ဆန်ချိုကို ယူနိုက်တက် မခေါ်နိုင်လို့ နောင်တရစရာမလိုကြောင်းကို သက်သေပြမယ့် လူငယ်ကြယ်ပွင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နွေရာသီဈေးကွက်မဖွင့်ခင် ပြီးခဲ့တဲ့ရာသီကတည်းက အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်မယ်လို့ တောက်လျှောက် သတင်းထွက်ခဲ့ပြီးမှ နောက်ဆုံးမှာ ကုန်ကျစရိတ်များလွန်းမှာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဒီ ဒေါ့တ်မွန်ကစားသမားကို ခေါ်မယ့်အစီအစဉ်ကိုလက်လျှော့လိုက်ပါတယ်။ ယူနိုက်တက် လက်လျှော့မယ်ဆိုရင်လည်း လက်လျှော့ချင်စရာပါပဲ။

ဒေါ့တ်မွန်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးချည်းက ယူရိုသန်း ၁၂၀၊ ကစားသမားလစာနဲ့ အေးဂျင့်အကျိုးဆောင်ခထည့်ပေါင်းလိုက်ရင် ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက် မန်ချက်စတာယူနိုက်တက် သုံးရမယ့်ငွေပမာဏက စုစုပေါင်း ယူရို ၂၅၀သန်းရှိပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ပရိသတ်တချို့ကတော့သိပ်မကျေနပ်ခဲ့ကြပါဘူး။

အခုအခါ ဆန်ချိုကို မခေါ်နိုင်ခဲ့လို့ ယူနိုက်တက်အတွက် နောင်တရစရာမလိုဘူးလို့ တုံ့ပြန်နိုင်မယ့် လူငယ်ကြယ်ပွင့်လေးတစ်ယောက်ကို အကယ်ဒမီအသင်းမှာ တွေ့ထားပါပြီ။ ရှိုလာရှိုရီတိုင်းယား ဆိုတဲ့လူငယ်ကြယ်ပွင့်လေးပါ။ နိုင်ဂျီးရီးယားဖွား ဒီ ကစားသမားလေးဟာ ဖေဖော်ဝါရီလကမှ အသက် ၁၆နှစ်ပြည့်ခဲ့တာပါ။ ဂျေဂျေအိုကိုချာလက်သစ်လို့ တင်စားထားကြတဲ့ ရှိုရီတိုင်းယားကို ကျောင်းသားတစ်ဦးအနေနဲ့ပဲ ယူနိုက်တက်က ခေါ်ထားပေမယ့် အသက်ပြည့်ရင် ပရောက်ဖက်ရှင်စာချုပ်ချုပ်ဖို့ အကြိုသဘောတူညီမှုရထားပြီးသားပါ။

လူငယ်အဆင့်မှာ ကာလတိုအတွင်း အရမ်းတိုးတက်လာတဲ့ ရှိုရီတိုင်းယားကို လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ လိုအပ်နေတဲ့ တောင်ပံတိုက်စစ်အတွက် အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်ခံလာရပါတယ်။သူ့ရဲ့အားသာချက်တစ်ရပ်က ဘယ်/ညာ ခြေမရွေးဘဲ ဘောလုံးကစားနိုင်စွမ်းရှိတာပါ။ ကွင်းလယ်အတွင်းပိုင်းရော တောင်ပံကိုပါ ထွက်ကစားနိုင်ပါတယ်။

သူ့အသက် ၁၀နှစ်လောက်အရွယ်က နယူးကာဆယ်ကနေ မန်ချက်စတာယူနိုက်တက် အကယ်ဒမီကို ရောက်လာတာပါ။ အဲဒီကတည်းက မီဒီယာတွေအကြား တော်တော်လေး အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။

