ရော်နယ်ဒိုမလိုအပ်တဲ့ ကစားကွက်ကို ခင်းကျင်းနေပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘယ်လောက်တော်တဲ့ ကစားသမားဖြစ်ဖြစ် အမြဲတမ်း အသင်းအတွက် မကစားပေးနိုင်ပါဘူး။ အခုဆိုရင်လည်း ထိပ်တန်းကစားသမားစီရော်နယ်ဒိုတစ်ယောက် ကိုဗစ်ပိုးကူးခံထားရလို့ ဆွီဒင်နဲ့ ပေါ်တူဂီပွဲမှာ မပါဝင်နိုင်ပါဘူး။ အဲဒီပွဲမှာ ရော်နယ်ဒိုနေရာကို ဒီအိုဂိုဂျိုတာက အစားထိုးပါဝင်ခဲ့ပါတယ်။

ဒီအိုဂိုဂျိုတာက ဆွီဒင်ကိုအနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပေါ်တူဂီအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂျိုတာကို နည်းပြဖာနန်ဒိုဆန်းတို့စ်က ပွဲထွက်စေခဲ့ပြီး ခြေစွမ်းပြစေခဲ့တာဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

ဂျိုတာအတွက်တော့ လက်ရွေးစင်အသင်းအတွက် ၂ပွဲမြောက်ကစားခွင့်ရတာဖြစ်ပြီး ဂိုးတွေသွင်းပေးနိုင်ခဲ့လို့ ပုံမှန်နေရာရဖို့ အခွင့်အလမ်းက ကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဂျိုတာက ဂုဏ်ယူနေပြီး သူ့အနေနဲ့ အကောင်းဆုံးကစားပေးနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ကာ ရော်နယ်ဒိုနေရာကို အစားထိုးဖို့ ဘယ်လိုဖိအားမှမရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

“အကောင်းမွန်ဆုံးညတစ်ညဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ နိုင်ငံအတွက်လည်း ကျွန်တော့်အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ ဆွီဒင်နဲ့ကစားခဲ့အပြီး ရလဒ်ကောင်းပိုင်ဆိုင်ခဲ့ပါတယ်။ လွယ်လွယ်ကူကူတော့ ကစားနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အတွက် ဂုဏ်ယူကျေနပ်စရာပါပဲ။ ရော်နယ်ဒိုနေရာကို အစားထိုးဖို့ ဘာဖိအားမှမရှိပါဘူး။

ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး နည်းပြက ကွင်းထဲမှာကစားဖို့ ၁၁ဦးရွေးချယ်ခဲ့တယ်ဆိုရင် အဲဒီလူက အလုပ်လုပ်ပြရမယ့်သူတွေပါ။ဒီနေ့မှာ လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးပုံစံကို ကျွန်တော်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” လို့ ဂျိုတာကပြောဆိုပါတယ်။

ဒါ့အပြင်ပေါ်တူဂီကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကလည်း သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုမပါဝင်လည်း ဘာမှပြောင်းလဲသွားခြင်းမရှိဘူးလို့ ပြောဆိုထားသလို၊ ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံးကစားသမားပါဝင်နေမယ်ဆိုရင်တော့ အနိုင်ရဖို့အတွက် လွယ်လွယ်ကူကူဖြစ်နေလိမ့်မယ်ဆိုပြီးတော့လည်း ပြောဆိုထားပါတယ်။

“ရော်နယ်ဒို မပါဝင်လို့ ကွဲပြားခြားနားတဲ့ ကစားဟန်နဲ့ ကစားဖို့ ကျွန်တော်တို့ မပြောဆိုခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အတူတူပါပဲ။ ကျွန်တော်တို့အသင်းက ကြီးမားတဲ့တန်ဖိုးတွေရှိနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံးကစားသမား ပါဝင်ခဲ့မယ်ဆိုရင်တော့ နိုင်ပွဲရဖို့အတွက်က ပိုပြီးတော့လွယ်ကူတယ်ဆိုတာ သိသာပါတယ်” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

သက်ဆိုင်ရာအသင်းတွေကတော့ ထိပ်တန်းကစားသမားမရှိလည်း အဆင်ပြေမယ့် အရန်အစီအစဉ်တွေလုပ်ဆောင်ထားကြစမြဲပါ။ ရော်နယ်ဒိုကတော့ အဲဒီပွဲကို နေအိမ်ကနေ ကြည့်ရှုအားပေးခဲ့ပြီး အသင်းနိုင်ပွဲရခဲ့လို့ စိတ်ကျေနပ်ပျော်ရွှင်နေပါတယ်။

ရော်နယ်ဒိုဟာ ပိုးစတွေ့တဲ့ အစပိုင်းရက်တုန်းကလည်းအသင်းဖော်တွေရဲ့ လေ့ကျင့်မှုကို ဝရန်တာကနေ အားပေးကြည့်ရှုခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုမလိုအပ္တဲ့ ကစားကြက္ကို ခင္းက်င္းေနၿပီလား

