ဒီတစ်ပတ်မှာ အသင်းသစ်နဲ့စောင့်ကြည့်ရမယ့် ကစားသမားသစ် ၃ဦး

နွေရာသီဈေးကွက်ပိတ်ရက်မှာ အသင်းပြောင်းခဲ့ကြတဲ့ ကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းသစ်ကိုယ်စီနဲ့ ပွဲထွက်ခွင့်မရကြသေးပါဘူး။ ဈေးကွက်ပိတ်ပြီးတာနဲ့တစ်ပြိုင်တည်း နိုင်ငံတကာပွဲတွေဝင်လာလို့ အသင်းသစ်ကိုယ်စီနဲ့အတူ ပွဲထွက်ခွင့်ရဖို့ ၂ပတ်လောက်အထိ စောင့်ဆိုင်းခဲ့ကြရတာပါ။

ဒါ့အပြင် ဈေးကွက်ပိတ်ရက်ကမဟုတ်ဘဲအစောပိုင်းကတည်းက ရောက်နေခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အသင်းသစ်မှာ ပွဲထွက်ခွင့်မရသေးတဲ့ ကစားသမားတွေလည်းရှိပါသေးတယ်။ သူတို့တွေထဲက ၃ ဦးကိုတော့ အခုလာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပရိသတ်တွေ စတင်တွေ့မြင်ရဖို့ရှိနေပါတယ်။

(၁) သောမတ်စ်ပါတေး(အာဆင်နယ်)

ဈေးကွက်ပိတ်ရက်က ပရီးမီးယားလိဂ်အပြောင်းအရွှေ့တွေထဲ တန်ကြေးအမြင့်ဆုံးဖြစ်ခဲ့တဲ့ ပေါင် ၄၅သန်းတန် သောမတ်စ်ပါတေးကို ဂန်းနားတွေ များစွာ မျှော်လင့်ထားမှာသေချာပါတယ်။ ၂၀၁၈-၁၉ရာသီကစလို့တွက်ကြည့်ရင် သွင်းဂိုး၊ ဂိုးဖန်တီးမှု၊ ဘောလုံးဖျက်ထုတ်မှု၊ ဘောလုံးအလိမ်အခေါက်၊ ဘောလုံးပြန်ဆည်နိုင်မှုစတဲ့အချက်အလက်အသီးသီးမှာ လက်ရှိ အာဆင်နယ်ကွင်းလယ်လူတွေအားလုံးထက် ပိုသာနေတာကြောင့် ပါတေးကို အာဆင်နယ်ပရိသတ်တွေ မျှော်လင့်မယ်ဆိုရင် မျှော်လင့်ချင်စရာပါ။

နောက်ဆုံးကစားခဲ့တဲ့ ဂါနာနဲ့ ကာတာတို့ပွဲမှာလည်း ပါတေး ဟာ ဂိုးဖန်တီးမှု ၂ကြိမ်လုပ်ပြခဲ့ပါသေးတယ်။ အဓိက ကတော့ အင်္ဂါနေ့ကတည်းက လန်ဒန်၊ ကိုနေးကို ပါတေး ရောက်လာလို့ စနေနေ့ မန်စီးတီးနဲ့ပွဲမတိုင်ခင် ၄ရက်လောက်ကြိုတင်လေ့ကျင့်ချိန်ရခဲ့ပါတယ်။ အတွေ့အကြုံရှိပြီးသား ကစားသမားတစ်ဦးအတွက်အသင်းသစ်မှာ ပွဲထွက်ခွင့်ရနိုင်လောက်တဲ့ ပြင်ဆင်ချိန်ပါ။ ဥပမာအားဖြင့် အယ်လ်ကန်တာရာကိုဆိုရင် လီဗာပူးနဲ့ပွဲမထွက်ခင် ၂ရက်လောက်ပဲလေ့ကျင့်ရခဲ့ပါတယ်။

အဲလက်စ်တဲလက်စ်(မန်ယူ)

ယူနိုက်တက်ရဲ့ နောက်ံဆုံးကစားသမားသစ် ၄ဦးထဲ နည်းပြ ဆိုးလ်ရှားရဲ့အသင်းမှာ စတင်ပွဲထွက်ခွင့်ရလာမှာက ဘရာဇီးနောက်ခံလူ အဲလက်စ်တဲလက်စ်ပါ။ တိုက်စစ်မှူး ကာဗာနီနဲ့မတူတာကတော့ တဲလက်စ်ဟာ ပေါ်တူဂီက လာသူဖြစ်လို့ အင်္ဂလန်မှာ ကွာရန်တင်းဝင်စရာမလိုပါဘူး။ နိုင်ငံတကာပွဲကာလအတွင်း ၂ပတ်နီးပါးအထိ ကာရင်တန်မှာလေ့ကျင့်ခွင့်ရခဲ့ပါတယ်။

