ဖာနန်ဒက်စ်နဲ့ ဆိုးလ်ရှားအကြား ခွာပြဲနေပြီလား၊ စပါးနဲ့ ပထမပိုင်းအပြီးမှာကတည်းက မန်ယူ ဒီပွဲရှုံးသွားပြီလို့ ဆိုးလ်ရှားက သရဲနီစိတ်ဓာတ်ကင်းမဲ့စွာပြောကြားခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ စပါးအသင်းကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ သူ့အပေါ် နည်းပြဆိုးလ်ရှားက မယုံကြည်လို့ ဒီလိုမျိုးလုပ်ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက် မှာ မန်ယူကိုရောက်လာပြီးကတည်းက အသင်းရဲ့ရလဒ်တွေ တိုးတက်ကောင်းမွန် အောင် ကူညီနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ခပ်မြန်မြန်အထိုင်ကျခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

စပါးနဲ့ပွဲမှာ ပထမပိုင်း ၁-၄ နဲ့ရှုံးနေခဲ့ပြီး သူ့ကို ဆိုးလ်ရှားက ဖရက်ဒ်နဲ့ လူစား လဲခဲ့တာပါ။ မန်ယူပရိသတ်တွေရဲ့ ယုံကြည်အားကိုးရတဲ့ကစားသမားအဖြစ်ကို အချိန် တိုအတွင်းရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အခုတော့ သူ့ကိုခေါ်ယူခဲ့တဲ့ ဆိုးလ်ရှားကို မနှစ်မြို့တဲ့ပုံစံတွေပြလာပြီး ဝေဖန်ချင်တဲ့အသံတွေ ထွက်လာပါတယ်။

ဖာနန်ဒက်စ်က “ကျွန်တော် အသင်းသားတွေနဲ့ပြောခဲ့ပေမယ့် အရာမထင်ခဲ့သလို လင်ဒီလော့ဖ်တစ် ယောက်တည်းနဲ့ အဓိကပြောဖြစ်ခဲ့တာပါ။ အခုတော့ နည်းပြဆိုးလ်ရှားနဲ့ ဆွေးနွေးပြော ဆိုရတာတွေပြုလုပ်သွားဖို့ရှိပါတယ်။ စပါးနဲ့ပွဲပထမပိုင်းအပြီးမှာ ဆိုးလ်ရှားက ကျွန်တော့် ကိုလာပြီး ဒီပွဲကပြီးသွားခဲ့ပြီ။ ငါတို့ ရှေ့လာမယ့်ပွဲတွေအများကြီးရှိသေးတယ်။ သဘော ပေါက်တယ်မလားလို့ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သဘောမကျပေမယ့် အသင်း အဖွဲ့လိုက်ကစားရတဲ့ကိစ္စမှာ ဘာမှမပြောလိုခဲ့ပါဘူး။ ဖရက်ဒ်နဲ့လဲတာဟာ နည်းဗျူဟာ ပိုင်း အပြောင်းအလဲပြုလုပ်တာဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါသေးတယ်” လို့ ပြောသွားခဲ့ ပါတယ်။

အခု ဖာနန်ဒက်စ်ရဲ့စကားကြောင့် အရင်တုန်းက မန်ယူဟာ ဂိုးပြတ်ရှုံးနေရင် တောင် သရဲနီစိတ်ဓာတ်အပြည့်နဲ့ ဒုတိယပိုင်းမှာ Comeback ပုံစံပြန်လာနိုင်ခဲ့တဲ့ပွဲတွေ ရှိပြီး သရဲနီတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ ဆိုးလ်ရှားကိုယ်တိုင်က အသင်းသားတွေကို ပထမပိုင်းပြီးကတည်းက ငါတို့ရှုံးပြီလို့ပြောတာဟာ မန်ယူပရိသတ်တွေကို အတော် လေး ဒေါသဖြစ်စေမှာပါ။ အခုချိန်မှာ ဆိုးလ်ရှားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ပယ်ခံ ရဖို့ သတင်းတွေထွက်နေသလို ပိုချက်တီနိုကိုအစားထိုးဖို့လည်း အလေးပေးမှုတွေရှိနေ တာကြောင့် ဖာနန်ဒက်စ်ရဲ့ပြောကြားချက်ဟာ ဆိုးလ်ရှားအတွက် မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။

အခြားမန်ယူကစားသမားတစ်ဦးဖြစ်တဲ့ တိုမီနေးကတော့ အသင်းသား တွေနဲ့ ယူနိုက်တက်တစ်သင်းလုံးက ဆိုးလ်ရှားရဲ့နောက်မှာ ထောက်ခံမှုအပြည့်ရှိနေတဲ့ အကြောင်း ပြောကြားထားပါတယ်။ ကိုယ့်ကိုခေါ်ခဲ့တဲ့နည်းပြ ဖိအားတွေများနေတဲ့အချိန်မှာ ဖာနန်ဒက်စ်တစ်ယောက် စကားပြောမဆင်ခြင်တာကတော့ သူနဲ့ဆိုးလ်ရှားကြားမှာ ခွာပြဲနေပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္နဲ႔ ဆိုးလ္ရွားအၾကား ခြာၿပဲေနၿပီလား၊ စပါးနဲ႔ ပထမပိုင္းအၿပီးမွာကတည္းက မန္ယူ ဒီပြဲရႈံးသြားၿပီလို႔ ဆိုးလ္ရွားက သရဲနီစိတ္ဓာတ္ကင္းမဲ့စြာေျပာၾကားခဲ့

