သမိုင်းမှတ်တမ်းဝင်မယ့်ပွဲကို စီရော်နယ်ဒို လွဲချော်မှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ပိုးတွေ့ရှိထားတဲ့ စီရော်နယ်ဒိုကတော့ မိခင် ကလပ်ဂျူဗင်တပ်အသင်းရှိရာ အီတလီကို ဗုဒ္ဓဟူးနေ့ညကပဲ သီးသန့် လေယာဉ်နဲ့ ပြန်သွားပါပြီ။ ကိုဗစ်ပိုးတွေ့ထားလို့ ရော်နယ်ဒိုအနေနဲ့ တစ်ဦးတည်းသီးသန့် နေထိုင်မှုကို အနည်းဆုံး ၁၀ရက်ပြုလုပ်ရမှာ ဖြစ်သလို ဒီကြားထဲမှာလည်း ရောဂါပိုးအခြေအနေကို ‌စောင့်ကြည့်စစ်ဆေးမှုတွေ ခံယူရမှာပါ။ ဒါကြောင့် နိုင်ငံပွဲဖြစ်တဲ့ ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့သလို ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကစားရမယ့် ပွဲတွေ ဖြစ်တဲ့ ခရိုတုန်း၊ဒိုင်နမနိုကိဗ်တို့နဲ့ပွဲတွေကိုလည်း သေချာပေါက် မကစားရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဗီရိုနာနဲ့ပွဲအပါအဝင် ဘာစီလိုနာနဲ့ကစားရမယ့် ချန်ပီယံ လိဂ်ပွဲကိုလည်း မပါဝင်နိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာနဲ့ကစားရမယ့်ပွဲက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အထူးစောင့်ကြည့်နေတဲ့ ပွဲတစ်ပွဲပါ။ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ယောက်ပြိုင်ဘက်အဖြစ်ကစားတဲ့ပွဲကို ကမ္ဘာပေါ်က ဘောလုံးပရိသတ်တိုင်းမလွတ်တမ်းစောင့်ကြည့်ကြမှာ အသေအချာပါပဲ။

စီရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲကို အောက်တိုဘာလ ၂၉ရက်မှာ ကစားမှာ ဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ မီကောင်းမီနိုင်ပေမယ့်လည်း ကျန်းမာ‌ ရေး အခြေအနေကြောင့် အတိအကျ မပြောနိုင်ဘူး ဖြစ်နေတာပါ။ ၂၀၀၈ ခုနှစ် ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ စတင် တွေ့ဆုံခဲ့တဲ့ အဲဒီနှစ်ယောက်ရဲ့ရေစက်က စပိန် ကနေ ကမ္ဘာ့အကြီးမားဆုံး နိုင်ငံဒါဘီ ပြိုင်ပွဲအဖြစ် အလ်ကလက်စီကို မှာ ဆက်တိုက်တွေ့ဆုံခဲ့ပြီးနောက် ယခုတစ်ကြိမ် မှာလည်းထပ်မံတွေ့ဆုံဖို့အကြောင်းဖန်ထားတာပါ။

ရော်နယ်ဒို နဲ့ မက်ဆီက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေနဲ့ ဗိုလ်လုပွဲအဆင့်တွေ မှာဆုံတွေ့ဖူးသလို အမှတ်ပေးဖလား၊လိဂ် ပွဲများစွာမှာလည်း သူတပြန်ကိုယ်တပြန် အနိုင်ယူခဲ့သူတွေဖြစ်ပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတော့ တစ်ခါမှမတွေ့ဆုံဖူးသေးတာကြောင့် ဂျူဗင်တပ်စ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် တွေ့ဆုံမှုမှာ ဘယ်သူခြေစွမ်းပိုထက်မလဲဆိုတာ ပရိသတ်တွေက မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာ ယူအီးအက်ဖ်အေက ရော်နယ်ဒိုအတွက် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပေးထားပါတယ်။ ဘာစီလိုနာနှင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ဆိုရင် ကျန်းမာရေး ကောင်းရုံတင် မကဘဲ ပွဲမကစားခင် အနည်းဆုံး တစ်ပတ်အလို လောက်ကတည်းက ရောဂါပျောက်ကင်းသက်သာနေဖို့ လိုတယ်လို့ ထုတ်ပြန်ပေးလာတာပါ။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ တစ်ပတ်အတွင်းမှာ ရောဂါ ပြန်လည်ပျောက်ကင်းသက်သာဖို့ လိုအပ်နေပြီး တစ်ပတ် ကျော်တဲ့အထိ ကိုဗစ်ပိုး ထပ်တွေ့နေအုံးမယ်ဆိုရင် ဘာစီလိုနာနှင့်ပွဲကို ပါဝင်ဖို့ မသေချာနိုင်တော့ပါဘူး။