ဘယ္ေလာက္ေတာ္တဲ့ ကစားသမားျဖစ္ျဖစ္ အၿမဲတမ္း အသင္းအတြက္ မကစားေပးႏိုင္ပါဘူး။ အခုဆိုရင္လည္း ထိပ္တန္းကစားသမားစီေရာ္နယ္ဒိုတစ္ေယာက္ ကိုဗစ္ပိုးကူးခံထားရလို႔ ဆြီဒင္နဲ႔ ေပၚတူဂီပြဲမွာ မပါဝင္ႏိုင္ပါဘူး။ အဲဒီပြဲမွာ ေရာ္နယ္ဒိုေနရာကို ဒီအိုဂိုဂ်ိဳတာက အစားထိုးပါဝင္ခဲ့ပါတယ္။ ဒီအိုဂိုဂ်ိဳတာက ဆြီဒင္ကိုအႏိုင္ရရွိခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ေပၚတူဂီအတြက္ အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ဂ်ိဳတာကို နည္းျပဖာနန္ဒိုဆန္းတို႔စ္က ပြဲထြက္ေစခဲ့ၿပီး ေျခစြမ္းျပေစခဲ့တာဟာမွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။

ဂ်ိဳတာအတြက္ေတာ့ လက္ေ႐ြးစင္အသင္းအတြက္ ၂ပြဲေျမာက္ကစားခြင့္ရတာျဖစ္ၿပီး ဂိုးေတြသြင္းေပးႏိုင္ခဲ့လို႔ ပုံမွန္ေနရာရဖို႔ အခြင့္အလမ္းက ေကာင္းမြန္လာခဲ့ၿပီျဖစ္ပါတယ္။ ဒီအေပၚမွာလည္း ဂ်ိဳတာက ဂုဏ္ယူေနၿပီး သူ႔အေနနဲ႔ အေကာင္းဆုံးကစားေပးႏိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့ကာ ေရာ္နယ္ဒိုေနရာကို အစားထိုးဖို႔ ဘယ္လိုဖိအားမွမရွိဘူးလို႔လည္း ေျပာဆိုထားပါတယ္။

“အေကာင္းမြန္ဆုံးညတစ္ညျဖစ္ခဲ့ၿပီး ကြၽန္ေတာ့္ရဲ႕ ႏိုင္ငံအတြက္လည္း ကြၽန္ေတာ့္အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ပါတယ္။ ဆြီဒင္နဲ႔ကစားခဲ့အၿပီး ရလဒ္ေကာင္းပိုင္ဆိုင္ခဲ့ပါတယ္။ လြယ္လြယ္ကူကူေတာ့ ကစားႏိုင္ခဲ့တာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ဂုဏ္ယူေက်နပ္စရာပါပဲ။ေရာ္နယ္ဒိုေနရာကို အစားထိုးဖို႔ ဘာဖိအားမွမရွိပါဘူး။ ကြၽန္ေတာ္တို႔က ပေရာ္ဖက္ရွင္နယ္ေတြျဖစ္ၿပီး နည္းျပက ကြင္းထဲမွာကစားဖို႔ ၁၁ဦးေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ အဲဒီလူက အလုပ္လုပ္ျပရမယ့္သူေတြပါ။ဒီေန႔မွာ လက္ေ႐ြးစင္အသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး အေကာင္းဆုံးပုံစံကို ကြၽန္ေတာ္ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္” လို႔ ဂ်ိဳတာကေျပာဆိုပါတယ္။

ဒါ့အျပင္ေပၚတူဂီကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ကလည္း သူတို႔အသင္းအေနနဲ႔ ေရာ္နယ္ဒိုမပါဝင္လည္း ဘာမွေျပာင္းလဲသြားျခင္းမရွိဘူးလို႔ ေျပာဆိုထားသလို၊ ေရာ္နယ္ဒိုလို ကမာၻ႔အေကာင္းဆုံးကစားသမားပါဝင္ေနမယ္ဆိုရင္ေတာ့ အႏိုင္ရဖို႔အတြက္ လြယ္လြယ္ကူကူျဖစ္ေနလိမ့္မယ္ဆိုၿပီးေတာ့လည္း ေျပာဆိုထားပါတယ္။

“ေရာ္နယ္ဒို မပါဝင္လို႔ ကြဲျပားျခားနားတဲ့ ကစားဟန္နဲ႔ ကစားဖို႔ ကြၽန္ေတာ္တို႔ မေျပာဆိုခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က အတူတူပါပဲ။ ကြၽန္ေတာ္တို႔အသင္းက ႀကီးမားတဲ့တန္ဖိုးေတြရွိေနပါတယ္။ ဒါေပမယ့္လည္း ကမာၻ႔အေကာင္းဆုံးကစားသမား ပါဝင္ခဲ့မယ္ဆိုရင္ေတာ့ ႏိုင္ပြဲရဖို႔အတြက္က ပိုၿပီးေတာ့လြယ္ကူတယ္ဆိုတာ သိသာပါတယ္” လို႔ ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။

သက္ဆိုင္ရာအသင္းေတြကေတာ့ ထိပ္တန္းကစားသမားမရွိလည္း အဆင္ေျပမယ့္ အရန္အစီအစဥ္ေတြလုပ္ေဆာင္ထားၾကစၿမဲပါ။ ေရာ္နယ္ဒိုကေတာ့ အဲဒီပြဲကို ေနအိမ္ကေန ၾကည့္ရႈအားေပးခဲ့ၿပီး အသင္းႏိုင္ပြဲရခဲ့လို႔ စိတ္ေက်နပ္​ေပ်ာ္႐ႊင္​​ေနပါတယ္။ ​ေရာ္နယ္ဒိုဟာ ပိုးစ​ေတြ႕တဲ့ အစပိုင္းရက္တုန္းကလည္းအသင္းေဖာ္ေတြရဲ႕ ေလ့က်င့္မႈကို ၀ရန္တာက​ေန အားေပးၾကည့္ရႈခဲ့ပါ​ေသးတယ္။