ပွဲထွက်ခွင့်ဆုံးရှုံးနေရလို့ ဗီလာရီးရဲလ်နဲ့အငှားစာချုပ်ကို စောစီးစွာအဆုံးသတ်ဖို့ ဂျပန်မက်ဆီ ပြင်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျပန်ကွင်းလယ်တိုက်စစ်သမား ကူဘိုဟာ ဗီလာရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေရလို့ အငှားသက်တမ်းကို သတ်မှတ်ထားတာထက် စောစီးစွာအဆုံးသတ်ဖွယ်ရှိနေပြီး ဇန်နဝါရီလအတွင်း မိခင်ကလပ် ရီးရဲလ်နဲ့ ပြန်လည်ပူးပေါင်းဖို့ များနေပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ ကူဘိုဟာ ရီးရဲလ်နည်းပြ ဇီဒန်းရဲ့လက်အောက်မှာ အခွင့်အရေးရဖို့ ရာခိုင်နှုန်းနည်းနေလို့ ပြီးခဲ့တဲ့နွေရာသီက ဗီလာရီးရဲလ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။

ဒါပေမဲ့ ဂျပန်မက်ဆီလို့ နာမည်ကျော်နေတဲ့ လာမာစီယာအကယ်ဒမီထွက် ကူဘိုဟာ ယခုရာသီ လာလီဂါ ၁၄ပွဲအနက် ၂ပွဲသာ အမ်မရီရဲ့အသင်းအတွက် ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားပြီး စပိန်သတင်းစာ အေအက်စ်က အာဆင်နယ်နည်းပြဟောင်း အမ်မရီအနေနဲ့ ဇန်နဝါရီလအတွင်း အသင်းအင်အားတိုးချဲ့ဖို့ ပြင်ဆင်နေရာ ဒီအတိုင်းဆိုရင် ကူဘိုရဲ့အခန်းကဏ္ဍက ဒီထက်ပိုမှေးမှိန်လာဖွယ်ရှိနေပါတယ်။

အဲဒီသတင်းကပဲ အမ်မရီအနေနဲ့ ယခုရာသီကုန်အထိ အနားယူနေရတဲ့ ကွင်းလယ်လူ အိုင်ဘော်ရာရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦးခေါ်ယူလိုနေတယ်လို့ သိရပြီး ဒုတိယရာသီဝက်အတွက် EU မဟုတ်တဲ့ကစားသမားတစ်ဦးခေါ်ယူလိုနေရာ လက်ရှိအချိန်မှာ အဲဒီတစ်နေရာကို ကူဘိုအတွက် ပေးထားရတာဖြစ်ပါတယ်။

ဒီအတွက်ကြောင့်ပဲ ကူဘိုရဲ့အငှားစာချုပ်က ဇန်နဝါရီလမှာ အဆုံးသတ်ဖွယ်ရှိနေပြီး ၂၀၁၉ နွေရာသီက အက်ဖ်စီတိုကျိုကနေ ၅နှစ်စာချုပ်နဲ့ ရီးရဲလ်ကို ရောက်ရှိခဲ့တဲ့ ကူဘိုဟာ ပြီးခဲ့တဲ့ရာသီကလည်း မာယော့ကာအသင်းမှာ အငှားကစားခဲ့ပါတယ်။

ကူဘိုဟာ မာယော့ကာအသင်းမှာတော့ အဓိကကစားသမားတစ်ဦးအနေနဲ့ ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် ၃၅ပွဲမှာ ၄ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းကတော့ လာလီဂါမှာ အဆင့် ၁၉ နေရာသာရရှိခဲ့လို့ ဆီဂန်ဒါကို တန်းဆင်းသွားခဲ့ရပါတယ်။

ကူဘိုဟာ ယူရိုပါလိဂ်မှာ ဗီလာရီးရဲလ်အတွက် ၄ပွဲကစားခွင့်ရထားပေမယ့် ပြီးခဲ့တဲ့နှစ်ကနဲ့ယှဉ်ရင်တော့ ပွဲထွက်ဆုံးရှုံးနေရပြီး ဗီလာရီးရဲလ်ကတော့ ယူရိုပါလိဂ်မှာ ၃၂သင်းအဆင့်တက်ရောက်ထားပါတယ်။

သူဟာ စနေနေ့က အိုဆာဆူနာအသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစာရင်းထဲပါဝင်ခွင့်ရခဲ့ပေမယ့် ကစားခွင့်မရခဲ့ဘဲ အသင်းကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းကလည်း တကယ်လို့ ဇန်နဝါရီလအတွင်း ကူဘို ပြန်ရောက်လာရင်လည်း သူ့ကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အခွင့်အရေးနည်းပါးနေပြီး ရီးရဲလ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးရောက် မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ရမှတ်တူ အနေအထားမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ပြဲထြက္ခြင့္ဆုံး႐ံႈးေနရလုိ႔ ဗီလာရီးရဲလ္နဲ႔အငွားစာခ်ဳပ္ကို ေစာစီးစြာအဆုံးသတ္ဖုိ႔ ဂ်ပန္မက္ဆီ ျပင္ဆင္

