ကိုယ်ပိုင်အစီအစဉ်နဲ့ အီတလီပြန်လာခဲ့တဲ့ ရော်နယ်ဒိုဟာ ကိုဗစ်ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပါတယ်-အီတလီကျန်းမာရေးဝန်ကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီအသင်းနဲ့အတူ ကစားနေတုန်း ကိုရိုနာဗိုင်းရပ်စ်ပေါ့စတစ်ဖြစ်ခဲ့တဲ့ စီရော်နယ်ဒို ဟာ အီတလိကို ချက်ချင်းပြန်လာတဲ့ကိစ္စမှာ သူ့အနေနဲ့ ချမှတ်ထားတဲ့ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်နေတယ်ဆိုတဲ့အကြောင်း အီတလီကျန်းမာရေးဝန်ကြီး ဗီဆန်ဇိုစပါတာဖိုရာက ပြောကြားလိုက်ပါတယ်။ တကယ်ဆို ရင် နိုင်ငံတကာစည်းမျဉ်းတွေရဲ့သတ်မှတ်ချက်အရ ပေါ့စတစ်လူနာတွေဟာ ကွာရာတင်းဝင်ရမှာဖြစ်ပြီး အခုလိုမျိုး ပေါ်တူဂီမြေကနေ အီတလီကို နိုင်ငံဖြတ်ကျော်ပြန်လာဖို့ ဆိုတာ အတော်လေးကိုမဖြစ်နိုင်တဲ့ကိစ္စပါ။

ဒါပေမဲ့ စီရော်နယ်ဒိုကတော့ အထူးအခွင့် အရေးအနေနဲ့ ဒါကိုလုပ်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ တရားဝင်ကြေညာချက်ထဲ မှာကတော့ အခုလိုဖော်ပြထားတာ တွေ့ရတယ်။ ကစားသမားရဲ့တောင်းဆိုချက်အရ ဆေးဘက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာ လေယာဉ်နဲ့ အီတလီကိုပြန်လာပြီး သူ့ရဲ့အိမ်မှာ တစ်ဦးတည်းသီးခြားအသွားအလာကန့် သတ်နေထိုင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီး စပါတာဖိုရာကတော့ တခြားနည်းလမ်းတစ်ခုနဲ့ ဂျူဗင်တပ်ဘက်ကစီစဉ်ပေးဖို့ တိုက်တွန်းခဲ့ပြီး စီရော် နယ်ဒိုရဲ့ကိစ္စကို နှစ်မြို့ပုံမရပါဘူး။ သူက “ကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ဒီကိစ္စကိုလုပ်ခဲ့တာပါ။ ဒါဟာ ကိုဗစ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

အခုချိန်မှာတော့ ဂျူဗင်တပ်ဟာ စီရော်နယ်ဒို အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေပြီး ပြည်တွင်းစီးရီးအေပွဲစဉ် ၂ ခုဖြစ်တဲ့ ခရိုတိုနီနဲ့ ဗီရိုနာပွဲစဉ်ကိုလွဲချော်ဖို့ရှိတဲ့အပြင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ ပွဲမှာလည်း သူဟာ ကစားနိုင်ဖို့မရှိဘဲ အရန်အဖြစ်တောင် မသေချာပါဘူး။ ဂျူဗင်တပ်က စီရော်နယ်ဒိုကို လာမယ့်အောက်တိုဘာ ၂၈ ရက်မှာကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံ လိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အဓိကမျှော်လင့်နေတာပါ။

တကယ်တော့ ဘာစီလိုနာနဲ့ပွဲ ဟာ စီရော်နယ်ဒိုအတွက်လည်း သိပ်ကိုအဓိပ္ပာယ်ကြီးမားတဲ့ပွဲဖြစ်ပြီး ဆယ်စုနှစ် နှစ်ခုနီးပါး အဓိကပြိုင်ဘက်တွေအဖြစ် ဘောလုံးဇာတ်ခုံပေါ်မှာရှိခဲ့တဲ့ မက်ဆီနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဘောလုံးပရိသတ်တွေကလည်း သူတို့နှစ်ဦးစလုံး သက်ဆိုင် ရာအသင်းတွေမှာ ပွဲထွက်ပါဝင်ကစားတာကို မြင်ချင်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကိုယ္ပိုင္အစီအစဥ္နဲ႔ အီတလီျပန္လာခဲ့တဲ့ ေရာ္နယ္ဒိုဟာ ကိုဗစ္ဆိုင္ရာစည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္ခ့ဲပါတယ္-အီတလီက်န္းမာေရး၀န္ႀကီး

