အာဆင်နယ်နဲ့ပွဲကို ဒီဘရိုင်း လွှဲချော်မယ်လို့ ဂွာဒီယိုလာ အတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရာသီအစရလဒ်တွေဆိုးနေတဲ့ မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်အဖြစ် အဓိက ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲစဉ်ကို လွှဲချော်ရမယ်လို့ သိရပါတယ်။ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ နေးရှင်းလိဂ်ဖလားပွဲ တုန်းက ရခဲ့တဲ့ဒဏ်ရာကြောင့် စနေနေ့ပွဲစဉ်ကို ဒီဘရိုင်း လွှဲချော်မယ့်သတင်းကို မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကလည်း အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲအပြင် မန်စီးတီးအသင်းရဲ့ နောက်လာမယ့်ပွဲစဉ်တချို့ကိုပါ ဒီဘရိုင်း လွှဲချော်ရဖို့ ရှိနေပါတယ်။

ဒီဘရိုင်းဟာ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ နေးရှင်းလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ တစ်ရပ်ကြောင့် ပွဲချိန် ၇၃မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် ဂွာဒီယိုလာအနေနဲ့ ဒီဘရိုင်းရဲ့ ကြံံ့ခိုင်မှုကို မစွန့်စားလိုတာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားပေးဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက “ကံမကောင်းစွာနဲ့ပဲ ကီဗင် ပါနိုင်မှာမဟုတ်ပါဘူး။ဒဏ်ရာကမပြင်းထန်ဘူးလို့ထင်ပေမယ့် နောက်ပွဲကိုတော့ သူ လွှဲချော်မှာပါ”လို့ ပြောပါတယ်။

ဒီဘရိုင်းမပါနိုင်ပေမယ့် တိုက်စစ်မှူး အဂွဲရိုးကတော့ ၄လနီးပါးအတွင်း မန်စီးတီးအသင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ပါဝင်ဖွယ်ရှိနေပါတယ်။ အဂွဲရိုးဟာ မန်စီးတီးအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။ အဂွဲရိုးနဲ့ပတ်သက်ပြီးလည်း ဂွာဒီယိုလာက “ဆာဂျီယို လေ့ကျင့်ခန်းဆင်းနေပါပြီ။အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာ ၃/၄ရက်လောက်ရှိနေပြီဖြစ်ပြီး သူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာကို မြင်ရလို့ ကျွန်တော်တို့ ဝမ်းသာရပါတယ်”လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္နဲ႔ပြဲကို ဒီဘရိုင္း လႊဲေခ်ာ္မယ္လို႔ ဂြာဒီယိုလာ အတည္ျပဳ

ရာသီအစရလဒ္ေတြဆိုးေနတဲ့ မန္စီးတီးအသင္းအတြက္ ထိုးႏွက္ခ်က္အျဖစ္ အဓိက ကြင္းလယ္လူ ကီဗင္ဒီဘရိုင္းဟာ ဒဏ္ရာေၾကာင့္ အာဆင္နယ္နဲ႔ပြဲစဥ္ကို လႊဲေခ်ာ္ရမယ္လို႔ သိရပါတယ္။ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ရဲ႕ ေနးရွင္းလိဂ္ဖလားပြဲ တုန္းက ရခဲ့တဲ့ဒဏ္ရာေၾကာင့္ စေနေန႔ပြဲစဥ္ကို ဒီဘရိုင္း လႊဲေခ်ာ္မယ့္သတင္းကို မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာကလည္း အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ပြဲအျပင္ မန္စီးတီးအသင္းရဲ႕ ေနာက္လာမယ့္ပြဲစဥ္တခ်ိဳ႕ကိုပါ ဒီဘရိုင္း လႊဲေခ်ာ္ရဖို႔ ရွိေနပါတယ္။

ဒီဘရိုင္းဟာ ၀င္ဘေလကြင္းမွာ ကစားခဲ့တဲ့ အဂၤလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ရဲ႕ ေနးရွင္းလိဂ္ပဲြမွာ ၾကြက္သားဒဏ္ရာ တစ္ရပ္ေၾကာင့္ ပြဲခ်ိန္ ၇၃မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။ ဒဏ္ရာက မျပင္းထန္ေပမယ့္ ဂြာဒီယိုလာအေနနဲ႔ ဒီဘရိုင္းရဲ႕ ႀကံံ့ခိုင္မႈကို မစြန္႔စားလိုတာေၾကာင့္ ရက္သတၱပတ္အနည္းငယ္အနားေပးဖို႔ ဆံုးျဖတ္ထားတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ဂြာဒီယိုလာက “ကံမေကာင္းစြာနဲ႔ပဲ ကီဗင္ ပါႏိုင္မွာမဟုတ္ပါဘူး။ ဒဏ္ရာကမျပင္းထန္ဘူးလို႔ထင္ေပမယ့္ ေနာက္ပြဲကိုေတာ့ သူ လႊဲေခ်ာ္မွာပါ”လို႔ ေျပာပါတယ္။

ဒီဘရိုင္းမပါႏိုင္ေပမယ့္ တိုက္စစ္မွဴး အဂြဲရိုးကေတာ့ ၄လနီးပါးအတြင္း မန္စီးတီးအသင္းမွာ ပထမဆံုးအႀကိမ္ျပန္လည္ပါ၀င္ဖြယ္ရွိေနပါတယ္။ အဂြဲရိုးဟာ မန္စီးတီးအသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီလို႔ သိရပါတယ္။ အဂြဲရိုးနဲ႔ပတ္သက္ၿပီးလည္း ဂြာဒီယိုလာက “ဆာဂ်ီယို ေလ့က်င့္ခန္းဆင္းေနပါၿပီ။အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းတာ ၃/၄ရက္ေလာက္ရွိေနၿပီျဖစ္ၿပီး သူ ေလ့က်င့္ခန္း ျပန္ဆင္းႏိုင္တာကို ျမင္ရလို႔ ကၽြန္ေတာ္တို႔ ၀မ္းသာရပါတယ္”လို႔ေျပာပါတယ္။