ဆောင်းဈေးကွက်အတွက် ပစ်မှတ်စာရင်းမှာ လူငယ်နောက်ခံလူ၂ဦးကိုပါ ထည့်ထားတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယခုရာသီမှာ ခံစစ်ပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးနောက် ဇန်နဝါရီဈေးကွက်အတွင်း ခေါ်ယူမယ့်ပစ်မှတ်စာရင်းမှာ လူငယ်နောက်ခံလူနှစ်ဦးကိုပါ ထည့်သွင်းထားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ၃ပွဲမှာ ၂ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။

ပြီးတော့ ယူနိုက်တက်ဟာ အဲဒီ ၃ပွဲမှာ ခံစစ်က ၁၁ ဂိုးအထိပေးထားရရာ ပရီးမီးယားလိဂ်မှာ သူတို့ထက် ပေးဂိုးပိုများတဲ့အသင်းဆိုလို့ ၁၃ ဂိုးပေးထားရတဲ့ ဝက်စ်ဘရွန်းတစ်သင်းတည်းရှိပါတယ်။ ဒီရာသီမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့ ရုန်းကန်နေရလို့ နည်းပြဆိုးလ်ရှားလည်း ရေပက်မဝင်တဲ့ဗဟိုခံစစ်အတွဲရှာဖွေနေရပါတယ်။

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဇန်နဝါရီလအတွင်း ဈေးကွက်ပြန်ဖွင့်ချိန်မှာ အနည်းဆုံး ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပြီး ယူနိုက်တက်ရဲ့အလိုရှိစာရင်းထဲမှာ ဆီဗီလာနောက်ခံလူ ကူယန်ဒီနဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

အဲဒီသတင်းဌာနက ယူနိုက်တက်ဟာ လာလီဂါအခြေစိုက်လူငယ်နောက်ခံလူ ၂ဦးကို အခုကနေ ယခုနှစ်ကုန်အထိ အနီးကပ်စောင့်ကြည့်မှာဖြစ်ပြီး ဈေးကွက်ရောက်ရင် ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ ကူယန်ဒီဟာ ပြီးခဲ့ဲတဲ့နွေရာသီက ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် စီးတီးနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ စီးတီးက အဆုံးသတ်မှာ ကူယန်ဒီကို မခေါ်ယူဘဲ ဈေးကွက်အတွင်း ဗဟိုနောက်ခံလူတွေအဖြစ် နသန်အကီနဲ့ ရူဘင်ဒီယက်စ်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဆီဗီလာက ကူယန်ဒီရဲ့တန်ဖိုးကို ပေါင် ၅၈ သန်းကနေ ပေါင် ၆၃ ကြား သတ်မှတ်ထားပြီး ဗီလာရီးရဲလ်က ပါအူတောရက်စ်အတွက် ပေါင် ၄၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းလာရင် လက်သင့်ခံဖွယ်ရှိနေပါတယ်။

ယူနိုက်တက်အနေနဲ့ ဆောင်းရာသီဈေးကွက်အတွင်း ကစားသမားသစ်မခေါ်ယူခင် အသင်းရှိ ဗဟိုနောက်ခံလူတချို့ကို ထုတ်ရောင်းရဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားက အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ဦးစားပေးအဖြစ် ဆက်လက်ထားရှိဖွယ်ရှိပြီး လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့ကို မက်ဂွိုင်းယားရဲ့တွဲဘက်အဖြစ် အလှည့်ကျသုံးစွဲဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားဟာ အသက် ၂၂ နှစ်အရွယ်ရှိ တွမ်ဇီဘီကိုလည်း အလားအလာရှိသူအဖြစ် သတ်မှတ်ထားပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဖီးလ်ဂျုံးစ်နဲ့ မားကို့စ်ရိုဟိုတို့ကတော့ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဆာင္းေစ်းကြက္အတြက္ ပစ္မွတ္စာရင္းမွာ လူငယ္ေနာက္ခံလူ၂ဦးကိုပါ ထည့္ထားတဲ့ ယူႏုိက္တက္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ယခုရာသီမွာ ခံစစ္ပိုင္းျပႆနာေတြနဲ႔ ရင္ဆုိင္ေနရၿပီးေနာက္ ဇန္န၀ါရီေစ်းကြက္အတြင္း ေခၚယူမယ့္ပစ္မွတ္စာရင္းမွာ လူငယ္ေနာက္ခံလူႏွစ္ဦးကိုပါ ထည့္သြင္းထားေၾကာင္း သိရပါတယ္။ ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ ၃ပြဲမွာ ၂ပြဲ႐ံႈးနိမ့္ခဲ့ၿပီးေနာက္ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနရပါတယ္။

