မန်ယူ ကြယ်ပွင့်သစ် ပယ်လစ်စထရီရဲ့စိတ်ဝင်စားစရာအကြောင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အောက်တိုဘာလ ၅ရက်နေ့က မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ခဲ့တဲ့ ကစားသမားသစ် ၄ဦးထဲမှာ ဥရုဂွေးခြေတက်တောင်ပံကစားသမား ဖာကန်ဒိုပယ်လစ်စထရီကိုတော့ ပရိသတ်တွေ သိပ်သတိမထားမိကြပါဘူး။ ဥရုဂွေးကလပ် ပီနားရိုးလ်အသင်းကနေ လာတယ်ဆိုတော့ ပရိသတ်နဲ့ ထိတွေ့မှုလည်းနည်းလွန်းပါတယ်။ ဒါပေမယ့် ဒီ အသက် ၁၈နှစ်သားလေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာတချို့ရှိနေပါတယ်။

မြန်နှုန်းမြင့်တောင်ပံကစားသမားလေးကို ကင်းထောက်တွေ လွှတ်ပြီး ယူနိုကတက် စောင့်ကြည့်ခဲ့တာကြာပါပြီ။ သာမာန်ထက်ပိုထူးခြားတဲ့ ခြေစွမ်းပိုင်ရှင်ဖြစ်တာကြောင့်သာ ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် များပြားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် ၁၀သန်းနီးပါးနဲ့ ယူနိုက်တက် ခေါ်ခဲ့တာပါ။

သူ့ရဲ့အလားအလာကို ပီနားရိုးလ်အသင်းနည်းပြဟောင်းလည်းဖြစ်၊ ယူနိုက်တက် တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ဒီယေဂိုဖော်လန်က ထုတ်ဖော်ချီးကျူးထားတာဟာ ကိုယ့်ငါးချဉ်၊ ကိုယ်ချဉ်သလို ဖြစ်နိုင်ပေမယ့် အာဂျင်တီးနားဂန္ထဝင်ကစားသမား ရီကွဲလ်မီ ချီးကျူးထားတာကိုတော့ Overrate ဖြစ်တယ်လို့ ပြောလို့မရတော့ပါဘူး။

ရီကွဲလ်မီက”ပွဲတွေအများကြီး သူ မကစားရသေးပေမယ့် ခြေထောက်ထဲဘောလုံးထားပုံကိုကြည့်ရင် ဘယ်လောက်ကျွမ်းကျင်မှုရှိသလဲကို သိနိုင်မှာပါ။ဒါက ဘောလုံးသမားတစ်ဦးအတွက် အရေးကြီးဆုံးပါ။ သူ့လိုကစားသမားက များများစားစား မရှိလှပါဘူး”လို့ ပြောပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ပယ်လစ်စထရီရဲ့ ခေါင်းကိုင်ဖခင်ဟာ ဥရုဂွေးရဲ့နာမည်ကျော် ရော့ခ်ကာကြီးတစ်ဦးဖြစ်နေတာပါပဲ။ တောင်အမေရိကတလွှား ကျော်ကြားတဲ့ La Vela Puerca ရော့ခ်ဂီတအဖွဲ့က အဆိုတော် တေဆီရာဟာ ပယ်လစ်စထရီရဲ့ ခေါင်းကိုက်ဖခင်ပါ။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်က Estadio Luna Park ဘောလုံးကွင်းမှာ ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲတစ်ပွဲတုန်းကဆိုရင် ပယ်လစ်စထရီရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ပုံကို စတိတ်စင်မှာ ဖော်ပြရင်း မွေးနေ့ဆုတောင်းပွဲတောင် လုပ်ပေးခဲ့ပါသေးတယ်။ ရော့ခ်ကာကြီး တေဆီရာ ကိုယ်တိုင်ကလည်း ပီနားရိုးလ်အသင်းပရိသတ်လို့ ဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူ ၾကယ္ပြင့္သစ္ ပယ္လစ္စထရီရဲ႕စိတ္၀င္စားစရာအေၾကာင္းမ်ား

