ယူနိုက်တက်ပစ်မှတ် ပါအူတောရက်စ်ကို ကြားဖြတ်ခေါ်ယူဖို့ အာဆင်နယ် စီစဉ်နေဟုဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီလအတွင်း အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်တဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်း အသင်းရဲ့ခံစစ်ကို အဓိကထားပြင်ဆင်ခဲ့ပြီး လိုင်လီအသင်းကနေ နောက်ခံလူ မာဂယ်ဟေးစ်ကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူတို့က ယခုရာသီမှာ အသင်းရဲ့ခံစစ်ကို ယခုထက်ပိုမိုတိုးတက်စေဖို့ စိတ်အားထက်သန်နေပါတယ်။

ဗီလာရီးရဲလ်နည်းပြ အမ်မရီက အာဆင်နယ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့သူဖြစ်လို့ ပါအူတောရက်စ်ကို ခေါ်ယူရေးကြိုးစားမှုမှာ အဟန့်အတားဖြစ်လာနိုင်ပေမယ့် အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ တောရက်စ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း စပိန်မီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။

အမ်မရီဟာ ၂၀၁၉ နိုဝင်ဘာလက အာဆင်နယ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အာတီတာက သူ့နေရာမှာ အစားထိုးဝင်ရောက်လာတာဖြစ်ပြီး အခုတော့ အမ်မရီလည်း ဇူလိုင်လက ဗီလာရီးရဲလ်နည်းပြအဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

စပိန်မီဒီယာတွေက ယူနိုက်တက်နဲ့ အာဆင်နယ်တို့အနေနဲ့ အသက် ၂၃နှစ်အရွယ်ရှိ ပါအူတောရက်စ်ကို ခေါ်ယူဖို့ အားပြိုင်ရဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပြီး တောရက်စ်ကလည်း နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ယူကရိန်း၊ ဆွစ်ဇာလန်တို့နဲ့ပွဲတွေမှာ စပိန်အသင်းနဲ့အတူ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံးအတွက် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုက ဦးစားပေးပစ်မှတ်ဖြစ်နေပေမယ့် လီဗာပူးက အဆိုပါပြင်သစ်လက်ရွေးစင်ကို ခေါ်ယူဖို့ ရှေ့ကနေ ရေပန်းစားနေတာကြောင့် ယူနိုက်တက်နဲ့ အာဆင်နယ်တို့က နောက်ထပ်ပစ်မှတ်တွေကို တစ်ခါတည်းထားရှိထားတာဖြစ်ကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ တောရက်စ်ဟာ ၂၀၁၈-၁၉ ရာသီက မာလာဂါအသင်းနဲ့အတူ ဆီဂန်ဒါမှာ အငှားကစားရင်း ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် မိခင်ကလပ်ဆီ ပြန်ရောက်လာတာဖြစ်ပြီး ယမန်နှစ်ရာသီက အသင်းအတွက် လာလီဂါ ၃၄ပွဲကစားခဲ့သလို နိုဝင်ဘာလကလည်း ၂၀၂၄ နွေရာသီအထိရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ပစ္မွတ္ ပါအူေတာရက္စ္ကို ၾကားျဖတ္ေခၚယူဖုိ႔ အာဆင္နယ္ စီစဥ္ေနဟုဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ လာမယ့္ဇန္န၀ါရီလအတြင္း အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္တဲ့ ဗီလာရီးရဲလ္ေနာက္ခံလူ ပါအူေတာရက္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။

အာဆင္နယ္အသင္းနည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္အတြင္း အသင္းရဲ႕ခံစစ္ကို အဓိကထားျပင္ဆင္ခဲ့ၿပီး လုိင္လီအသင္းကေန ေနာက္ခံလူ မာဂယ္ေဟးစ္ကို ေပါင္ ၂၇ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူတုိ႔က ယခုရာသီမွာ အသင္းရဲ႕ခံစစ္ကို ယခုထက္ပိုမိုတုိးတက္ေစဖုိ႔ စိတ္အားထက္သန္ေနပါတယ္။

ဗီလာရီးရဲလ္နည္းျပ အမ္မရီက အာဆင္နယ္အသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့သူျဖစ္လုိ႔ ပါအူေတာရက္စ္ကို ေခၚယူေရးႀကိဳးစားမႈမွာ အဟန္႔အတားျဖစ္လာႏိုင္ေပမယ့္ အာဆင္နယ္အသင္းတာ၀န္ရွိသူေတြကေတာ့ ယူႏုိက္တက္အသင္းရဲ႕ပစ္မွတ္ျဖစ္ေနတဲ့ ေတာရက္စ္ကို ေခၚယူနုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း စပိန္မီဒီယာေတြက ေရးသားေဖာ္ျပေနပါတယ္။

အမ္မရီဟာ ၂၀၁၉ ႏို၀င္ဘာလက အာဆင္နယ္အသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အာတီတာက သူ႕ေနရာမွာ အစားထိုး၀င္ေရာက္လာတာျဖစ္ၿပီး အခုေတာ့ အမ္မရီလည္း ဇူလိုင္လက ဗီလာရီးရဲလ္နည္းျပအျဖစ္ ၃ ႏွစ္စာခ်ဳပ္နဲ႔ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။

စပိန္မီဒီယာေတြက ယူႏုိက္တက္နဲ႔ အာဆင္နယ္တို႔အေနနဲ႔ အသက္ ၂၃ႏွစ္အရြယ္ရွိ ပါအူေတာရက္စ္ကို ေခၚယူဖုိ႔ အားၿပိဳင္ရဖြယ္ရွိေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ၿပီး ေတာရက္စ္ကလည္း ႏုိင္ငံတကာရက္သတၱပတ္ကာလအတြင္း ယူကရိန္း၊ ဆြစ္ဇာလန္တုိ႔နဲ႔ပဲြေတြမွာ စပိန္အသင္းနဲ႔အတူ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။

ႏွစ္သင္းစလုံးအတြက္ လုိက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုက ဦးစားေပးပစ္မွတ္ျဖစ္ေနေပမယ့္ လီဗာပူးက အဆုိပါျပင္သစ္လက္ေရြးစင္ကို ေခၚယူဖို႔ ေရွ႕ကေန ေရပန္းစားေနတာေၾကာင့္ ယူႏုိက္တက္နဲ႔ အာဆင္နယ္တုိ႔က ေနာက္ထပ္ပစ္မွတ္ေတြကို တစ္ခါတည္းထားရွိထားတာျဖစ္ေၾကာင္း သိရပါတယ္။

ဗီလာရီးရဲလ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ေတာရက္စ္ဟာ ၂၀၁၈-၁၉ ရာသီက မာလာဂါအသင္းနဲ႔အတူ ဆီဂန္ဒါမွာ အငွားကစားရင္း ေျခစြမ္းျပႏို္င္ခဲ့ၿပီးေနာက္ မိခင္ကလပ္ဆီ ျပန္ေရာက္လာတာျဖစ္ၿပီး ယမန္ႏွစ္ရာသီက အသင္းအတြက္ လာလီဂါ ၃၄ပြဲကစားခဲ့သလုိ ႏို၀င္ဘာလကလည္း ၂၀၂၄ ေႏြရာသီအထိရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ပါတယ္။