ခရီးကြမ်းရဲ့ ပထမဆုံးပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဗန်ဒီဘိခ်နဲ့ တယ်လက်စ် ပွဲထွက်ဖွယ်ရှိတဲ့ မန်ယူအသင်းလူစာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကို ပေါင်သန်း ၄၀ နဲ့ ပြောင်းလာခဲ့တဲ့ ဗန်ဒီဘိခ်တစ်ယောက် လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပါလာဖို့ ရှိနေတယ် လို့ သိရပါတယ်။ ဒီပွဲဟာ နည်းပြဆိုးလ်ရှားအတွက် အရေးကြီးတဲ့ပွဲဖြစ်ပြီး ရလဒ် မကောင်းခဲ့ရင် ထုတ်ပယ်ခံရမယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

ကာဗာနီ မပါနိုင်သေးသလို မာရှယ်လည်း ပွဲပယ်ခံထားရတဲ့ မန်ယူ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ အီဂါလို၊ ဂရင်းဝုဒ်တို့ကစားပြီး ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဗန်ဒီဘိခ်၊ ဖာနန်ဒက်စ်တို့ ဖြစ်လာဖွယ်ရှိတယ်။ ဆိုးလ်ရှား အားကိုးတဲ့မာတစ်က အသက်အရွယ်ကြောင့် လေးလံနေပြီး ကစားအားကောင်းတဲ့တွန်မီနေးကလည်း စကော့တလန်အသင်းရဲ့ ကိုဗစ်ဗိုင်းရပ်စ်ပြဿနာတွေကြောင့် မသေချာသေးတဲ့အချိန် မှာ ဗန်ဒီဘိခ်ကို ပွဲထုတ်လာဖို့ရှိပါတယ်။

မန်ယူအတွက် နောက်ထပ်ပြဿနာတစ်ရပ်က တော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားပါပဲ။ စပါးနဲ့ပွဲမှာ ဝေဖန်ခံခဲ့ရတဲ့ မက်ဂွီရီဟာ အင်္ဂလန်က ဒိန်းမတ်ကိုရှုံးနိမ့်တဲ့ပွဲမှာလည်း ထုတ်ခံခဲ့ရတဲ့အတွက် သူ့အပေါ် ဖိအားတွေ ပို ကျရောက်နေပြီး နည်းပြဆိုးလ်ရှားက အနားပေးထားဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ မက်ဂွီရီကိုယ်တိုင်ကတော့ သူ့အနေနဲ့ အနားယူဖို့မလိုဘဲ အသင်းအတွက် ကစားပေး ချင်တယ်လို့ ပြောကြားထားတဲ့အတွက် မန်ယူနောက်တန်းမှာ မက်ဂွီရီနဲ့ လင်ဒီလော့ဖ် အတွဲကိုပဲ မြင်ရဖို့များနေပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေတာကတော့ လုခ်ရှော နေရာမှာ အသစ်ခေါ်ယူထားတဲ့ တယ်လက်စ် ပွဲထွက်လာမလားဆိုတာပါပဲ။ တကယ် လို့ တယ်လက်စ်သာပါလာခဲ့ရင် တယ်လက်စ်၊ လင်ဒီလော့ဖ်၊ မက်ဂွီရီ၊ ဘစ်ဆာခါတို့ ခံ စစ် ၄ ယောက်နေရာမှာ ရှိနေဖို့များပါတယ်။

 

စပါးနဲ့ ဂိုးပြတ်ရှုံးပွဲအပြီး နယူးကာဆယ်နဲ့ပွဲ ဟာ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ပွဲဖြစ်တာ ကြောင့် အားလုံးက စောင့်ကြည့်နေကြပါတယ်။ မန်ယူဟာ နယူးကာဆယ်နဲ့ပွဲကစပြီး တောက်လျှောက် ပွဲကျပ်တွေကစားရဖို့ရှိနေတာပါ။

ပွဲစဉ်ဇယားအနေအထားအရ အောက်တိုဘာ ၁၇ – နယူး ကာဆယ်(ဝေး)၊ အောက်တိုဘာ ၂၀ – ပီအက်စ်ဂျီ(ဝေး)၊ အောက်တိုဘာ ၂၄ – ချဲလ်ဆီး(အိမ်)၊ အောက်တိုဘာ ၂၈ – လိုက်ဇစ်(အိမ်)၊ နိုဝင်ဘာ ၁ – အာဆင်နယ်(အိမ်)၊ နိုဝင်ဘာ ၄ – ဘာဆက်ဆီဟာ(ဝေး)၊ နိုဝင်ဘာ ၇ – အဲဗာတန်(ဝေး) ပွဲစဉ်တွေရှိနေပြီး ဆိုးလ်ရှားနဲ့ ယူနိုက်တက်အတွက်ကတော့ ခက်ခဲတဲ့ ခရီးကြမ်းကာလပါ့ပဲ။ ၂၂ ရက်အတွင်း အဝေးကွင်း ၄ ပွဲနဲ့ အိမ်ကွင်း ၃ ပွဲ စုစုပေါင်း ၇ ပွဲ ယှဉ်ပြိုင်ရဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခရီးၾကမ္းရဲ႕ ပထမဆံုးပြဲျဖစ္တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ ဗန္ဒီဘိခ္နဲ႔ တယ္လက္စ္ ပြဲထြက္ဖြယ္ရွိတဲ့ မန္ယူအသင္းလူစာရင္း

