရနေတယ်လို့ သတင်းထွက်နေတဲ့ စီရော်နယ်ဒိုဟာလည်း
ဟိုတယ်ရောက်လာတဲ့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာသလို ၊
အာဆင်နယ်အသင်း နဲ့ ပွဲတုန်းက ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့နောက်ခံလူ
ဘစ်ဆာကာ လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။
နည်းပြသစ်ရန်းနစ်ရဲ့ ပထမဆုံး ပွဲထွက်လူစာရင်းဟာ စိတ်ဝင်စားစရာဖြစ်နေခဲ့သလို
[MEN] ကလည်းပွဲထွက်လာနိုင်မယ့် အခင်းအကျင်းတွေကိုလည်း
မှန်းဆထားပါတယ်။[MEN] ရဲ့ ခန့်မှန်းမှုတွေထဲမှာ ဗန်ဒီဘိခ်နဲ့ ဘရူနို၊
ဆန်ချို ၊ရော်နယ်ဒိုတို့ကို တွဲဆက်ပြီး ကစားကွက်ဖော်ပြထားတာကိုလည်း
တွေ့ခဲ့ရပါတယ်။ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ပွဲစဉ်အတွက် Lowry ဟိုတယ်ကို
ရောက်လာတဲ့ယူနိုက်တက် အသင်းရဲ့ လူစာရင်း
ဂိုး − ဒီဂီယာ ၊ ဟန်ဒါဆင် ၊ တွမ်ဟီတန်
နောက်တန်း − ဘစ်ဆာကာ ၊ ဒါလော့ ၊ လင်ဒီလော့ဖ် ၊ မက်ဂွိုင်းယား ၊
ဘိုင်လီ ၊ ဖီးလ်ဂျုံးစ် ၊ တဲလက်စ် ၊
အလယ်တန်း − တော်မီနေး ၊ မာတစ် ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ ဖာနန်ဒက်စ် ၊ မာတာ
ရှေ့တန်း − အာမက် ၊ ဆန်ချို ၊ ရက်ရှ်ဖို့ဒ် ၊ ရော်နာ်လ်ဒို ၊ အီလန်ဂါ ၊ ဂရင်းဝုဒ်
zawgyi
ရော်နယ်ဒို၊ ဆန်ချို နဲ့ ဗန်ဒယ်ဘိခ်တို့ ပွဲထွက်လာနိုင်တဲ့ ရန်းနစ်ရဲ့ ကစားကွက်
ရှေ့တန်း − အာမက် ၊ ဆန်ချို ၊ ရက်ရှ်ဖို့ဒ် ၊ ရော်န်ာလ်ဒို ၊ အီလန်ဂါ ၊ ဂရင်းဝုဒ်