ရော်နယ်ဒိုရဲ့ စကားတစ်ခွန်းကြောင့် စတော့ဈေးကွက်မှာ ဒေါ်လာ (၄) ဘီလီယံ အရှုံးပေါ်သွားခဲ့တဲ့ ကိုကာကိုလာ

ကိုကာကိုလာ အချိုရည်ကို သောက်တာထက်စာရင် ရေကိုပဲ သောက်ပါလို့ ရော်နယ်ဒိုက ပြောခဲ့တာဟာ

အခု ကိုကာကိုလာ ကုမ္ပဏီအပေါ်မှာ ဘယ်သူမှ မထင်မထားတဲ့ ကြီးမားတဲ့ ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို အုပ်စု ပွဲစဉ် မတိုင်ခင်က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ

ကိုကာကိုလာအချိုရည်အစား ရေကိုပဲ သောက်ဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

Marca သတင်းက ကိုကာကိုလာ ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးဟာ ရော်နယ်ဒိုက ကိုကာကိုလာ အချိုရည်ကို ဖယ်ရှားပြီး

ရေကို သောက်ဖို့ မပြောခင် နဲ့ ပြောပြီး အခြေအနေက ကွာဟသွားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Marca သတင်းအရတော့ ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ရှယ်ယာ တန်ဖိုးက ဒေါ်လာ (၂၄၂) ဘီလီယံကနေ

ဒေါ်လာ (၂၃၈) ဘီလီယံ ကျဆင်းသွားခဲ့တာကြောင့် ဒေါ်လာ (၄) ဘီလီယံ အရှုံးပေါ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

တစ်နည်းအားဖြင့် ဖော်ပြရမယ် ဆိုရင် ကိုကာကိုကာ ကုမ္ပဏီဟာ စတော့ဈေးကွက်မှာ ကုမ္ပဏီရဲ့ တန်ဖိုးက (၁.၆) ရာခိုင်နှုန်း

ကျဆင်းသွားတယ်လို့လည်း စပိန် အခြေစိုက် Marca သတင်းက ဖော်ပြသွားတာ ဖြစ်ပါတယ်။

ဥရောပမှာ ညနေ (၃) နာရီခန့်က စတော့ဈေးကွက် ဖွင့်တဲ့ အချိန်မှာ ကိုကာကိုလာရဲ့ ရှယ်ယာ တစ်ခု တန်ဖိုးက (၅၆.၁၀) ဒေါ်လာ ရှိပေမယ့်လည်း

ရော်နယ်ဒိုက ကိုကာကိုလာ အချိုရည်အစား ရေသောက်ဖို့ ပြောပြီးတဲ့နောက် မိနစ် (၃၀) အကြာမှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပြီး

ကိုကာကိုလာရဲ့ ရှယ်ယာ တစ်ခု တန်ဖိုးက (၅၅.၂၂) ဒေါ်လာကို ကျသွားတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ကိုကာကိုလာ ကုမ္ပဏီဟာ သူတို့ရဲ့ ပုံရိပ်ကို တစ်ကမ္ဘာ့လုံးမှ တည်ဆောက်နိုင်ပြီး ကြီးမားတဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့

ရော်နယ်ဒိုရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီးတော့ မှတ်ချက်ပြုခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ႕ စကားတစ္ခြန္းေၾကာင့္ စေတာ့ေစ်းကြက္မွာ ေဒၚလာ (၄) ဘီလီယံ အရႈံးေပၚသြားခဲ့တဲ့ ကိုကာကိုလာ

ကိုကာကိုလာ အခ်ိဳရည္ကို ေသာက္တာထက္စာရင္ ေရကိုပဲ ေသာက္ပါလို႔ ေရာ္နယ္ဒိုက ေျပာခဲ့တာဟာ အခု ကိုကာကိုလာ ကုမၸဏီအေပၚမွာ ဘယ္သူမွ မထင္မထားတဲ့ ႀကီးမားတဲ့ ႐ိုက္ခတ္မႈကို ျဖစ္ေပၚေစခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဟန္ေဂရီအသင္းကို (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို အုပ္စု ပြဲစဥ္ မတိုင္ခင္က ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ကိုကာကိုလာအခ်ိဳရည္အစား ေရကိုပဲ ေသာက္ဖို႔ တိုက္တြန္း ေျပာၾကားသြားခဲ့ပါတယ္။

Marca သတင္းက ကိုကာကိုလာ ကုမၸဏီရဲ႕ ရွယ္ယာ တန္ဖိုးဟာ ေရာ္နယ္ဒိုက ကိုကာကိုလာ အခ်ိဳရည္ကို ဖယ္ရွားၿပီး ေရကို ေသာက္ဖို႔ မေျပာခင္ နဲ႔ ေျပာၿပီး အေျခအေနက ကြာဟသြားတယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Marca သတင္းအရေတာ့ ကိုကာကိုလာ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ ရွယ္ယာ တန္ဖိုးက ေဒၚလာ (၂၄၂) ဘီလီယံကေန ေဒၚလာ (၂၃၈) ဘီလီယံ က်ဆင္းသြားခဲ့တာေၾကာင့္ ေဒၚလာ (၄) ဘီလီယံ အရႈံးေပၚတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တစ္နည္းအားျဖင့္ ေဖာ္ျပရမယ္ ဆိုရင္ ကိုကာကိုကာ ကုမၸဏီဟာ စေတာ့ေဈးကြက္မွာ ကုမၸဏီရဲ႕ တန္ဖိုးက (၁.၆) ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔လည္း စပိန္ အေျခစိုက္ Marca သတင္းက ေဖာ္ျပသြားတာ ျဖစ္ပါတယ္။

ဥေရာပမွာ ညေန (၃) နာရီခန႔္က စေတာ့ေဈးကြက္ ဖြင့္တဲ့ အခ်ိန္မွာ ကိုကာကိုလာရဲ႕ ရွယ္ယာ တစ္ခု တန္ဖိုးက (၅၆.၁၀) ေဒၚလာ ရွိေပမယ့္လည္း ေရာ္နယ္ဒိုက ကိုကာကိုလာ အခ်ိဳရည္အစား ေရေသာက္ဖို႔ ေျပာၿပီးတဲ့ေနာက္ မိနစ္ (၃၀) အၾကာမွာ ႀကီးမားတဲ့ အေျပာင္းအလဲ ျဖစ္ခဲ့ၿပီး ကိုကာကိုလာရဲ႕ ရွယ္ယာ တစ္ခု တန္ဖိုးက (၅၅.၂၂) ေဒၚလာကို က်သြားတယ္လို႔ Marca က ေဖာ္ျပခဲ့ပါတယ္။ ကိုကာကိုလာ ကုမၸဏီဟာ သူတို႔ရဲ႕ ပုံရိပ္ကို တစ္ကမာၻ႔လုံးမွ တည္ေဆာက္ႏိုင္ၿပီး ႀကီးမားတဲ့ ကုမၸဏီ ျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ေရာ္နယ္ဒိုရဲ႕ လုပ္ရပ္နဲ႔ ပက္သက္ၿပီးေတာ့ မွတ္ခ်က္ျပဳျခင္း မရွိေသးတာပဲ ျဖစ္ပါတယ္။