မက်ဆီ ၁၇နှစ်အရွယ်တုန်းကထက် ဖာတီက ပိုကောင်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်လူငယ်ခြေတက်တိုက်စစ်မှူးလေး ဖာတီရဲ့ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးမှတ်တမ်းတွေဟာ သူ့လိုအရွယ်တုန်းက မက်ဆီရဲ့စွမ်းဆောင်ရည်ထက်တောင် ပိုကောင်းနေတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အခုမှ ၁၇နှစ်ကျော်ပဲရှိသေးတဲ့ ဖာတီဟာ မက်ဆီ ၁၇နှစ်သားအရွယ်တုန်းကထက် ပွဲကစားခွင့်၊ ပွဲကစားချိန်၊ သွင်းဂိုး၊ ဂိုးဖန်တီးမှု စတဲ့အချက်အလက်တွေအားလုံးမှာ ပိုကောင်းနေပါတယ်။ ဒါ့အပြင် ပွဲကစားချိန်နဲ့သွင်းဂိုးအချိန်ချလိုက်ရင်လည်း ဖာတီက မက်ဆီထက်ပိုသာနေပါတယ်။

ဖာတီဟာ ပျမ်းမျှပွဲကစားချိန်၁၄၃.၆ မိနစ်မှာ သွင်းဂိုး ၁ဂိုးရထားပြီး မက်ဆီကတော့ အသက် ၁၇နှစ်အရွယ် ၂၀၀၄ခုနှစ်က ပျမ်းမျှပွဲကစားချိန် ၂၃၃ မိနစ်မှ ၁ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မက်ဆီဟာ အခု ဖာတီလို အသက် ၁၇နှစ်အရွယ်တုန်းက ဘာစီလိုနာအသင်းမှာ ၉ပွဲပါဝင်ကစားခွင့်ရပေမယ့် မိနစ် ၉၀ပြည့်ဝင်ကစားခွင့်ရတာက ၁ကြိမ်ပဲရှိပါတယ်။ သွင်းဂိုးလည်း ၁ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။

ဖာတီကတော့ လူငယ်တစ်ဦးအနေနဲ့ တိုးတက်မှုပိုလျင်မြန်နေပြီး စုစုပေါင်း ၃၆ပွဲမှာ သွင်းဂိုး ၁၁ဂိုး၊ ဂိုးဖန်တီးမှု ၁ကြိမ်လုပ်ထားပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာအသင်းဟာ အရင်လကမှ ဖာတီကို ကာလရှည်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၃၆၇ သန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

ဖာတီဟာ ရာသီသစ်လာလီဂါပွဲစဉ်တွေမှာ ခြေစွမ်းပြနေပြီး စက်တင်ဘာလအတွက် လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းရခဲ့ပါတယ်။ စက်တင်ဘာလအတွင်း လာလီဂါ ၃ပွဲမှာ ဖာတီ ၃ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒ့ါအပြင်စပိန်လက်ရွေးစင်အသင်းသမိုင်းမှာလည်း ဒုတိယအသက်အငယ်ဆုံးကစားခွင့်ရသူအဖြစ် သူ မှတ်တမ်းဝင်ထားပါတယ်။

ဂီနီယာဘစ်ရှူးနိုင်ငံဖွား ဖာတီဟာ မက်ဆီလိုပဲ လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က အိုဆာဆူနာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တုန်းက မက်ဆီနဲ့ ကာကစ်တို့ကိုကျော်ပြီး ဘာစီလိုနအသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီနဲ့အတူ ခရစ္စတီယာနိုရော်နယ်ဒိုတို့လိုအောင်မြင်တဲ့ဘောလုံးသမားဘဝကိုပိုင်ဆိုင်ချင်ရင်တော့ များစွာ ဆက်ကြိုးစားဖို့လိုနေသေးတာကို ဖာတီ တစ်ယောက်ကောင်းကောင်းနားလည်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ ၁၇ႏွစ္အရြယ္တုန္းကထက္ ဖာတီက ပုိေကာင္းေန
စပိန္လူငယ္ေျခတက္တိုက္စစ္မွဴးေလး ဖာတီရဲ႕ ဘာစီလိုနာအသင္းအတြက္ သြင္းဂိုးမွတ္တမ္းေတြဟာ သူ႔လိုအရြယ္တုန္းက မက္ဆီရဲ႕စြမ္းေဆာင္ရည္ထက္ေတာင္ ပိုေကာင္းေနတယ္လို႔ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။ အခုမွ ၁၇ႏွစ္ေက်ာ္ပဲရွိေသးတဲ့ ဖာတီဟာ မက္ဆီ ၁၇ႏွစ္သားအရြယ္တုန္းကထက္ ပဲြကစားခြင့္၊ ပြဲကစားခ်ိန္၊ သြင္းဂိုး၊ ဂိုးဖန္တီးမႈ စတဲ့အခ်က္အလက္ေတြအားလံုးမွာ ပိုေကာင္းေနပါတယ္။ ဒါ့အျပင္ ပြဲကစားခ်ိန္နဲ႔သြင္းဂိုးအခ်ိန္ခ်လိုက္ရင္လည္း ဖာတီက မက္ဆီထက္ပိုသာေနပါတယ္။

