အဲရစ်တန်ဟဂ်ကို ယူနိုက်တက်အသင်းဆီ မပြောင်းဖို့ ဗန်ဟားလ် တားမြစ်

ယူနိုက်တက်နဲ့ တန်ဟဂ် ကြားမှာ ပုဂ္ဂိုလ်ရေး နားလည်မှုရရှိထားပြီး ဖြစ်ပေမယ့်

တရားဝင် ကမ်းလှမ်းမှုနဲ့ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေပါသေးတယ်။

သတင်းတွေ ဘယ်လိုထွက်ထွက် ဆောက်ဖြစ်မှ ကျောင်းဒကာပါ။

တန်ဟဂ် နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေကြားမှာ

ကောင်းမွန်တဲ့ တွေ့ဆုံမှုတွေတော့ ရှိထားပါတယ်။

အိုင်းယက်စ်နည်းပြ ကြီး က အသင်းကို လာမယ့်ငါးနှစ် အတွင်း

ထိပ်တန်းအဆင့်ကို ခေါ်ယူသွားနိုင်လိမ့်မယ်လို့

ယူနိုက်တက်အသင်းဖက်က ယုံကြည်ထားပါတယ်။

ဒီလိုပါပဲ ယူနိုက်တက်က တစ်ယောက်ပြီး တစ်ယောက် ပုံအပ် ယုံကြည်နေတာပါ။

ယူနိုက်တက် အနေနဲ့ တန်ဟဂ် ရဲ့ အသင်းတည်ဆောက်မှု၊

ဘတ်ဂျက်အများအပြားမတောင်းဆိုမှုတို့ အပြင်

လူငယ်တွေကိုပိုပြီးနေရာပေးတဲ့ အချက်အပေါ် ကြိုက်နှစ် သက်တာ ဖြစ်ပြီး

အခြားဆန်ခါတင် စာရင်းထဲရှိနေတဲ့ နည်းပြတွေ ထက်

တန်ဟဂ်ကို ပိုပြီး အလေးသာခဲ့တာပါ။

ဒါပေမယ့် အဲရစ်တန်ဟဂ်ကို ယူနိုက်တက်အသင်းဆီ

မပြောင်းဖို့ဗန်ဟားလ်ကတားမြစ်လာပါတယ်။

“ယူနိုက်တက်အသင်းအတွက် အဲရစ်တန်ဟဂ်က

နည်းပြကောင်းတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ယူနိုက်တက်အသင်းဟာ စီးပွားရေးဆန်တဲ့

အသင်းတစ်သင်း ဖြစ်နေပါပြီ။ ဒါဟာ နည်းပြကောင်းတစ်ယောက်အတွက်

ရွေးချယ်ရခက်စေမှာပါ။ သူ့အနေနဲ့ ဒီထက်ပိုကောင်းတဲ့

အသင်းတစ်သင်းကို ရွေးချယ်သင့်ပါတယ်”လို့ ဗန်ဟားလ်ကပြောပါတယ်။

နည်းပြတန်ဟဂ်ဟာ ချမ်းသာကြွယ်ဝတဲ့ နောက်ခံကနေ လာတာဖြစ်ပြီး

ငွေကြေးအင်အား ရှိနေပြီးသား ဖြစ်ပါတယ်။

တန်ဟဂ်အတွက် လုပ်ခပိုင်းက ပြဿနာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ နွေရာသီ မတိုင်ခင်အထိ နည်းပြသစ် ဆုံးဖြတ်ချက်ကို