ဒါကြောင့် နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရမယ်ဆိုရင် ရနိုင်လောက်တဲ့အခြေအနေရှိပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ခံစစ်ဘယ်ခြမ်းကလည်း အမြန် ပြောင်းလဲဖို့ လိုနေတာကြောင့် တဲလက်စ်အတွက် အသင်းသစ်နဲ့ပွဲထွက်ခွင့်ရဖို့ ရေကန်အသင့်၊ ကြာအတင့်ပါပဲ။

ဂါရက်ဘေးလ်(စပါး)

စပါးကို တစ်ကျော့ပြန်ရောက်လာတာ တစ်လလောက်ကြာမြင့်ခဲ့အပြီးမှာတော့ ဂါရက်ဘေးလ်အတွက် အခုတစ်ပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာ စတင်ပွဲထွက်ခွင့်ရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗြိတိန်မီဒီယာတွေမှာ ဖော်ပြတဲ့ ဗီဒီယိုကလစ်တွေမှာ စပါးအသင်းနဲ့အတူ ဂါရက်ဘေးလ် ခြေစွမ်းပြလေ့ကျင့်နေတာကို မြင်ရပါတယ်။ နည်းပြ မော်ရင်ဟို ကိုယ်တိုင်ကလည်း ဂါရက်ဘေးလ်ကို အမြန်အသုံးပြုဖို့ ဆန္ဒပြင်းပြနေပါတယ်။


ဒီကစားသမားသစ် ၃ဦးဟာ လာမယ့့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ စောင့်ကြည့်ရမယ့် ကစားသမားတွေလည်းဖြစ်နေပါတယ်။

zawgyi

ဒီတစ္ပတ္မွာ အသင္းသစ္နဲ႔ေစာင့္ၾကည့္ရမယ့္ ကစားသမားသစ္ ၃ဦး

ေႏြရာသီေစ်းကြက္ပိတ္ရက္မွာ အသင္းေျပာင္းခဲ့ၾကတဲ့ ကစားသမားေတြဟာ သက္ဆိုင္ရာ အသင္းသစ္ကိုယ္စီနဲ႔ ပြဲထြက္ခြင့္မရၾကေသးပါဘူး။ ေစ်းကြက္ပိတ္ၿပီးတာနဲ႔တစ္ၿပိဳင္တည္း ႏိုင္ငံတကာပြဲေတြ၀င္လာလို႔ အသင္းသစ္ကိုယ္စီနဲ႔အတူ ပြဲထြက္ခြင့္ရဖို႔ ၂ပတ္ေလာက္အထိ ေစာင့္ဆိုင္းခဲ့ၾကရတာပါ။ ဒါ့အျပင္ ေစ်းကြက္ပိတ္ရက္ကမဟုတ္ဘဲအေစာပိုင္းကတည္းက ေရာက္ေနခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသင္းသစ္မွာ ပြဲထြက္ခြင့္မရေသးတဲ့ ကစားသမားေတြလည္းရွိပါေသးတယ္။ သူတို႔ေတြထဲက ၃ ဦးကိုေတာ့ အခုလာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပရိသတ္ေတြ စတင္ေတြ႔ျမင္ရဖို႔ရွိေနပါတယ္။

(၁) ေသာမတ္စ္ပါေတး(အာဆင္နယ္)