မန္ယူအသင္းကို ေပါင္သန္း ၄၀ နဲ႔ ေျပာင္းလာခဲ့တ့ဲ ဗန္ဒီဘိခ္တစ္ေယာက္ လာမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပထမဆံုးအႀကိမ္ပါလာဖို႔ ရွိေနတယ္ လုိ႔ သိရပါတယ္။ ဒီပြဲဟာ နည္းျပဆိုးလ္ရွားအတြက္ အေရးႀကီးတဲ့ပြဲျဖစ္ၿပီး ရလဒ္ မေကာင္းခဲ့ရင္ ထုတ္ပယ္ခံရမယ့္သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။

ကာဗာနီ မပါႏိုင္ေသးသလို မာရွယ္လည္း ပြဲပယ္ခံထားရတဲ့ မန္ယူ တုိက္စစ္မွာ ရက္ရွ္ဖို႔ဒ္၊ အီဂါလုိ၊ ဂရင္း၀ုဒ္တို႔ကစားၿပီး ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ ဗန္ဒီဘိခ္၊ ဖာနန္ဒက္စ္တို႔ ျဖစ္လာဖြယ္ရွိတယ္။ ဆိုးလ္ရွား အားကိုးတဲ့မာတစ္က အသက္အရြယ္ေၾကာင့္ ေလးလံေနၿပီး ကစားအားေကာင္းတဲ့တြန္မီေနးကလည္း စေကာ့တလန္အသင္းရဲ႕ ကိုဗစ္ဗုိင္းရပ္စ္ျပႆနာေတြေၾကာင့္ မေသခ်ာေသးတ့ဲအခ်ိန္ မွာ ဗန္ဒီဘိခ္ကို ပြဲထုတ္လာဖို႔ရွိပါတယ္။

မန္ယူအတြက္ ေနာက္ထပ္ျပႆနာတစ္ရပ္က ေတာ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားပါပဲ။ စပါးနဲ႔ပြဲမွာ ေ၀ဖန္ခံခဲ့ရတဲ့ မက္ဂီြရီဟာ အဂၤလန္က ဒိန္းမတ္ကိုရႈံးနိမ့္တဲ့ပြဲမွာလည္း ထုတ္ခံခဲ့ရတဲ့အတြက္ သူ႕အေပၚ ဖိအားေတြ ပို က်ေရာက္ေနၿပီး နည္းျပဆိုးလ္ရွားက အနားေပးထားဖို႔ ျပင္ဆင္ေနတာပါ။ ဒါေပမဲ့ မက္ဂီြရီကိုယ္တိုင္ကေတာ့ သူ႕အေနနဲ႔ အနားယူဖို႔မလိုဘဲ အသင္းအတြက္ ကစားေပး ခ်င္တယ္လို႔ ေျပာၾကားထားတဲ့အတြက္ မန္ယူေနာက္တန္းမွာ မက္ဂီြရီနဲ႔ လင္ဒီေလာ့ဖ္ အတြဲကိုပဲ ျမင္ရဖို႔မ်ားေနပါတယ္။

ပရိသတ္ေတြ စိတ္၀င္စားေနတာကေတာ့ လုခ္ေရွာ ေနရာမွာ အသစ္ေခၚယူထားတဲ့ တယ္လက္စ္ ပြဲထြက္လာမလားဆိုတာပါပဲ။ တကယ္ လို႔ တယ္လက္စ္သာပါလာခဲ့ရင္ တယ္လက္စ္၊ လင္ဒီေလာ့ဖ္၊ မက္ဂီြရီ၊ ဘစ္ဆာခါတို႔ ခံ စစ္ ၄ ေယာက္ေနရာမွာ ရွိေနဖို႔မ်ားပါတယ္။

စပါးနဲ႔ ဂိုးျပတ္ရႈံးပြဲအၿပီး နယူးကာဆယ္နဲ႔ပြဲ ဟာ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္အတြက္ အဆံုးအျဖတ္ျဖစ္လာႏိုင္တဲ့ပြဲျဖစ္တာ ေၾကာင့္ အားလံုးက ေစာင့္ၾကည့္ေနၾကပါတယ္။ မန္ယူဟာ နယူးကာဆယ္နဲ႔ပြဲကစၿပီး ေတာက္ေလွ်ာက္ ပြဲက်ပ္ေတြကစားရဖို႔ရွိေနတာပါ။

ပြဲစဥ္ဇယားအေနအထားအရ ေအာက္တုိဘာ ၁၇ – နယူး ကာဆယ္(ေ၀း)၊ ေအာက္တိုဘာ ၂၀ – ပီအက္စ္ဂ်ီ(ေ၀း)၊ ေအာက္တုိဘာ ၂၄ – ခ်ဲလ္ဆီး(အိမ္)၊ ေအာက္တိုဘာ ၂၈ – လိုက္ဇစ္(အိမ္)၊ ႏို၀င္ဘာ ၁ – အာဆင္နယ္(အိမ္)၊ ႏို၀င္ဘာ ၄ – ဘာဆက္ဆီဟာ(ေ၀း)၊ ႏုိ၀င္ဘာ ၇ – အဲဗာတန္(ေ၀း) ပြဲစဥ္ေတြရွိေနၿပီး ဆိုးလ္ရွားနဲ႔ ယူႏိုက္တက္အတြက္ကေတာ့ ခက္ခဲတဲ့ ခရီးၾကမ္းကာလပါ့ပဲ။ ၂၂ ရက္အတြင္း အေ၀းကြင္း ၄ ပြဲနဲ႔ အိမ္ကြင္း ၃ ပြဲ စုစုေပါင္း ၇ ပြဲ ယွဥ္ၿပိဳင္ရဖို႔ရွိပါတယ္။