ကြေညာမှာ မဟုတ်တာကြောင့် အမြဲတမ်းနည်းပြ

ဘယ်သူဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။

zawgyi

အဲရစ္တန္ဟဂ္ကို ယူႏိုက္တက္အသင္းဆီ မေျပာင္းဖို႔ ဗန္ဟားလ္ တားျမစ္

ယူႏိုက္တက္နဲ႔ တန္ဟဂ္ ၾကားမွာ ပုဂၢိဳလ္ေရး နားလည္မႈရရွိထားၿပီး ျဖစ္ေပမယ့္

တရားဝင္ ကမ္းလွမ္းမႈနဲ႔ လက္မွတ္ေရးထိုးဖို႔ က်န္ရွိေနပါေသးတယ္။

သတင္းေတြ ဘယ္လိုထြက္ထြက္ ေဆာက္ျဖစ္မွ ေက်ာင္းဒကာပါ။

တန္ဟဂ္ နဲ႔ ယူႏိုက္တက္ တာဝန္ရွိသူေတြၾကားမွာ

ေကာင္းမြန္တဲ့ ေတြ႕ဆုံမႈေတြေတာ့ ရွိထားပါတယ္။

အိုင္းယက္စ္နည္းျပ ႀကီး က အသင္းကို လာမယ့္ငါးႏွစ္ အတြင္း

ထိပ္တန္းအဆင့္ကို ေခၚယူသြားႏိုင္လိမ့္မယ္လို႔

ယူႏိုက္တက္အသင္းဖက္က ယုံၾကည္ထားပါတယ္။

ဒီလိုပါပဲ ယူႏိုက္တက္က တစ္ေယာက္ၿပီး တစ္ေယာက္ ပုံအပ္ ယုံၾကည္ေနတာပါ။

ယူႏိုက္တက္ အေနနဲ႔ တန္ဟဂ္ ရဲ႕ အသင္းတည္ေဆာက္မႈ၊

ဘတ္ဂ်က္အမ်ားအျပားမေတာင္းဆိုမႈတို႔ အျပင္

လူငယ္ေတြကိုပိုၿပီးေနရာေပးတဲ့ အခ်က္အေပၚ ႀကိဳက္ႏွစ္ သက္တာ ျဖစ္ၿပီး

အျခားဆန္ခါတင္ စာရင္းထဲရွိေနတဲ့ နည္းျပေတြ ထက္

တန္ဟဂ္ကို ပိုၿပီး အေလးသာခဲ့တာပါ။

ဒါေပမယ့္ အဲရစ္တန္ဟဂ္ကို ယူႏိုက္တက္အသင္းဆီ

မေျပာင္းဖို႔ဗန္ဟားလ္ကတားျမစ္လာပါတယ္။

“ယူႏိုက္တက္အသင္းအတြက္ အဲရစ္တန္ဟဂ္က

နည္းျပေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

ဒါေပမယ့္ လက္ရွိ ယူႏိုက္တက္အသင္းဟာ စီးပြားေရးဆန္တဲ့

အသင္းတစ္သင္း ျဖစ္ေနပါၿပီ။ ဒါဟာ နည္းျပေကာင္းတစ္ေယာက္အတြက္

ေ႐ြးခ်ယ္ရခက္ေစမွာပါ။ သူ႔အေနနဲ႔ ဒီထက္ပိုေကာင္းတဲ့

အသင္းတစ္သင္းကို ေ႐ြးခ်ယ္သင့္ပါတယ္”လို႔ ဗန္ဟားလ္ကေျပာပါတယ္။

နည္းျပတန္ဟဂ္ဟာ ခ်မ္းသာႂကြယ္ဝတဲ့ ေနာက္ခံကေန လာတာျဖစ္ၿပီး

ေငြေၾကးအင္အား ရွိေနၿပီးသား ျဖစ္ပါတယ္။

တန္ဟဂ္အတြက္ လုပ္ခပိုင္းက ျပႆနာ မဟုတ္ပါဘူး။

ယူႏိုက္တက္ဟာ ေႏြရာသီ မတိုင္ခင္အထိ နည္းျပသစ္ ဆုံးျဖတ္ခ်က္ကို

ေၾကညာမွာ မဟုတ္တာေၾကာင့္ အၿမဲတမ္းနည္းျပ

ဘယ္သူျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ရပါမယ္။