မနှစ်က FA လူငယ်ဖလားပွဲမှာ ယူနိုက်တက်အသင်းကို အကြိုဗိုလ်လုပွဲအဆင့်ရောက်အောင် သူ အဓိက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။၂၀၀၉ခုနှစ်က ဗလင်စီယာကို ၂ဂိုး၊၁ဂိုးနဲ့ ယူနိုက်တက်လူငယ်အသင်း အနိုင်ရတဲ့ပွဲမှာ သူ ပါဝင်ကစားခွင့်ရချိန်က အသက် ၁၄နှစ်နဲ့၃၁၄ရက်ပဲရှိသေးပြီး ယူအီးအက်ဖ်အေလူငယ်ဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲဟာ အသက် ၁၉နှစ်အောက်ကစားသမားတွေအတွက် ရည်ရွယ်တဲ့ပြိုင်ပွဲပါ။

လူငယ်အဆင့်မှာများစွာမျှော်လင့်ခံထားရပေမယ့် ယူနိုက်တက် ယူ-၁၈အသင်းနည်းပြ ရိုင်ယန်ကတော့ ကျိုးကျိုးနွှံနွှံနဲ့ အလုပ်ကြိုးစားတဲ့ လူငယ်လေးတစ်ဦးအဖြစ် ဆက်မြင်ချင်တယ်လို့ ပြောထားပါတယ်။ “ကစားသမားကောင်းဆိုတာ ပညာရဲရင့်ပွဲလယ်တင့်သူတွေပါ။ ရှိုရီတိုင်းယားလေးကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားလေးတစ်ဦးဖြစ်ပါတယ်။မတူညီတဲ့နေရာမျိုးစုံမှာ ပြောင်းကစားနိုင်သူလည်းဖြစ်ပါတယ်။ ရင့်ကျက်မှုရှိတာကိုလည်းပြသနိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်”လို့ နည်းပြ ရိုင်ယန်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆန္ခ်ိဳကို ယူႏိုက္တက္ မေခၚႏိုင္လို႔ ေနာင္တရစရာမလိုေၾကာင္းကို သက္ေသျပမယ့္ လူငယ္ၾကယ္ပြင့္

ေႏြရာသီေစ်းကြက္မဖြင့္ခင္ ၿပီးခဲ့တဲ့ရာသီကတည္းက အဂၤလန္လူငယ္ၾကယ္ပြင့္ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚမယ္လို႔ ေတာက္ေလွ်ာက္ သတင္းထြက္ခဲ့ၿပီးမွ ေနာက္ဆံုးမွာ ကုန္က်စရိတ္မ်ားလြန္းမွာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီ ေဒါ့တ္မြန္ကစားသမားကို ေခၚမယ့္အစီအစဥ္ကိုလက္ေလွ်ာ့လိုက္ပါတယ္။ ယူႏိုက္တက္ လက္ေလွ်ာ့မယ္ဆိုရင္လည္း လက္ေလွ်ာ့ခ်င္စရာပါပဲ။ ေဒါ့တ္မြန္ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကးခ်ည္းက ယူရိုသန္း ၁၂၀၊ ကစားသမားလစာနဲ႔ ေအးဂ်င့္အက်ိဳးေဆာင္ခထည့္ေပါင္းလိုက္ရင္ ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕အတြက္ မန္ခ်က္စတာယူႏိုက္တက္ သံုးရမယ့္ေငြပမာဏက စုစုေပါင္း ယူရို ၂၅၀သန္းရွိပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္တခ်ိဳ႕ကေတာ့သိပ္မေက်နပ္ခဲ့ၾကပါဘူး။

အခုအခါ ဆန္ခ်ိဳကို မေခၚႏိုင္ခဲ့လို႔ ယူႏိုက္တက္အတြက္ ေနာင္တရစရာမလိုဘူးလို႔ တံု႔ျပန္ႏိုင္မယ့္ လူငယ္ၾကယ္ပြင့္ေလးတစ္ေယာက္ကို အကယ္ဒမီအသင္းမွာ ေတြ႔ထားပါၿပီ။ ရႈိလာရႈိရီတိုင္းယား ဆိုတဲ့လူငယ္ၾကယ္ပြင့္ေလးပါ။ ႏိုင္ဂ်ီးရီးယားဖြား ဒီ ကစားသမားေလးဟာ ေဖေဖာ္၀ါရီလကမွ အသက္ ၁၆ႏွစ္ျပည့္ခဲ့တာပါ။ ေဂ်ေဂ်အိုကိုခ်ာလက္သစ္လို႔ တင္စားထားၾကတဲ့ ရႈိရီတိုင္းယားကို ေက်ာင္းသားတစ္ဦးအေနနဲ႔ပဲ ယူႏိုက္တက္က ေခၚထားေပမယ့္ အသက္ျပည့္ရင္ ပေရာက္ဖက္ရွင္စာခ်ဳပ္ခ်ဳပ္ဖို႔ အႀကိဳသေဘာတူညီမႈရထားၿပီးသားပါ။