ေစ်းကြက္ပိတ္ရက္က ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ေတြထဲ တန္ေၾကးအျမင့္ဆံုးျဖစ္ခဲ့တဲ့ ေပါင္ ၄၅သန္းတန္ ေသာမတ္စ္ပါေတးကို ဂန္းနားေတြ မ်ားစြာ ေမွ်ာ္လင့္ထားမွာေသခ်ာပါတယ္။ ၂၀၁၈-၁၉ရာသီကစလို႔တြက္ၾကည့္ရင္ သြင္းဂိုး၊ ဂိုးဖန္တီးမႈ၊ ေဘာလံုးဖ်က္ထုတ္မႈ၊ ေဘာလံုးအလိမ္အေခါက္၊ ေဘာလံုးျပန္ဆည္ႏိုင္မႈစတဲ့အခ်က္အလက္အသီးသီးမွာ လက္ရွိ အာဆင္နယ္ကြင္းလယ္လူေတြအားလံုးထက္ ပိုသာေနတာေၾကာင့္ ပါေတးကို အာဆင္နယ္ပရိသတ္ေတြ ေမွ်ာ္လင့္မယ္ဆိုရင္ ေမွ်ာ္လင့္ခ်င္စရာပါ။ ေနာက္ဆံုးကစားခဲ့တဲ့ ဂါနာနဲ႔ ကာတာတို႔ပြဲမွာလည္း ပါေတး ဟာ ဂိုးဖန္တီးမႈ ၂ႀကိမ္လုပ္ျပခဲ့ပါေသးတယ္။ အဓိက ကေတာ့ အဂၤါေန႔ကတည္းက လန္ဒန္၊ ကိုေနးကို ပါေတး ေရာက္လာလို႔ စေနေန႔ မန္စီးတီးနဲ႔ပြဲမတိုင္ခင္ ၄ရက္ေလာက္ႀကိဳတင္ေလ့က်င့္ခ်ိန္ရခဲ့ပါတယ္။ အေတြ႔အႀကံဳရွိၿပီးသား ကစားသမားတစ္ဦးအတြက္အသင္းသစ္မွာ ပြဲထြက္ခြင့္ရႏိုင္ေလာက္တဲ့ ျပင္ဆင္ခ်ိန္ပါ။ ဥပမာအားျဖင့္ အယ္လ္ကန္တာရာကိုဆိုရင္ လီဗာပူးနဲ႔ပြဲမထြက္ခင္ ၂ရက္ေလာက္ပဲေလ့က်င့္ရခဲ့ပါတယ္။

အဲလက္စ္တဲလက္စ္(မန္ယူ)

ယူႏုိက္တက္ရဲ႕ ေနာက္ံဆံုးကစားသမားသစ္ ၄ဦးထဲ နည္းျပ ဆိုးလ္ရွားရဲ႕အသင္းမွာ စတင္ပြဲထြက္ခြင့္ရလာမွာက ဘရာဇီးေနာက္ခံလူ အဲလက္စ္တဲလက္စ္ပါ။ တိုက္စစ္မွဴး ကာဗာနီနဲ႔မတူတာကေတာ့ တဲလက္စ္ဟာ ေပၚတူဂီက လာသူျဖစ္လို႔ အဂၤလန္မွာ ကြာရန္တင္း၀င္စရာမလိုပါဘူး။ ႏိုင္ငံတကာပြဲကာလအတြင္း ၂ပတ္နီးပါးအထိ ကာရင္တန္မွာေလ့က်င့္ခြင့္ရခဲ့ပါတယ္။ ဒါေၾကာင့္ နယူးကာဆယ္နဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲထြက္ခြင့္ရမယ္ဆိုရင္ ရႏိုင္ေလာက္တဲ့အေျခအေနရွိပါတယ္။ မန္ခ်က္စတာယူႏုိက္တက္မွာ ခံစစ္ဘယ္ျခမ္းကလည္း အျမန္ ေျပာင္းလဲဖို႔ လိုေနတာေၾကာင့္ တဲလက္စ္အတြက္ အသင္းသစ္နဲ႔ပြဲထြက္ခြင့္ရဖို႔ ေရကန္အသင့္၊ ၾကာအတင့္ပါပဲ။

ဂါရက္ေဘးလ္(စပါး)

စပါးကို တစ္ေက်ာ့ျပန္ေရာက္လာတာ တစ္လေလာက္ၾကာျမင့္ခဲ့အၿပီးမွာေတာ့ ဂါရက္ေဘးလ္အတြက္ အခုတစ္ပတ္ ၀က္စ္ဟမ္းနဲ႔ပြဲမွာ စတင္ပြဲထြက္ခြင့္ရဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ၿဗိတိန္မီဒီယာေတြမွာ ေဖာ္ျပတဲ့ ဗီဒီယိုကလစ္ေတြမွာ စပါးအသင္းနဲ႔အတူ ဂါရက္ေဘးလ္ ေျခစြမ္းျပေလ့က်င့္ေနတာကို ျမင္ရပါတယ္။ နည္းျပ ေမာ္ရင္ဟို ကိုယ္တိုင္ကလည္း ဂါရက္ေဘးလ္ကို အျမန္အသံုးျပဳဖို႔ ဆႏၵျပင္းျပေနပါတယ္။
ဒီကစားသမားသစ္ ၃ဦးဟာ လာမယ့္႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားေတြလည္းျဖစ္ေနပါတယ္။