တစ်ဖက်မှာလည်းရော်နယ်ဒိုအနေနဲ့ အိမ်မှာပဲ တစ်ဦးတည်းလေ့ကျင့်ခန်းအပြည့်အဝလေ့ကျင့်ခဲ့ရင်တောင် အနည်းဆုံး(၁၀)ရက် အပြင်ထွက်ခွင့်မရလို့ ဘာစီလိုနာ အသင်းနဲ့ပွဲမှာ ကြံခိုင်မှု့အပြည့်အဝရရှိဖို့ကမသေချာပါဘူး။ရော်နယ်ဒို နဲ့ မက်ဆီ တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကို ယခုလာမယ့်တစ်ပတ်မှာ တွေ့မြင်ရဖွယ်မရှိဘဲ ဒုတိယအကျော့မှသာ ပြန်လည်မြင်တွေ့ရဖို့များနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သမိုင္းမွတ္တမ္း၀င္မယ့္ပြဲကို စီ​ေရာ္နယ္ဒို လြဲ​ေခ်ာ္မွာလား

ကိုဗစ္ပိုး​ေတြ႕ရွိထားတဲ့ စီ​ေရာ္နယ္ဒိုက​ေတာ့ မိခင္ ကလပ္ဂ်ဴဗင္တပ္အသင္းရွိရာ အီတလီကို ဗုဒၶဟူးေန႔ညကပဲ သီးသန႔္ ေလယာဥ္နဲ႔ ျပန္သြားပါၿပီ။ ကိုဗစ္ပိုးေတြ႕ထားလို႔ ေရာ္နယ္ဒိုအေနနဲ႔ တစ္ဦးတည္းသီးသန႔္ ေနထိုင္မႈကို အနည္းဆုံး ၁၀ရက္ျပဳလုပ္ရမွာ ျဖစ္သလို ဒီၾကားထဲမွာလည္း ေရာဂါပိုးအေျခအေနကို ‌ေစာင့္ၾကည့္စစ္ေဆးမႈေတြ ခံယူရမွာပါ။ ဒါေၾကာင့္ ႏိုင္ငံပြဲျဖစ္တဲ့ ဆြီဒင္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့သလို ကလပ္အသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္း ကစားရမယ့္ ပြဲေတြ ျဖစ္တဲ့ ခ႐ိုတုန္း၊ဒိုင္နမႏိုကိဗ္တို႔နဲ႔ပြဲေတြကိုလည္း ေသခ်ာေပါက္ မကစားရဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ ဗီ႐ိုနာနဲ႔ပြဲအပါအဝင္ ဘာစီလိုနာနဲ႔ကစားရမယ့္ ခ်န္ပီယံ လိဂ္ပြဲကိုလည္း မပါဝင္ႏိုင္မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဘာစီလိုနာနဲ႔ကစားရမယ့္ပြဲက ကမာၻတစ္ဝွမ္းက ပရိသတ္ေတြ အထူးေစာင့္ၾကည့္ေနတဲ့ ပြဲတစ္ပြဲပါ။ကမာၻ႔အေကာင္းဆုံး ကစားသမားႏွစ္ေယာက္ၿပိဳင္ဘက္အျဖစ္ကစားတဲ့ပြဲကို ကမာၻေပၚက ေဘာလုံးပရိသတ္တိုင္းမလြတ္တမ္းေစာင့္ၾကည့္ၾကမွာ အေသအခ်ာပါပဲ။