ဖာတီဟာ ပ်မ္းမွ်ပြဲကစားခ်ိန္၁၄၃.၆ မိနစ္မွာ သြင္းဂိုး ၁ဂိုးရထားၿပီး မက္ဆီကေတာ့ အသက္ ၁၇ႏွစ္အရြယ္ ၂၀၀၄ခုႏွစ္က ပ်မ္းမွ်ပြဲကစားခ်ိန္ ၂၃၃ မိနစ္မွ ၁ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ အခု ဖာတီလို အသက္ ၁၇ႏွစ္အရြယ္တုန္းက ဘာစီလိုနာအသင္းမွာ ၉ပြဲပါ၀င္ကစားခြင့္ရေပမယ့္ မိနစ္ ၉၀ျပည့္၀င္ကစားခြင့္ရတာက ၁ႀကိမ္ပဲရွိပါတယ္။ သြင္းဂိုးလည္း ၁ဂိုးပဲသြင္းႏိုင္ခဲ့ပါတယ္။

ဖာတီကေတာ့ လူငယ္တစ္ဦးအေနနဲ႔ တိုးတက္မႈပိုလ်င္ျမန္ေနၿပီး စုစုေပါင္း ၃၆ပြဲမွာ သြင္းဂိုး ၁၁ဂိုး၊ ဂိုးဖန္တီးမႈ ၁ႀကိမ္လုပ္ထားပါတယ္။ ဒါေၾကာင့္လည္း ဘာစီလိုနာအသင္းဟာ အရင္လကမွ ဖာတီကို ကာလရွည္စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ဆိုခဲ့ၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ေပါင္ ၃၆၇ သန္းအထိ တိုးျမွင့္ခဲ့ပါတယ္။

ဖာတီဟာ ရာသီသစ္လာလီဂါပြဲစဥ္ေတြမွာ ေျခစြမ္းျပေနၿပီး စက္တင္ဘာလအတြက္ လာလီဂါ တစ္လတာအေကာင္းဆံုးကစားသမားဆုကိုလည္းရခဲ့ပါတယ္။ စက္တင္ဘာလအတြင္း လာလီဂါ ၃ပြဲမွာ ဖာတီ ၃ဂိုးသြင္းႏို္င္ခဲ့ပါတယ္။ ဒ့ါအျပင္စပိန္လက္ေရြးစင္အသင္းသမိုင္းမွာလည္း ဒုတိယအသက္အငယ္ဆံုးကစားခြင့္ရသူအျဖစ္ သူ မွတ္တမ္း၀င္ထားပါတယ္။

ဂီနီယာဘစ္ရွဴးႏိုင္ငံဖြား ဖာတီဟာ မက္ဆီလိုပဲ လာမာစီယာအကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္ၿပီး မႏွစ္က အုိဆာဆူနာနဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တုန္းက မက္ဆီနဲ႔ ကာကစ္တို႔ကိုေက်ာ္ၿပီး ဘာစီလိုနအသင္းရဲ႕အသက္အငယ္ဆံုးဂိုးသြင္းႏိုင္သူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ဒါေပမယ့္ မက္ဆီနဲ႔အတူ ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔လိုေအာင္ျမင္တဲ့ေဘာလံုးသမားဘ၀ကိုပိုင္ဆိုင္ခ်င္ရင္ေတာ့ မ်ားစြာ ဆက္ႀကိဳးစားဖို႔လိုေနေသးတာကို ဖာတီ တစ္ေယာက္ေကာင္းေကာင္းနားလည္ထားပါတယ္။