ပြည်တွင်းအပြောင်းအရွှေ့ဈေးကွက်တွင် မန်ယူက ၅ ဦး ထွက်ခွာနိုင်ပြီး အသင်းမှာ ဖာနန်ဒက်စ်ရဲ့လစာမှာ တစ်ပတ်ပေါင် တစ်သိန်းသာရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ပြည်တွင်းအပြောင်းအရွှေ့ဈေးကွက်ကို ဒီနေ့ညမှာ နောက်ဆုံးသတ်မှတ် ထားတဲ့အတွက် ကစားသမားအပြောင်းအရွှေ့တွေ မြင်တွေ့ရဖို့ရှိနေသေးပြီး မန်ယူ အသင်းကလည်း အနည်းဆုံးကစားသမား ၅ ဦး ထွက်ခွာဖို့ရှိနေပါတယ်။ သူတို့တွေက တော့ လင်ဂတ်၊ ရိုဂျို၊ ဖီးလ်ဂျုံးစ်၊ မန်ဆာနဲ့ ဂိုးသမား ရိုမီရိုတို့ပါပဲ။ ဒီ ၅ ယောက်ဟာ ဆိုးလ်ရှားရဲ့ လာမယ့်ရာသီ အသင်းအစီအစဉ်တွေထဲမှာမပါတဲ့သူတွေပါ။ မန်ယူအသင်း နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ အဝင်အထွက်တွေ အခုလိုဖြစ်ထားပါ တယ်။

အဝင် – ကာဗာနီ(အလွတ်)၊ ဒီရယ်လို(ပေါင် ၃၇ သန်း)၊ ပယ်လီစထရီ(ပေါင် ၉ သန်း)၊ တယ်လက်စ်(ပေါင် ၁၅ သန်း)၊ ဗန်ဒီဘိခ်(ပေါင် ၃၉ သန်း)

အထွက် – စမောလင်း(ပေါင် ၁၈ သန်း)၊ ဆန်းချက်ဇ်(အလွတ်)၊ ဂိုမက်ဇ်(အလွတ်)၊ တာဟစ်ချောင်၊ ဒါလော့၊ ဂါနာ၊ ပါရဲရား (အားလုံးအငှား)

လက်ရှိမန်ယူအသင်းမှာ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမားကတော့ ဂိုးသမား ဒီဂီယာဖြစ်ပြီး တစ်ပတ် ပေါင် ၃၇၀၀၀၀ နဲ့ တစ်နှစ်စာ ပေါင် ၁၉.၅ သန်း ရနေတာပါ။ သူ့ရဲ့နောက်မှာ ရီးရဲလ်ကိုပြောင်းဖို့လေသံပစ်နေပြီး မန်ယူက တစ်နှစ်စာချုပ်သစ် ထပ် ချုပ်ဖို့ပြင်ဆင်နေတဲ့ ပေါ့ဂ်ဘာရှိပါတယ်။ ပေါ့ဂ်ဘာက တစ်ပတ်ပေါင် ၂၉၀၀၀၀ နဲ့ တစ်နှစ်ပေါင် ၁၅ သန်း ရရှိနေတာပါ။

မန်ယူအသင်းရဲ့လူစာရင်းမှာ လစာအနည်းဆုံးရ တဲ့သူ ၂ ဦးကတော့ မန်ဆာနဲ့ တန်ဇွန်ဘီတို့ဖြစ်ပြီး တစ်ပတ် ပေါင် ၁၅၀၀၀ သာ ရရှိပါ တယ်။ လစာကွာဟချက်ကြီးမားတဲ့ မန်ယူအသင်းမှာ အားထားရတဲ့ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဆိုရင်လည်း တစ်ပတ်ပေါင် ၁၀၀၀၀၀ သာရပြီး မာတစ်၊ လင်ဒီလော့ဖ်၊ တယ်လက်စ်၊ မာတာ၊ လုခ်ရှောတို့က သူ့ထက် လုပ်ခလစာပိုများတာကို အံ့အားသင့် ဖွယ်တွေ့ရမှာပါ။

အခုအချိန်အထိ မန်ယူကထုတ်ရောင်းလိုက်တဲ့ ကစားသမားတွေထဲမှာ တန်ကြေးအမြင့်ဆုံးကစားသမားကတော့ စီရော်နယ်ဒိုဖြစ်ပြီး ၂၀၀၉ ခုနှစ်က ရီးရဲလ်ကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပည္တြင္းအေျပာင္းအေရႊ႕ေစ်းကြက္တြင္ မန္ယူက ၅ ဦး ထြက္ခြာႏိုင္ၿပီး အသင္းမွာ ဖာနန္ဒက္စ္ရဲ႕လစာမွာ တစ္ပတ္ေပါင္ တစ္သိန္းသာရွိ

