၂၀၂၀-၂၁ ရာသီအတွက် ချဲလ်ဆီးအသင်း ကျောနံပါတ်စာရင်း ထုတ်ပြန်ခဲ့ပြီး ပူလီဆစ်က ၁၀ ကို ဝတ်ဆင်ရန်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ချဲလ်ဆီးအသင်းဟာ ကျောနံပါတ်တွေကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး နံပါတ် ၁၀ ကို ပူလီဆစ်ကိုပေးအပ်ခဲ့တာတွေ့ရပါတယ်။ ဟာဇက် ထွက်သွားပြီးနောက်ပိုင်း ကျောနံပါတ် ၁၀ ကို ပူလီဆစ်ရမယ်ထင်ခဲ့ပေမယ့် ဝီလျံ က ဆက်ခံသွားခဲ့တာပါ။ အခုတော့ ကျောနံပါတ် ၁၀ ဟာ ပူလီဆစ်ဆီကိုရောက်လာခဲ့ပါပြီ။

၂၅ ယောက်လူစာရင်းမှာ ဗီလာကိုပြောင်းသွားတဲ့ ကျောနံပါတ် ၈ ကို ချန်လှပ်ထားခဲ့ ပြီး အသစ်ပြောင်းရွှေ့လာတဲ့ ဟာဗက်ဇ်က ကျောနံပါတ် ၂၉ ပဲ ဝတ်ဆင်သွားဖို့ရှိပါ တယ်။

နံပါတ် ၁၀ ဝတ်ဆင်ခွင့်ရတဲ့ကိစ္စအပေါ် ပူလီဆစ်က “ဒီနံပါတ်ဟာ ကျွန်တော့်အ ကြိုက်ဆုံးနံပါတ်ဖြစ်ပြီး ဝတ်ချင်နေခဲ့တာပါ။ ဒါကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ဝီလျံ ထွက်သွားပြီးနောက်ပိုင်း အသင်းကတာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်ခဲ့ပြီး ဒီနံပါတ်ကို ဝတ်ဆင်ဖို့ အသင့်ဖြစ်နေပါပြီ။ ချဲလ်ဆီးအသင်းအတွက်လည်း ဒီနံပါတ်ဟာ ဘယ် လောက်အရေးကြီးတယ်ဆိုတာ နားလည်ပါတယ်။ ဒီနံပါတ်ကို ပြောင်းလဲဝတ်ဆင်လိုက် ရလို့ ကျွန်တော့်အပေါ် ဖိအားတွေရောက်လာမယ်လို့တော့ မထင်ပါဘူး။ ကျောနံပါတ် ကြောင့် ကိုယ့်ကိုယ်ကိုယ်ဖိအားဖြစ်မှာမဟုတ်ဘဲ ကိုယ့်ခြေစွမ်းကိုယ်တိုးတက်ဖို့ ကျွန် တော် ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပူလီဆစ်ဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာကြောင့် ချဲလ်ဆီးအတွက် သိပ်မကစားနိုင်သေးဘဲ ပဲလေ့စ်နဲ့ပွဲမှာ နောက်ပိုင်းမိနစ်တွေကျမှ လူစားဝင်ကစားနိုင်ခဲ့တာပဲ ရှိပါသေးတယ်။ ဒေါ့မန်ကနေ ပြောင်းရွှေ့လာခဲ့ ပြီးနောက်ပိုင်း ချဲလ်ဆီးအတွက် ကွင်းလယ်တိုက်စစ်မှာ အားကိုးရတဲ့ ပူလီဆစ်ဟာ အခု ချိန်မှာတော့ ဒဏ်ရာပြဿနာကင်းစင်သွားပြီဖြစ်တဲ့အတွက် ပွဲထွက်ကစားဖို့ ပိုပြီးရရှိလာ ဖို့လည်း ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၀-၂၁ ရာသီအတြက္ ခ်ဲလ္ဆီးအသင္း ေက်ာနံပါတ္စာရင္း ထုတ္ျပန္ခဲ့ၿပီး ပူလီဆစ္က ၁၀ ကို ၀တ္ဆင္ရန္ရွိ

၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ခ်ဲလ္ဆီးအသင္းဟာ ေက်ာနံပါတ္ေတြကို တရား၀င္ ထုတ္ျပန္ေၾကညာခဲ့ၿပီး နံပါတ္ ၁၀ ကို ပူလီဆစ္ကိုေပးအပ္ခဲ့တာေတြ႕ရပါတယ္။ ဟာဇက္ ထြက္သြားၿပီးေနာက္ပိုင္း ေက်ာနံပါတ္ ၁၀ ကို ပူလီဆစ္ရမယ္ထင္ခဲ့ေပမယ့္ ၀ီလ်ံ က ဆက္ခံသြားခဲ့တာပါ။ အခုေတာ့ ေက်ာနံပါတ္ ၁၀ ဟာ ပူလီဆစ္ဆီကိုေရာက္လာခဲ့ပါၿပီ။

၂၅ ေယာက္လူစာရင္းမွာ ဗီလာကိုေျပာင္းသြားတဲ့ ေက်ာနံပါတ္ ၈ ကို ခ်န္လွပ္ထားခဲ့ ၿပီး အသစ္ေျပာင္းေရႊ႕လာတဲ့ ဟာဗက္ဇ္က ေက်ာနံပါတ္ ၂၉ ပဲ ၀တ္ဆင္သြားဖို႔ရွိပါ တယ္။

နံပါတ္ ၁၀ ၀တ္ဆင္ခြင့္ရတဲ့ကိစၥအေပၚ ပူလီဆစ္က “ဒီနံပါတ္ဟာ ကၽြန္ေတာ့္အ ႀကိဳက္ဆံုးနံပါတ္ျဖစ္ၿပီး ၀တ္ခ်င္ေနခဲ့တာပါ။ ဒါကို ဖံုးကြယ္ထားစရာမလိုပါဘူး။ ၀ီလ်ံ ထြက္သြားၿပီးေနာက္ပိုင္း အသင္းကတာ၀န္ရွိသူေတြနဲ႔ စကားေျပာျဖစ္ခဲ့ၿပီး ဒီနံပါတ္ကို ၀တ္ဆင္ဖို႔ အသင့္ျဖစ္ေနပါၿပီ။ ခ်ဲလ္ဆီးအသင္းအတြက္လည္း ဒီနံပါတ္ဟာ ဘယ္ ေလာက္အေရးႀကီးတယ္ဆိုတာ နားလည္ပါတယ္။ ဒီနံပါတ္ကို ေျပာင္းလဲ၀တ္ဆင္လိုက္ ရလို႔ ကၽြန္ေတာ့္အေပၚ ဖိအားေတြေရာက္လာမယ္လို႔ေတာ့ မထင္ပါဘူး။ ေက်ာနံပါတ္ ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ဖိအားျဖစ္မွာမဟုတ္ဘဲ ကိုယ့္ေျခစြမ္းကိုယ္တိုးတက္ဖို႔ ကၽြန္ ေတာ္ ႀကိဳးစားသြားမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ပူလီဆစ္ဟာ ဒီရာသီမွာ ဒဏ္ရာ ျပႆနာေၾကာင့္ ခ်ဲလ္ဆီးအတြက္ သိပ္မကစားႏိုင္ေသးဘဲ ပဲေလ့စ္နဲ႔ပြဲမွာ ေနာက္ပိုင္းမိ နစ္ေတြက်မွ လူစား၀င္ကစားႏိုင္ခဲ့တာပဲ ရွိပါေသးတယ္။ ေဒါ့မန္ကေန ေျပာင္းေရႊ႕လာခဲ့ ၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအတြက္ ကြင္းလယ္တိုက္စစ္မွာ အားကိုးရတဲ့ ပူလီဆစ္ဟာ အခု ခ်ိန္မွာေတာ့ ဒဏ္ရာျပႆနာကင္းစင္သြားၿပီျဖစ္တဲ့အတြက္ ပြဲထြက္ကစားဖို႔ ပိုၿပီးရရွိလာ ဖို႔လည္း ရွိေနပါတယ္။