ယူနိုက်တက်နဲ့ လိဒ်တို့ရဲ့ပွဲကို အားကျမခံဟောကိန်းထုတ်လာပြန်တဲ့ ဘာဘာတော့ဗ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ယနေ့ညကစားရမယ့် လိဒ်နဲ့ပွဲမှာ ဂိုးတွေအပြန်အလှန်သွင်းပြီး ၃-၂ ဂိုးနဲ့အနိုင်ရသွားလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဟောကိန်းထုတ်လိုက်ပါတယ်။


ယူနိုက်တက်ဟာ ကြာသပတေးညက ရှက်ဖီးယူနိုက်တက်ကို အနောက်ကနေလိုက်ကစားကာ ၂-၃ဂိုးနဲ့အနိုင်ရခဲ့ပြီး လိဂ်နောက်ဆုံး ၅ပွဲမှာ ၄ပွဲနိုင်၊ ၁ပွဲသရေရလဒ်နဲ့ အခြေအနေကောင်းနေပါတယ်။


လိဒ်ယူနိုက်တက်က လိဂ်နောက်ဆုံး ၃ပွဲအနက် ၂ပွဲအထိ အရေးနိမ့်ထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကို ၅-၂ ဂိုးနဲ့အနိုင်ယူကာ တိုက်စစ်အားထက်မြက်နေပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က လိဒ်ယူနိုက်တက်နဲ့ပွဲက ၂-၂ ဂိုးသရေနဲ့အဆုံးသတ်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပေမယ့် အခုတော့ ဘာဘာတော့ဗ်က သူ့အသင်းဟောင်းက ၃-၂ ဂိုးနဲ့အနိုင်ရလိမ့်မယ်လို့ ပြောပါတယ်။


ဒါပေမဲ့ နှစ်ဦးစလုံးတူညီတဲ့အချက်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်မယ့်အချက်ဖြစ်ပါတယ်။
”ယူနိုက်တက်အတွက် နောက်ထပ်တကယ့်ကိုအရေးပါတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်း အခြေအနေကောင်းမယ်လို့ ထင်ပါတယ်”


”ဘာဖြစ်လို့လဲဆိုတော့ လိဒ်ယူနိုက်တက်က ဖွင့်ကစားတာဖြစ်ပြီး တိုက်စစ်ကို ရဲရဲရင့်ရင့် ဖွင့်ကစားနေလို့ပါ။ အဲဒီလိုဆိုရင် ယူနိုက်တက်အတွက် တန်ပြန်တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေအများကြီးထွက်ပေါ်လာနိုင်ပါတယ်”

”ပြီးတော့ ယူနိုက်တက်ရဲ့အမြန်နှုန်းမြင့်မားမှုက လိဒ်အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လိဒ်ကလည်း ဘယ်သူနဲ့ကစားနေလဲဆိုတာ သိပ်ဂရုစိုက်မနေဘဲ ကိုယ့်နည်းဗျူဟာနဲ့ကိုယ် ကစားလေ့ရှိပါတယ်။ ဂိုးတွေအများကြီးလည်း မြင်တွေ့ရဖို့ရှိပါတယ်”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ခရစ္စမတ်ကာလမတိုင်ခင် နောက်ဆုံးပွဲအဖြစ် ဒီပွဲပြီးရင် ဗုဒ္ဓဟူးနေ့မှာ အဲဗာတန်အသင်းနဲ့ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ကစားရမှာဖြစ်ပြီး အိမ်ကွင်မှာပဲ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူနုိက္တက္နဲ႔ လိဒ္တုိ႔ရဲ႕ပြဲကို အားက်မခံေဟာကိန္းထုတ္လာျပန္တဲ့ ဘာဘာေတာ့ဗ္
ယူနုိက္တက္အေနနဲ႔ ယေန႔ညကစားရမယ့္ လိဒ္နဲ႔ပြဲမွာ ဂိုးေတြအျပန္အလွန္သြင္းၿပီး ၃-၂ ဂိုးနဲ႔အႏိုင္ရသြားလိမ့္မယ္လုိ႔ တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ေဟာကိန္းထုတ္လုိက္ပါတယ္။
ယူနုိက္တက္ဟာ ၾကာသပေတးညက ရွက္ဖီးယူႏိုက္တက္ကို အေနာက္ကေနလုိက္ကစားကာ ၂-၃ဂိုးနဲ႔အႏုိင္ရခဲ့ၿပီး လိဂ္ေနာက္ဆုံး ၅ပြဲမွာ ၄ပဲြႏိုင္၊ ၁ပြဲသေရရလဒ္နဲ႔ အေျခအေနေကာင္းေနပါတယ္။
လိဒ္ယူႏုိက္တက္က လိဂ္ေနာက္ဆုံး ၃ပြဲအနက္ ၂ပြဲအထိ အေရးနိမ့္ထားေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ နယူးကာဆယ္ကို ၅-၂ ဂိုးနဲ႔အႏိုင္ယူကာ တုိက္စစ္အားထက္ျမက္ေနပါတယ္။

ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း အို၀င္က လိဒ္ယူႏုိက္တက္နဲ႔ပြဲက ၂-၂ ဂိုးသေရနဲ႔အဆုံးသတ္သြားလိမ့္မယ္လုိ႔ ေဟာကိန္းထုတ္ထားေပမယ့္ အခုေတာ့ ဘာဘာေတာ့ဗ္က သူ႕အသင္းေဟာင္းက ၃-၂ ဂိုးနဲ႔အႏိုင္ရလိမ့္မယ္လုိ႔ ေျပာပါတယ္။
ဒါေပမဲ့ ႏွစ္ဦးစလုံးတူညီတဲ့အခ်က္ကေတာ့ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ပရိသတ္ကို ေဖ်ာ္ေျဖမႈေပးႏိုင္မယ့္အခ်က္ျဖစ္ပါတယ္။
”ယူႏုိက္တက္အတြက္ ေနာက္ထပ္တကယ့္ကိုအေရးပါတဲ့ပြဲျဖစ္ပါတယ္။ ဒီပြဲမွာ ယူႏုိက္တက္အသင္း အေျခအေနေကာင္းမယ္လုိ႔ ထင္ပါတယ္”
”ဘာျဖစ္လုိ႔လဲဆုိေတာ့ လိဒ္ယူႏုိက္တက္က ဖြင့္ကစားတာျဖစ္ၿပီး တုိက္စစ္ကို ရဲရဲရင့္ရင့္ ဖြင့္ကစားေနလုိ႔ပါ။ အဲဒီလိုဆုိရင္ ယူႏုိက္တက္အတြက္ တန္ျပန္တုိက္စစ္ဆင္ဖုိ႔ ေနရာလြတ္ေတြအမ်ားႀကီးထြက္ေပၚလာႏိုင္ပါတယ္”
”ၿပီးေတာ့ ယူႏိုက္တက္ရဲ႕အျမန္ႏႈန္းျမင့္မားမႈက လိဒ္အတြက္ ျပႆနာျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ လိဒ္ကလည္း ဘယ္သူနဲ႔ကစားေနလဲဆုိတာ သိပ္ဂ႐ုစိုက္မေနဘဲ ကိုယ့္နည္းဗ်ဴဟာနဲ႔ကိုယ္ ကစားေလ့ရွိပါတယ္။ ဂိုးေတြအမ်ားႀကီးလည္း ျမင္ေတြ႕ရဖုိ႔ရွိပါတယ္”လုိ႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။

ယူႏုိက္တက္ဟာ ခရစၥမတ္ကာလမတုိင္ခင္ ေနာက္ဆုံးပြဲအျဖစ္ ဒီပြဲၿပီးရင္ ဗုဒၶဟူးေန႔မွာ အဲဗာတန္အသင္းနဲ႔ ကာရာေဘာင္ဖလားကြာတားဖုိင္နယ္ကစားရမွာျဖစ္ၿပီး အိမ္ကြင္မွာပဲ ဧည့္ခံကစားရမွာျဖစ္ပါတယ္။