ၿပီးခဲ့တဲ့ စပါးအသင္းကို ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲစဥ္ရဲ႕ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ သူ႔အေပၚ နည္းျပဆိုးလ္ရွားက မယုံၾကည္လို႔ ဒီလိုမ်ိဳးလုပ္ခဲ့တာ ျဖစ္တယ္လို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီေဈးကြက္ မွာ မန္ယူကိုေရာက္လာၿပီးကတည္းက အသင္းရဲ႕ရလဒ္ေတြ တိုးတက္ေကာင္းမြန္ ေအာင္ ကူညီႏိုင္ခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ခပ္ျမန္ျမန္အထိုင္က်ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

စပါးနဲ႔ပြဲမွာ ပထမပိုင္း ၁-၄ နဲ႔ရႈံးေနခဲ့ၿပီး သူ႔ကို ဆိုးလ္ရွားက ဖရက္ဒ္နဲ႔ လူစား လဲခဲ့တာပါ။ မန္ယူပရိသတ္ေတြရဲ႕ ယုံၾကည္အားကိုးရတဲ့ကစားသမားအျဖစ္ကို အခ်ိန္ တိုအတြင္းရရွိခဲ့တဲ့ ဖာနန္ဒက္စ္ဟာ အခုေတာ့ သူ႔ကိုေခၚယူခဲ့တဲ့ ဆိုးလ္ရွားကို မႏွစ္ၿမိဳ႕တဲ့ပုံစံေတြျပလာၿပီး ေဝဖန္ခ်င္တဲ့အသံေတြ ထြက္လာပါတယ္။

ဖာနန္ဒက္စ္က “ကြၽန္ေတာ္ အသင္းသားေတြနဲ႔ေျပာခဲ့ေပမယ့္ အရာမထင္ခဲ့သလို လင္ဒီေလာ့ဖ္တစ္ ေယာက္တည္းနဲ႔ အဓိကေျပာျဖစ္ခဲ့တာပါ။ အခုေတာ့ နည္းျပဆိုးလ္ရွားနဲ႔ ေဆြးေႏြးေျပာ ဆိုရတာေတြျပဳလုပ္သြားဖို႔ရွိပါတယ္။ စပါးနဲ႔ပြဲပထမပိုင္းအၿပီးမွာ ဆိုးလ္ရွားက ကြၽန္ေတာ့္ ကိုလာၿပီး ဒီပြဲကၿပီးသြားခဲ့ၿပီ။ ငါတို႔ ေရွ႕လာမယ့္ပြဲေတြအမ်ားႀကီးရွိေသးတယ္။ သေဘာ ေပါက္တယ္မလားလို႔ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ သေဘာမက်ေပမယ့္ အသင္း အဖြဲ႕လိုက္ကစားရတဲ့ကိစၥမွာ ဘာမွမေျပာလိုခဲ့ပါဘူး။ ဖရက္ဒ္နဲ႔လဲတာဟာ နည္းဗ်ဴဟာ ပိုင္း အေျပာင္းအလဲျပဳလုပ္တာျဖစ္တယ္လို႔ သူက ရွင္းျပခဲ့ပါေသးတယ္” လို႔ ေျပာသြားခဲ့ ပါတယ္။

အခု ဖာနန္ဒက္စ္ရဲ႕စကားေၾကာင့္ အရင္တုန္းက မန္ယူဟာ ဂိုးျပတ္ရႈံးေနရင္ ေတာင္ သရဲနီစိတ္ဓာတ္အျပည့္နဲ႔ ဒုတိယပိုင္းမွာ Comeback ပုံစံျပန္လာႏိုင္ခဲ့တဲ့ပြဲေတြ ရွိၿပီး သရဲနီတပ္သားေဟာင္းတစ္ဦးျဖစ္တဲ့ ဆိုးလ္ရွားကိုယ္တိုင္က အသင္းသားေတြကို ပထမပိုင္းၿပီးကတည္းက ငါတို႔ရႈံးၿပီလို႔ေျပာတာဟာ မန္ယူပရိသတ္ေတြကို အေတာ္ ေလး ေဒါသျဖစ္ေစမွာပါ။ အခုခ်ိန္မွာ ဆိုးလ္ရွားရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ထုတ္ပယ္ခံ ရဖို႔ သတင္းေတြထြက္ေနသလို ပိုခ်က္တီႏိုကိုအစားထိုးဖို႔လည္း အေလးေပးမႈေတြရွိေန တာေၾကာင့္ ဖာနန္ဒက္စ္ရဲ႕ေျပာၾကားခ်က္ဟာ ဆိုးလ္ရွားအတြက္ မီးေလာင္ရာေလပင့္ ျဖစ္ေစပါတယ္။

အျခားမန္ယူကစားသမားတစ္ဦးျဖစ္တဲ့ တိုမီေနးကေတာ့ အသင္းသား ေတြနဲ႔ ယူႏိုက္တက္တစ္သင္းလုံးက ဆိုးလ္ရွားရဲ႕ေနာက္မွာ ေထာက္ခံမႈအျပည့္ရွိေနတဲ့ အေၾကာင္း ေျပာၾကားထားပါတယ္။ ကိုယ့္ကိုေခၚခဲ့တဲ့နည္းျပ ဖိအားေတြမ်ားေနတဲ့အခ်ိန္မွာ ဖာနန္ဒက္စ္တစ္ေယာက္ စကားေျပာမဆင္ျခင္တာကေတာ့ သူနဲ႔ဆိုးလ္ရွားၾကားမွာ ခြာၿပဲေနၿပီလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။