ဥရောပ Golden Boy ဆုကို ဒေါ့မန်အတွဲဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်း တကယ်ရမှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀ ခုနှစ်အတွက် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု(European Golden Boy) ဆန်ခါတင်စာရင်းမှာ ဒေါ့မန်တိုက်စစ်အတွဲဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ ပါဝင်နေ ပါတယ်။ နောက်ဆုံးဆန်ခါတင် အယောက် ၂၀ စာရင်းကို အီတလီသတင်းစာ Tuttosport က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဥရောပမှာရှိတဲ့ အသက် ၂၁ နှစ်အောက် ကစားသမားတွေထဲကတစ်ယောက်ကို လာမယ့်ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာလည်း ဖြစ်ပါတယ်။

ဥရောပက လူငယ်ကစားသမားတွေအ တွက် ဒီဆုဟာ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတစ်ခုဖြစ်ပြီး မက်ဆီ၊ ပေါ့ဂ်ဘာ၊ အမ်ဘတ်ပီ၊ ဒီလစ်စတဲ့ကစားသမားတွေ ရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက်ကတော့ လက်ရှိအက် သလက်တီကိုတိုက်စစ်မှူး ဂျာအိုဖီးလစ်ရရှိခဲ့တာပါ။ ဖီးလစ်ရဲ့အနောက်မှာ ဆန်ချိုက ဒုတိယရရှိခဲ့ပြီး ဟာလန်းက စတုတ္ထရရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဆန်ချိုနဲ့ဟာလန်းတို့ ၂ ယောက်စလုံးက ဒီဆုရဲ့ဆန်ခါတင်စာရင်းမှာပါဝင်နေပြီး ရဖို့လည်းရေပန်းစားနေပါ တယ်။

သူတို့ ၂ ယောက်နဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တာက ဘာစီလိုနာက ဆယ်ကျော် သက်တိုက်စစ်မှူး ဖာတီနဲ့ ချန်ပီယံလိဂ်မှာခြေစွမ်းပြခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒါးဗစ်တို့ပဲ ဖြစ်ပါတယ်။

ဒီဆန်ခါတင်စာရင်းမှာ ပရီးမီးယားလိဂ်ရောက်နေတဲ့ ကစားသမား ၆ ဦးပါဝင်နေပြီး မန်စီးတီး ၂ ဦး(ဖိုဒမ်၊ ဖာရန်တောရက်စ်)၊ မန်ယူက ၁ ဦး(ဂရင်းဝုဒ်)၊ ဝုဗ်က ၁ ဦး(ဖာဘီယိုဆေးလ်ဗား)၊ ချဲလ်ဆီးက ၁ ဦး(အိုဒွိုင်း)နဲ့ အာဆင်နယ်က ၁ ဦး(မာကာယိုဆာကာ) တို့ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာက အသစ်ခေါ်ယူထား တဲ့ ဆာဂျီယိုဒက်ဇ်လည်းပါဝင်နေပြီး ရီးရဲလ်မက်ဒရစ်က ဗီနီစီးယပ်စ်ဂျူနီယာနဲ့ ရိုဒရီဂို တို့လည်း ပါဝင်ပါတယ်။ ဒီ အယောက် ၂၀ ထဲကနေ နောက်ဆုံးဆုရရှိမယ့်သူကိုတော့ ဥရောပတလွှားက ဂျာနယ်လစ် ၄၀ ကျော်က မဲပေးရွေးချယ်ကြမှာဖြစ်ပြီး ဆယ်ကျော် သက်ကစားသမားဘဝရဲ့ ဂုဏ်ယူရတဲ့ဆုတစ်ခုကို ရေပန်းစားနေတဲ့ ဒေါ့မန်အတွဲ ဆန်ချိုနဲ့ဟာလန်းတို့ အမှန်တကယ်ရရှိနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဥေရာပ Golden Boy ဆုကို ေဒါ့မန္အတြဲျဖစ္တဲ့ ဆန္ခ်ဳိနဲ႔ ဟာလန္း တကယ္ရမွာလား