ဂ်ပန္ကြင္းလယ္တုိက္စစ္သမား ကူဘုိဟာ ဗီလာရီးရဲလ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနရလုိ႔ အငွားသက္တမ္းကို သတ္မွတ္ထားတာထက္ ေစာစီးစြာအဆုံးသတ္ဖြယ္ရွိေနၿပီး ဇန္န၀ါရီလအတြင္း မိခင္ကလပ္ ရီးရဲလ္နဲ႔ ျပန္လည္ပူးေပါင္းဖို႔ မ်ားေနပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ရွိ ကူဘုိဟာ ရီးရဲလ္နည္းျပ ဇီဒန္းရဲ႕လက္ေအာက္မွာ အခြင့္အေရးရဖို႔ ရာခုိင္ႏႈန္းနည္းေနလုိ႔ ၿပီးခဲ့တဲ့ေႏြရာသီက ဗီလာရီးရဲလ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ကစားခဲ့တာပါ။

ဒါေပမဲ့ ဂ်ပန္မက္ဆီလုိ႔ နာမည္ေက်ာ္ေနတဲ့ လာမာစီယာအကယ္ဒမီထြက္ ကူဘိုဟာ ယခုရာသီ လာလီဂါ ၁၄ပြဲအနက္ ၂ပြဲသာ အမ္မရီရဲ႕အသင္းအတြက္ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ခြင့္ရရွိထားၿပီး စပိန္သတင္းစာ ေအအက္စ္က အာဆင္နယ္နည္းျပေဟာင္း အမ္မရီအေနနဲ႔ ဇန္န၀ါရီလအတြင္း အသင္းအင္အားတုိးခ်ဲ႕ဖို႔ ျပင္ဆင္ေနရာ ဒီအတုိင္းဆိုရင္ ကူဘုိရဲ႕အခန္းက႑က ဒီထက္ပိုေမွးမွိန္လာဖြယ္ရိွေနပါတယ္။

အဲဒီသတင္းကပဲ အမ္မရီအေနနဲ႔ ယခုရာသီကုန္အထိ အနားယူေနရတဲ့ ကြင္းလယ္လူ အိုင္ေဘာ္ရာရဲ႕ေနရာမွာ အစားထိုးဖို႔ ကစားသမားတစ္ဦးေခၚယူလုိေနတယ္လို႔ သိရၿပီး ဒုတိယရာသီ၀က္အတြက္ EU မဟုတ္တဲ့ကစားသမားတစ္ဦးေခၚယူလုိေနရာ လက္ရွိအခ်ိန္မွာ အဲဒီတစ္ေနရာကို ကူဘုိအတြက္ ေပးထားရတာျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ပဲ ကူဘုိရဲ႕အငွားစာခ်ဳပ္က ဇန္န၀ါရီလမွာ အဆုံးသတ္ဖြယ္ရွိေနၿပီး ၂၀၁၉ ေႏြရာသီက အက္ဖ္စီတုိက်ိဳကေန ၅ႏွစ္စာခ်ဳပ္နဲ႔ ရီးရဲလ္ကို ေရာက္ရွိခဲ့တဲ့ ကူဘုိဟာ ၿပီးခဲ့တဲ့ရာသီကလည္း မာေယာ့ကာအသင္းမွာ အငွားကစားခဲ့ပါတယ္။ ကူဘုိဟာ မာေယာ့ကာအသင္းမွာေတာ့ အဓိကကစားသမားတစ္ဦးအေနနဲ႔ ပါ၀င္ခြင့္ရခဲ့ၿပီး အသင္းအတြက္ ၃၅ပဲြမွာ ၄ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ အသင္းကေတာ့ လာလီဂါမွာ အဆင့္ ၁၉ ေနရာသာရရွိခဲ့လုိ႔ ဆီဂန္ဒါကို တန္းဆင္းသြားခဲ့ရပါတယ္။

ကူဘုိဟာ ယူ႐ိုပါလိဂ္မွာ ဗီလာရီးရဲလ္အတြက္ ၄ပြဲကစားခြင့္ရထားေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကနဲ႔ယွဥ္ရင္ေတာ့ ပြဲထြက္ဆုံး႐ံႈးေနရၿပီး ဗီလာရီးရဲလ္ကေတာ့ ယူ႐ိုပါလိဂ္မွာ ၃၂သင္းအဆင့္တက္ေရာက္ထားပါတယ္။ သူဟာ စေနေန႔က အုိဆာဆူနာအသင္းကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လူစာရင္းထဲပါ၀င္ခြင့္ရခဲ့ေပမယ့္ ကစားခြင့္မရခဲ့ဘဲ အသင္းကေတာ့ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။ ရီးရဲလ္နည္းျပဇီဒန္းကလည္း တကယ္လုိ႔ ဇန္န၀ါရီလအတြင္း ကူဘို ျပန္ေရာက္လာရင္လည္း သူ႕ကို ပုံမွန္ပြဲထြက္ခြင့္ေပးဖုိ႔ အခြင့္အေရးနည္းပါးေနၿပီး ရီးရဲလ္အသင္းက အမွတ္ေပးဇယားထိပ္ဆုံးေရာက္ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုနဲ႔ရမွတ္တူ အေနအထားမွာ ရပ္တည္ေနပါတယ္။