အဂၤလန္ျပည္တြင္းအေျပာင္းအေရႊ႕ေစ်းကြက္ကို ဒီေန႔ညမွာ ေနာက္ဆံုးသတ္မွတ္ ထားတဲ့အတြက္ ကစားသမားအေျပာင္းအေရႊ႕ေတြ ျမင္ေတြ႕ရဖို႔ရွိေနေသးၿပီး မန္ယူ အသင္းကလည္း အနည္းဆံုးကစားသမား ၅ ဦး ထြက္ခြာဖို႔ရွိေနပါတယ္။ သူတုိ႔ေတြက ေတာ့ လင္ဂတ္၊ ရိုဂ်ဳိ၊ ဖီးလ္ဂ်ဳံးစ္၊ မန္ဆာနဲ႔ ဂိုးသမား ရိုမီရိုတို႔ပါပဲ။ ဒီ ၅ ေယာက္ဟာ ဆိုးလ္ရွားရဲ႕ လာမယ့္ရာသီ အသင္းအစီအစဥ္ေတြထဲမွာမပါတဲ့သူေတြပါ။ မန္ယူအသင္း နဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္မွာ အ၀င္အထြက္ေတြ အခုလိုျဖစ္ထားပါ တယ္။

အ၀င္ – ကာဗာနီ(အလြတ္)၊ ဒီရယ္လို(ေပါင္ ၃၇ သန္း)၊ ပယ္လီစထရီ(ေပါင္ ၉ သန္း)၊ တယ္လက္စ္(ေပါင္ ၁၅ သန္း)၊ ဗန္ဒီဘိခ္(ေပါင္ ၃၉ သန္း)

အထြက္ – စေမာလင္း(ေပါင္ ၁၈ သန္း)၊ ဆန္းခ်က္ဇ္(အလြတ္)၊ ဂိုမက္ဇ္(အလြတ္)၊ တာဟစ္ေခ်ာင္၊ ဒါေလာ့၊ ဂါနာ၊ ပါရဲရား (အားလံုးအငွား)

လက္ရွိမန္ယူအသင္းမွာ လုပ္ခလစာအမ်ားဆံုးရရွိေနတဲ့ ကစားသမားကေတာ့ ဂိုးသမား ဒီဂီယာျဖစ္ၿပီး တစ္ပတ္ ေပါင္ ၃၇၀၀၀၀ နဲ႔ တစ္ႏွစ္စာ ေပါင္ ၁၉.၅ သန္း ရေနတာပါ။ သူ႕ရဲ႕ေနာက္မွာ ရီးရဲလ္ကိုေျပာင္းဖို႔ေလသံပစ္ေနၿပီး မန္ယူက တစ္ႏွစ္စာခ်ဳပ္သစ္ ထပ္ ခ်ဳပ္ဖို႔ျပင္ဆင္ေနတဲ့ ေပါ့ဂ္ဘာရွိပါတယ္။ ေပါ့ဂ္ဘာက တစ္ပတ္ေပါင္ ၂၉၀၀၀၀ နဲ႔ တစ္ႏွစ္ေပါင္ ၁၅ သန္း ရရွိေနတာပါ။

မန္ယူအသင္းရဲ႕လူစာရင္းမွာ လစာအနည္းဆံုးရ တဲ့သူ ၂ ဦးကေတာ့ မန္ဆာနဲ႔ တန္ဇြန္ဘီတို႔ျဖစ္ၿပီး တစ္ပတ္ ေပါင္ ၁၅၀၀၀ သာ ရရွိပါ တယ္။ လစာကြာဟခ်က္ႀကီးမားတဲ့ မန္ယူအသင္းမွာ အားထားရတဲ့ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ဆိုရင္လည္း တစ္ပတ္ေပါင္ ၁၀၀၀၀၀ သာရၿပီး မာတစ္၊ လင္ဒီေလာ့ဖ္၊ တယ္လက္စ္၊ မာတာ၊ လုခ္ေရွာတို႔က သူ႕ထက္ လုပ္ခလစာပုိမ်ားတာကို အံ့အားသင့္ ဖြယ္ေတြ႕ရမွာပါ။

အခုအခ်ိန္အထိ မန္ယူကထုတ္ေရာင္းလိုက္တဲ့ ကစားသမားေတြထဲမွာ တန္ေၾကးအျမင့္ဆံုးကစားသမားကေတာ့ စီေရာ္နယ္ဒိုျဖစ္ၿပီး ၂၀၀၉ ခုႏွစ္က ရီးရဲလ္ကို ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေရႊ႕ခဲ့တာပါ။