၂၀၂၀ ခုႏွစ္အတြက္ ဥေရာပအေကာင္းဆံုးလူငယ္ကစားသမားဆု(European Golden Boy) ဆန္ခါတင္စာရင္းမွာ ေဒါ့မန္တိုက္စစ္အတြဲျဖစ္တဲ့ ဆန္ခ်ဳိနဲ႔ ဟာလန္းတို႔ ပါ၀င္ေန ပါတယ္။ ေနာက္ဆံုးဆန္ခါတင္ အေယာက္ ၂၀ စာရင္းကို အီတလီသတင္းစာ Tuttosport က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ဥေရာပမွာရွိတဲ့ အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြထဲကတစ္ေယာက္ကို လာမယ့္ဒီဇင္ဘာ ၁၄ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာသြားမွာလည္း ျဖစ္ပါတယ္။

ဥေရာပက လူငယ္ကစားသမားေတြအ တြက္ ဒီဆုဟာ ဂုဏ္သိကၡာႀကီးမားတဲ့ဆုတစ္ခုျဖစ္ၿပီး မက္ဆီ၊ ေပါ့ဂ္ဘာ၊ အမ္ဘတ္ပီ၊ ဒီလစ္စတဲ့ကစားသမားေတြ ရရွိခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြက္ကေတာ့ လက္ရွိအက္ သလက္တီကိုတုိက္စစ္မွဴး ဂ်ာအိုဖီးလစ္ရရွိခဲ့တာပါ။ ဖီးလစ္ရဲ႕အေနာက္မွာ ဆန္ခ်ဳိက ဒုတိယရရွိခဲ့ၿပီး ဟာလန္းက စတုတၳရရွိခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ ဆန္ခ်ဳိနဲ႔ဟာလန္းတို႔ ၂ ေယာက္စလံုးက ဒီဆုရဲ႕ဆန္ခါတင္စာရင္းမွာပါ၀င္ေနၿပီး ရဖို႔လည္းေရပန္းစားေနပါ တယ္။ သူတို႔ ၂ ေယာက္နဲ႔ ၿပိဳင္ဘက္ျဖစ္လာႏိုင္တာက ဘာစီလိုနာက ဆယ္ေက်ာ္ သက္တိုက္စစ္မွဴး ဖာတီနဲ႔ ခ်န္ပီယံလိဂ္မွာေျခစြမ္းျပခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္ေနာက္ခံလူ အယ္လ္ဖြန္ဆိုဒါးဗစ္တို႔ပဲ ျဖစ္ပါတယ္။

ဒီဆန္ခါတင္စာရင္းမွာ ပရီးမီးယားလိဂ္ေရာက္ေနတဲ့ ကစားသမား ၆ ဦးပါ၀င္ေနၿပီး မန္စီးတီး ၂ ဦး(ဖိုဒမ္၊ ဖာရန္ေတာရက္စ္)၊ မန္ယူက ၁ ဦး(ဂရင္း၀ုဒ္)၊ ၀ုဗ္က ၁ ဦး(ဖာဘီယိုေဆးလ္ဗား)၊ ခ်ဲလ္ဆီးက ၁ ဦး(အိုဒြိဳင္း)နဲ႔ အာဆင္နယ္က ၁ ဦး(မာကာယိုဆာကာ) တုိ႔ပဲ ျဖစ္ပါတယ္။

ဘာစီလိုနာက အသစ္ေခၚယူထား တဲ့ ဆာဂ်ီယိုဒက္ဇ္လည္းပါ၀င္ေနၿပီး ရီးရဲလ္မက္ဒရစ္က ဗီနီစီးယပ္စ္ဂ်ဴနီယာနဲ႔ ရိုဒရီဂို တို႔လည္း ပါ၀င္ပါတယ္။ ဒီ အေယာက္ ၂၀ ထဲကေန ေနာက္ဆံုးဆုရရွိမယ့္သူကိုေတာ့ ဥေရာပတလႊားက ဂ်ာနယ္လစ္ ၄၀ ေက်ာ္က မဲေပးေရြးခ်ယ္ၾကမွာျဖစ္ၿပီး ဆယ္ေက်ာ္ သက္ကစားသမားဘ၀ရဲ႕ ဂုဏ္ယူရတဲ့ဆုတစ္ခုကို ေရပန္းစားေနတဲ့ ေဒါ့မန္အတြဲ ဆန္ခ်ဳိနဲ႔ဟာလန္းတို႔ အမွန္တကယ္ရရွိႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။