လူငယ္အဆင့္မွာ ကာလတိုအတြင္း အရမ္းတိုးတက္လာတဲ့ ရႈိရီတိုင္းယားကို လက္ရွိ မန္ခ်က္စတာယူႏိုက္တက္မွာ လိုအပ္ေနတဲ့ ေတာင္ပံတိုက္စစ္အတြက္ အားျဖည့္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံလာရပါတယ္။သူ႔ရဲ႕အားသာခ်က္တစ္ရပ္က ဘယ္/ညာ ေျခမေရြးဘဲ ေဘာလံုးကစားႏိုင္စြမ္းရွိတာပါ။ ကြင္းလယ္အတြင္းပိုင္းေရာ ေတာင္ပံကိုပါ ထြက္ကစားႏိုင္ပါတယ္။ သူ႔အသက္ ၁၀ႏွစ္ေလာက္အရြယ္က နယူးကာဆယ္ကေန မန္ခ်က္စတာယူႏိုက္တက္ အကယ္ဒမီကို ေရာက္လာတာပါ။ အဲဒီကတည္းက မီဒီယာေတြအၾကား ေတာ္ေတာ္ေလး အာရံုစိုက္စရာျဖစ္ခဲ့ပါတယ္။

မႏွစ္က FA လူငယ္ဖလားပြဲမွာ ယူႏုိက္တက္အသင္းကို အႀကိဳဗိုလ္လုပြဲအဆင့္ေရာက္ေအာင္ သူ အဓိက ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။၂၀၀၉ခုႏွစ္က ဗလင္စီယာကို ၂ဂိုး၊၁ဂိုးနဲ႔ ယူႏိုက္တက္လူငယ္အသင္း အႏိုင္ရတဲ့ပြဲမွာ သူ ပါ၀င္ကစားခြင့္ရခ်ိန္က အသက္ ၁၄ႏွစ္နဲ႔၃၁၄ရက္ပဲရွိေသးၿပီး ယူအီးအက္ဖ္ေအလူငယ္ဖလားၿပိဳင္ပြဲမွာ အသက္အငယ္ဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ အဲဒီၿပိဳင္ပြဲဟာ အသက္ ၁၉ႏွစ္ေအာက္ကစားသမားေတြအတြက္ ရည္ရြယ္တဲ့ၿပိဳင္ပြဲပါ။

လူငယ္အဆင့္မွာမ်ားစြာေမွ်ာ္လင့္ခံထားရေပမယ့္ ယူႏိုက္တက္ ယူ-၁၈အသင္းနည္းျပ ရိုင္ယန္ကေတာ့ က်ိဳးက်ိဳးႏႊံႏႊံနဲ႔ အလုပ္ႀကိဳးစားတဲ့ လူငယ္ေလးတစ္ဦးအျဖစ္ ဆက္ျမင္ခ်င္တယ္လို႔ ေျပာထားပါတယ္။ “ကစားသမားေကာင္းဆိုတာ ပညာရဲရင့္ပြဲလယ္တင့္သူေတြပါ။ ရႈိရီတိုင္းယားေလးကလည္း စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကစားသမားေလးတစ္ဦးျဖစ္ပါတယ္။မတူညီတဲ့ေနရာမ်ိဳးစံုမွာ ေျပာင္းကစားႏိုင္သူလည္းျဖစ္ပါတယ္။ ရင့္က်က္မႈရွိတာကိုလည္းျပသႏိုင္ခဲ့ၿပီလို႔ ေျပာႏုိင္ပါတယ္”လို႔ နည္းျပ ရိုင္ယန္က ေျပာပါတယ္။