ေပၚတူဂီအသင္းနဲ႔အတူ ကစားေနတုန္း ကိုရိုနာဗိုင္းရပ္စ္ေပါ့စတစ္ျဖစ္ခဲ့တဲ့ စီေရာ္နယ္ဒို ဟာ အီတလိကို ခ်က္ခ်င္းျပန္လာတဲ့ကိစၥမွာ သူ႕အေနနဲ႔ ခ်မွတ္ထားတဲ့ကိုရိုနာဗိုင္းရပ္စ္ ဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ဳိးေဖာက္ရာေရာက္ေနတယ္ဆိုတဲ့အေၾကာင္း အီတလီက်န္းမာေရး၀န္ႀကီး ဗီဆန္ဇိုစပါတာဖိုရာက ေျပာၾကားလိုက္ပါတယ္။ တကယ္ဆို ရင္ ႏိုင္ငံတကာစည္းမ်ဥ္းေတြရဲ႕သတ္မွတ္ခ်က္အရ ေပါ့စတစ္လူနာေတြဟာ ကြာရာတင္း၀င္ရမွာျဖစ္ၿပီး အခုလိုမ်ဳိး ေပၚတူဂီေျမကေန အီတလီကို ႏိုင္ငံျဖတ္ေက်ာ္ျပန္လာဖို႔ ဆိုတာ အေတာ္ေလးကိုမျဖစ္ႏိုင္တဲ့ကိစၥပါ။

ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ အထူးအခြင့္ အေရးအေနနဲ႔ ဒါကိုလုပ္ႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ တရား၀င္ေၾကညာခ်က္ထဲ မွာကေတာ့ အခုလိုေဖာ္ျပထားတာ ေတြ႕ရတယ္။ ကစားသမားရဲ႕ေတာင္းဆိုခ်က္အရ ေဆးဘက္ဆိုင္ရာက်န္းမာေရးအာဏာပိုင္ေတြရဲ႕ ခြင့္ျပဳထားတဲ့ ေဆးဘက္ဆိုင္ရာ ေလယာဥ္နဲ႔ အီတလီကိုျပန္လာၿပီး သူ႕ရဲ႕အိမ္မွာ တစ္ဦးတည္းသီးျခားအသြားအလာကန္႔ သတ္ေနထိုင္တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

က်န္းမာေရး၀န္ႀကီး စပါတာဖိုရာကေတာ့ တျခားနည္းလမ္းတစ္ခုနဲ႔ ဂ်ဴဗင္တပ္ဘက္ကစီစဥ္ေပးဖို႔ တိုက္တြန္းခဲ့ၿပီး စီေရာ္ နယ္ဒိုရဲ႕ကိစၥကို ႏွစ္ၿမိဳ႕ပံုမရပါဘူး။ သူက “က်န္းမာေရးအာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္မရွိဘဲနဲ႔ ဒီကိစၥကိုလုပ္ခဲ့တာပါ။ ဒါဟာ ကိုဗစ္ဆိုင္ရာစည္းမ်ဥ္းစည္းကမ္းေတြကို ခ်ဳိးေဖာက္ခဲ့တာပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္ဟာ စီေရာ္နယ္ဒို အျမန္ဆံုးျပန္လည္သက္သာလာဖို႔ ေမွ်ာ္လင့္ေနၿပီး ျပည္တြင္းစီးရီးေအပြဲစဥ္ ၂ ခုျဖစ္တဲ့ ခရိုတုိနီနဲ႔ ဗီရိုနာပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ရွိတဲ့အျပင္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ျဖစ္တဲ့ ဒိုင္နမိုကိဗ္နဲ႔ ပြဲမွာလည္း သူဟာ ကစားႏိုင္ဖို႔မရွိဘဲ အရန္အျဖစ္ေတာင္ မေသခ်ာပါဘူး။ ဂ်ဴဗင္တပ္က စီေရာ္နယ္ဒိုကို လာမယ့္ေအာက္တိုဘာ ၂၈ ရက္မွာကစားမယ့္ ဘာစီလိုနာနဲ႔ ခ်န္ပီယံ လိဂ္ပြဲစဥ္မွာ ပါ၀င္ကစားႏိုင္ဖို႔ အဓိကေမွ်ာ္လင့္ေနတာပါ။

တကယ္ေတာ့ ဘာစီလိုနာနဲ႔ပြဲ ဟာ စီေရာ္နယ္ဒိုအတြက္လည္း သိပ္ကိုအဓိပၸာယ္ႀကီးမားတဲ့ပြဲျဖစ္ၿပီး ဆယ္စုႏွစ္ ႏွစ္ခုနီးပါး အဓိကၿပိဳင္ဘက္ေတြအျဖစ္ ေဘာလံုးဇာတ္ခံုေပၚမွာရွိခဲ့တဲ့ မက္ဆီနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး ေဘာလံုးပရိသတ္ေတြကလည္း သူတို႔ႏွစ္ဦးစလံုး သက္ဆိုင္ ရာအသင္းေတြမွာ ပြဲထြက္ပါ၀င္ကစားတာကို ျမင္ခ်င္ေနၾကပါတယ္။