စီ​​ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ ႏွစ္ဦး ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ပထမဆုံးအႀကိမ္ ေတြ႕ဆုံတဲ့ပြဲျဖစ္ပါတယ္။ ဒီပြဲကို ေအာက္တိုဘာလ ၂၉ရက္မွာ ကစားမွာ ျဖစ္တာေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ မီေကာင္းမီႏိုင္ေပမယ့္လည္း က်န္းမာ‌ ေရး အေျခအေန​ေၾကာင့္ အတိအက် မေျပာႏိုင္ဘူး ျဖစ္ေနတာပါ။ ၂၀၀၈ ခုႏွစ္ ယူႏိုက္တက္ နဲ႔ ဘာစီလိုနာ တို႔ရဲ႕ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကေန စတင္ ေတြ႕ဆုံခဲ့တဲ့ အဲဒီႏွစ္ေယာက္ရဲ႕ေရစက္က စပိန္ ကေန ကမာၻ႔အႀကီးမားဆုံး ႏိုင္ငံဒါဘီ ၿပိဳင္ပြဲအျဖစ္ အလ္ကလက္စီကို မွာ ဆက္တိုက္ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုတစ္ႀကိမ္ မွာလည္းထပ္မံေတြ႕ဆုံဖို႔အေၾကာင္းဖန္ထားတာပါ။

ေရာ္နယ္ဒို နဲ႔ မက္ဆီက ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ေတြနဲ႔ ဗိုလ္လု ပြဲအဆင့္ေတြ မွာဆုံေတြ႕ဖူးသလို အမွတ္ေပးဖလား၊လိဂ္ ပြဲမ်ားစြာမွာလည္း သူတျပန္ကိုယ္တျပန္ အႏိုင္ယူခဲ့သူေတြျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာေတာ့ တစ္ခါမွမေတြ႕ဆုံဖူးေသးတာေၾကာင့္ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ ဘာစီလိုနာ အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေတြ႕ဆုံမႈမွာ ဘယ္သူ​ေျခစြမ္းပိုထက္မလဲဆိုတာ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာလည္းျဖစ္ပါတယ္။

အဲဒီလိုအေျခအေနမွာ ယူအီးအက္ဖ္ေအက ေရာ္နယ္ဒိုအတြက္ ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ေပးထားပါတယ္။ ဘာစီလိုနာႏွင့္ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ဆိုရင္ က်န္းမာေရး ေကာင္း႐ုံတင္ မကဘဲ ပြဲမကစားခင္ အနည္းဆုံး တစ္ပတ္အလို ေလာက္ကတည္းက ေရာဂါေပ်ာက္ကင္းသက္သာေနဖို႔ လိုတယ္လို႔ ထုတ္ျပန္ေပးလာတာပါ။ ဒါေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ တစ္ပတ္အတြင္းမွာ ေရာဂါ ျပန္လည္ေပ်ာက္ကင္းသက္သာဖို႔ လိုအပ္ေနၿပီး တစ္ပတ္ ေက်ာ္တဲ့အထိ ကိုဗစ္ပိုး ထပ္ေတြ႕ေနအုံးမယ္ဆိုရင္ ဘာစီလိုနာႏွင့္ပြဲကို ပါဝင္ဖို႔ မေသခ်ာႏိုင္ေတာ့ပါဘူး။

တစ္ဖက္မွာလည္းေရာ္နယ္ဒိုအေနနဲ႔ အိမ္မွာပဲ တစ္ဦးတည္းေလ့က်င့္ခန္းအျပည့္အဝေလ့က်င့္ခဲ့ရင္ေတာင္ အနည္းဆုံး(၁၀)ရက္ အျပင္ထြက္ခြင့္မရလို႔ ဘာစီလိုနာ အသင္းနဲ႔ပြဲမွာ ႀကံခိုင္မႈ႕အျပည့္အဝရရွိဖို႔ကမေသခ်ာပါဘူး။ေရာ္နယ္ဒို နဲ႔ မက္ဆီ တို႔ရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈကို ယခုလာမယ့္တစ္ပတ္မွာ ေတြ႕ျမင္ရဖြယ္မရွိဘဲ ဒုတိယအေက်ာ့မွသာ ျပန္လည္ျမင္ေတြ႕ရဖို႔မ်ားေနပါတယ္။