ေအာက္တိုဘာလ ၅ရက္ေန႔က မန္ခ်က္စတာယူႏုိက္တက္အသင္း ေခၚခဲ့တဲ့ ကစားသမားသစ္ ၄ဦးထဲမွာ ဥရုေဂြးေျခတက္ေတာင္ပံကစားသမား ဖာကန္ဒိုပယ္လစ္စထရီကိုေတာ့ ပရိသတ္ေတြ သိပ္သတိမထားမိၾကပါဘူး။ ဥရုေဂြးကလပ္ ပီနားရိုးလ္အသင္းကေန လာတယ္ဆိုေတာ့ ပရိသတ္နဲ႔ ထိေတြ႔မႈလည္းနည္းလြန္းပါတယ္။ ဒါေပမယ့္ ဒီ အသက္ ၁၈ႏွစ္သားေလးနဲ႔ပတ္သက္ၿပီး စိတ္၀င္စားစရာတခ်ိဳ႕ရွိေနပါတယ္။

ျမန္ႏႈန္းျမင့္ေတာင္ပံကစားသမားေလးကို ကင္းေထာက္ေတြ လႊတ္ၿပီး ယူႏိုကတက္ ေစာင့္ၾကည့္ခဲ့တာၾကာပါၿပီ။ သာမာန္ထက္ပိုထူးျခားတဲ့ ေျခစြမ္းပိုင္ရွင္ျဖစ္တာေၾကာင့္သာ ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအတြက္ မ်ားျပားတဲ့ေျပာင္းေရႊ႕ေၾကးတစ္ရပ္ျဖစ္တဲ့ ေပါင္ ၁၀သန္းနီးပါးနဲ႔ ယူႏုိက္တက္ ေခၚခဲ့တာပါ။ သူ႔ရဲ႕အလားအလာကို ပီနားရိုးလ္အသင္းနည္းျပေဟာင္းလည္းျဖစ္၊ ယူႏိုက္တက္ တိုက္စစ္မွဴးေဟာင္းလည္းျဖစ္တဲ့ ဒီေယဂိုေဖာ္လန္က ထုတ္ေဖာ္ခ်ီးက်ဴးထားတာဟာ ကိုယ့္ငါးခ်ဥ္၊ ကိုယ္ခ်ဥ္သလို ျဖစ္ႏိုင္ေပမယ့္ အာဂ်င္တီးနားဂႏၳ၀င္ကစားသမား ရီကြဲလ္မီ ခ်ီးက်ဴးထားတာကိုေတာ့ Overrate ျဖစ္တယ္လို႔ ေျပာလို႔မရေတာ့ပါဘူး။

ရီကြဲလ္မီက”ပြဲေတြအမ်ားႀကီး သူ မကစားရေသးေပမယ့္ ေျခေထာက္ထဲေဘာလံုးထားပံုကိုၾကည့္ရင္ ဘယ္ေလာက္ကၽြမ္းက်င္မႈရွိသလဲကို သိႏိုင္မွာပါ။ဒါက ေဘာလံုးသမားတစ္ဦးအတြက္ အေရးႀကီးဆံုးပါ။ သူ႔လိုကစားသမားက မ်ားမ်ားစားစား မရွိလွပါဘူး”လို႔ ေျပာပါတယ္။

ေနာက္ထပ္ စိတ္၀င္စားစရာတစ္ခုကေတာ့ ပယ္လစ္စထရီရဲ႕ ေခါင္းကိုင္ဖခင္ဟာ ဥရုေဂြးရဲ႕နာမည္ေက်ာ္ ေရာ့ခ္ကာႀကီးတစ္ဦးျဖစ္ေနတာပါပဲ။ ေတာင္အေမရိကတလႊား ေက်ာ္ၾကားတဲ့ La Vela Puerca ေရာ့ခ္ဂီတအဖြဲ႔က အဆိုေတာ္ ေတဆီရာဟာ ပယ္လစ္စထရီရဲ႕ ေခါင္းကိုက္ဖခင္ပါ။ အာဂ်င္တီးနားႏိုင္ငံ၊ ဗ်ူႏိုေအရိစ္က Estadio Luna Park ေဘာလံုးကြင္းမွာ က်င္းပတဲ့ ဂီတေဖ်ာ္ေျဖပြဲတစ္ပြဲတုန္းကဆိုရင္ ပယ္လစ္စထရီရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ သူ႔ပံုကို စတိတ္စင္မွာ ေဖာ္ျပရင္း ေမြးေန႔ဆုေတာင္းပြဲေတာင္ လုပ္ေပးခဲ့ပါေသးတယ္။ ေရာ့ခ္ကာႀကီး ေတဆီရာ ကိုယ္တုိင္ကလည္း ပီနားရိုးလ္အသင္းပရိသတ္လို႔ ဆိုထားပါတယ္။