ၿပီးေတာ့ ယူႏုိက္တက္ဟာ အဲဒီ ၃ပဲြမွာ ခံစစ္က ၁၁ ဂိုးအထိေပးထားရရာ ပရီးမီးယားလိဂ္မွာ သူတုိ႔ထက္ ေပးဂိုးပိုမ်ားတဲ့အသင္းဆုိလုိ႔ ၁၃ ဂိုးေပးထားရတဲ့ ၀က္စ္ဘရြန္းတစ္သင္းတည္းရွိပါတယ္။ ဒီရာသီမွာ အဓိကေနာက္ခံလူေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္နဲ႔ ဘုိင္လီတုိ႔ ႐ုန္းကန္ေနရလုိ႔ နည္းျပဆုိးလ္ရွားလည္း ေရပက္မ၀င္တဲ့ဗဟိုခံစစ္အတြဲရွာေဖြေနရပါတယ္။

ESPN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ဇန္န၀ါရီလအတြင္း ေစ်းကြက္ျပန္ဖြင့္ခ်ိန္မွာ အနည္းဆုံး ဗဟုိေနာက္ခံလူတစ္ဦး ေခၚယူဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရၿပီး ယူႏုိက္တက္ရဲ႕အလုိရွိစာရင္းထဲမွာ ဆီဗီလာေနာက္ခံလူ ကူယန္ဒီနဲ႔ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူေတာရက္စ္တုိ႔ ပါ၀င္ေနတယ္လုိ႔ သိရပါတယ္။

အဲဒီသတင္းဌာနက ယူႏုိက္တက္ဟာ လာလီဂါအေျခစုိက္လူငယ္ေနာက္ခံလူ ၂ဦးကို အခုကေန ယခုႏွစ္ကုန္အထိ အနီးကပ္ေစာင့္ၾကည့္မွာျဖစ္ၿပီး ေစ်းကြက္ေရာက္ရင္ ကမ္းလွမ္းမႈျပဳလုပ္ဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ရွိ ကူယန္ဒီဟာ ၿပီးခဲ့ဲတဲ့ေႏြရာသီက ယူႏုိက္တက္ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးနဲ႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ စီးတီးက အဆုံးသတ္မွာ ကူယန္ဒီကို မေခၚယူဘဲ ေစ်းကြက္အတြင္း ဗဟိုေနာက္ခံလူေတြအျဖစ္ နသန္အကီနဲ႔ ႐ူဘင္ဒီယက္စ္တို႔ကို ေခၚယူခဲ့ပါတယ္။ ဆီဗီလာက ကူယန္ဒီရဲ႕တန္ဖုိးကို ေပါင္ ၅၈ သန္းကေန ေပါင္ ၆၃ ၾကား သတ္မွတ္ထားၿပီး ဗီလာရီးရဲလ္က ပါအူေတာရက္္စ္အတြက္ ေပါင္ ၄၅ သန္း၀န္းက်င္နဲ႔ ကမ္းလွမ္းလာရင္ လက္သင့္ခံဖြယ္ရွိေနပါတယ္။

ယူႏိုက္တက္အေနနဲ႔ ေဆာင္းရာသီေစ်းကြက္အတြင္း ကစားသမားသစ္မေခၚယူခင္ အသင္းရွိ ဗဟိုေနာက္ခံလူတခ်ိဳ႕ကို ထုတ္ေရာင္းရဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားက အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို ဦးစားေပးအျဖစ္ ဆက္လက္ထားရွိဖြယ္ရွိၿပီး လင္ဒီေလာ့ဖ္နဲ႔ ဘုိင္လီတုိ႔ကို မက္ဂြိဳင္းယားရဲ႕တြဲဘက္အျဖစ္ အလွည့္က်သုံးစြဲဖြယ္ရွိေနပါတယ္။

ဆုိးလ္ရွားဟာ အသက္ ၂၂ ႏွစ္အရြယ္ရွိ တြမ္ဇီဘီကိုလည္း အလားအလာရွိသူအျဖစ္ သတ္မွတ္ထားေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ အသင္းရဲ႕လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ ဖီးလ္ဂ်ံဳးစ္နဲ႔ မားကို႔စ္႐ိုဟိုတုိ႔ကေတာ့ အသင္းကေန ထြက္ခြာရဖြယ္ရွိေနပါတယ္။